PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

အနိမ့်ဆုံးလုပ်ခ တစ်ရက် တစ်ထောင်ကျပ် သတ်မှတ်


မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခအဖြစ် တစ်ရက် ကျပ်ငွေတစ်ထောင်နှုန်းကို အလုပ်သမားရေးရာ အာဏာပိုင်တွေက သတ်မှတ်လိုက်ကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။

ဒီသတ်မှတ်ချက်ကို မေလဆန်းမှာ စတင်မယ်လို့ ဆိုပါတယ်။ အခြေခံ တစ်ရက်လုပ်ခအဖြစ် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ၂၅ ဆင့်နဲ့ ညီတဲ့ မြန်မာကျပ်ငွေ တစ်ထောင်နဲ့တကွ တခြားခံစားခွင့်တွေ၊ ဆုကြေးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ သီတင်းပတ် တစ်ပတ်မှာ အလုပ်လုပ်ချိန် ( ၄၄) နာရီ သတ်မှတ်ထားပြီး တစ်ပတ်မှာ အချိန်ပိုလုပ်ချိန် ( ၂၂) နာရီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကစပြီး ရန်ကုန်မြို့မှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အနိမ့်ဆုံးလုပ်ခ တစ်လ ကျပ်နှစ်သောင်းရရှိဖို့၊ အချိန်ပိုကြေးပေးဖို့၊ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေအတွက် လုပ်ခ မဖြတ်တောက်ဖို့ စတဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.