PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

Adobe Illustrator CS3 Classroom in a Book




Adobe Illustrator CS3 Classroom in a Book Publisher: Adobe Press | ISBN: 0321492005 | edition 2007 | CHM | 488 pages | 38,2 mb
Adobe Illustrator သည် လုပ်ငန်းသုံးအဆင့် စံနှုန်းမီသရုပ်ဖော်ပုံ ရေးဆွဲရေး ပရိုဂရမ်ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေရေး၊ မာလ်တီမီဒီယာနှင့် အွန်လိုင်းအတွက် ဂရပ်ဖစ်ပုံများ ရေးဆွဲပေးနိုင်သည်။ 


ဒီဇိုင်နာ တစ်ယောက်အတွက် ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေရေးအတွက် artwork ရေးဆွဲပေးသော နည်းပညာဆိုင်ရာ သရုပ်ဖော်ပုံ ရေးဆွဲသူအတွက်ဖြစ်စေ၊ မာလ်တီမီဒီယာဂရပ်ဖစ် အတွက် ရေးဆွဲပေးသော ပန်းချီဆရာ အတွက်ဖြစ်စေ၊ web စာမျက်နှာနှင့် online အကြောင်းအရာများ ဖန်တီးသူအတွက်ဖြစ်စေ Adobe Illustrator က ပရော်ဖက်ရှင်နယ် အရည်အသွေးမီ ရလဒ်အတွက် လိုအပ်မည့် ကိရိယာတန်ဆာ ပလာများ ပေးကမ်းထားသည်။

Adobe Illustrator CS3 Classroom in a book သည် Adobe System, Inc. မှ Adobe ဂရပ်ဖစ်နှင့် ပုံနှိပ်ထုတ်ဝေရေး ဆော့ဖ်ဝဲများအတွက် တရားဝင်လေ့ကျင့်သင်ကြားရေး စာအုပ်တွဲ စီးရီးမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်ခန်းစာများကို သင့်ကိုယ်ပိုင်ခြေလှမ်းအစိတ်အကျဲအတိုင်း သင်ယူနိုင် ရန် ဒီဇိုင်းပြုထားသည်။ သင့်အတွက် Adobe Illustrator သည် အသစ်ဖြစ်နေပါက ပရိုဂရမ် လုပ်ဆောင်ရန် ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် လိုအပ်သော အခြေခံများ သင်ယူရမည်။

သင်သည် အတွေ့ အကြုံရှိ အသုံးပြုသူဖြစ်ပါလျှင် Classroom in a Book က Adobe Illustrator နောက်ဆုံး version အသုံးပြုခြင်းအတွက် tips နှင့် techniques များအပါအ၀င် အဆင့်မြင့် သွင်ပြင် လက္ခဏာရပ်များ များစွာသင်ကြားပေးကြောင်း တွေ့ရှိရပေလိမ့်မည်။

သင်ခန်းစာ တစ်ခုစီသည် သတ်သတ်မှတ်မှတ် ပရောဂျက်တစ်ခု ဖန်တီးဖို့ရာ တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားချက်များ ထောက်ပံ့ပေးကမ်းထားသော်လည်း စူးစမ်းလေ့လာရန်နှင့် စမ်းသပ်လုပ်ဆောင်ရန် နေရာပေးထားသည်များ ရှိပါသေးသည်။ သင်သည် ဤစာအုပ်ကို အစမှအဆုံး အစဉ်လိုက် လေ့လာသွား နိုင်သကဲ့သို့ သင်စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များဖြင့် သက်ဆိုင်ရာ သင်ခန်းစာများကိုသာ ရွေးချယ်ပြုလုပ် သွားနိုင်သည်။ သင်ခန်းစာတစ်ခုစီတွင် သင်လေ့လာသင်ယူခဲ့သမျှ အနှစ်ချုပ် ပြန်လည်သုံးသပ်ချက်ဖြင့် နိဂုံးချုပ်ထားပါသည်။

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.