PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.
တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏
SA╬AI-Z❤ -SANGPY ®
CSS နဲ့ နောက်ခံ background ရေးနည်း
မင်္ဂလာပါ
ကျနော်ကိုလာလာပြောနေကျတာတော့အများကြီးပဲ ကျနော်လဲ မအားတာက တစ်ကြောင်း ပျင်းနေတာက တစ်ကြောင်း နဲ့ ဘာပိုစ့်မှကိုမတင်ဖြစ်ဘူးဗျာ
CSS background မှာကုဒ်မှာပါဝင်ရမဲ့ အချက်လေးတွေကို အရင် သိအောင်ပြောပြပါမယ်
ပါဝင်ရမဲ့ အချက်ငါးချက်ရှိပါတယ်
၁ ။    background-color
၂ ။    background-image
၃ ။    background-repeat
၎ ။    background-attachment
၅ ။    background-position
ဆိုပြီးပါဝင်ပါတယ် ဒီအချက်ငါးချက်ကို ထည့်သွင်းရေးပေးရပါလိမ့်မယ်
၁ ။  နောက်ခံကာလာ အရောင်ကိုဖေါ်ပြပါတယ်
၂ ။  နောက်ခံ ပုံ ကိုဖေါ်ပြပါတယ်
၃ ။  နောက်ခံ ပုံကို  ပုံပွားမလားတစ်ပုံထဲပေါ်ချင်လားဆိုတာကိုဖေါ်ပြပါတယ်
၎ ။  နောက်ခံ ပုံကိုပူးတွဲတင်ပြပါတယ်
ကဲဗျာ အားလုံးပေါင်းပြီးရေးကြည့်လိုက်ကျရအောင်
<style type="text/css"> ဆိုပြီး စရေးပါမယ် ဘာလို့ လဲ ဆိုတော့ CSS ကုဒ်ကို ဖေါ်ပြပေးဖို့ အတွက်ပါ  အဆုတ်မှာတော့ </style> နဲ့ ပြန်ဆုံးပါမယ်
<style type="text/css"> 
  body { background-image: url(http://dl8.glitter-graphics.net/pub/201/201078ahywuks72i.jpg); 
            background-color: transparent;
            background-repeat: no-repeat;
            background-attachment: fixed;
            background-position: center; } 
</style> 
ကဲဗျာ ကျနော် တို့ အပေါ်မှာဖေါ်ပြပါကုဒ်တွေထည့်ပြီးလိုက်ပါပြီ သေခြာလေးကြည့်လိုက်ပါ  ။
no-repeat   ဆိုတာကတော့ ကျနော်တို့ ပုံကို တစ်ပုံထဲသာဖေါ်ပြခိုင်းထားခြင်းဖြစ်ပါတယ် ။
transparent ဆိုတာက တော့ ကျနော် တို့ နောက်ခံကာလာကို အကြည်လေးဘာကာလာမှမထည့်ထားဘူးဆိုတာကိုဖေါ်ပြထားခြင်းဖြစ်ပါတယ် ။
fixed  ဆိုတာကတော့ ကျနော် တို့ ပုံကို အတည်တကျ ဖေါ်ပြခိုင်းထားတဲ့ နေရာမှာပဲ ဖေါ်ပြပါလို့  ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။
center  ဆိုတာကတော့ ကျနော်တို့ ပုံကို အလည်တည့်တည့်မှာသာ ဖေါ်ပြခိုင်းထားခြင်းဖြစ်ပါတယ် ။
ပထဦးကျနော်တို့  Html နဲ့ ရေးမယ်ဆိုရင် အရင်ဆုံး
<html>
<head>
<title>IT friendships</title>
</head></html>
ဒီကုဒ်သည် ဘာကိုဖေါ်ပြလဲ ဆိုရင် ကျနော် တို့   tab bar ပေါ်က tittle bar မှာ ပေါ်နေမဲ့ နာမည်လေးပေါ့ နော်
ပာုတ်ပြီ ဆက်ရေးလိုက်ကျရအောင်နော် html နဲ့ 
<html>
<head>
<title>IT friendships</title>
</head>
<style type="text/css"> 
  body { background-image: url(http://dl8.glitter-graphics.net/pub/201/201078ahywuks72i.jpg); 
            background-color: transparent;
            background-repeat: no-repeat;
            background-attachment: fixed;
            background-position: center; } 
</style>
</html>
မယုံဘူးဆို notepad နဲ့  save ကြည့်လိုက်ပါ save တဲ့ နေရာမှာ .html ဆိုပြီး save ပြီးသိမ်း လိုက်ပါ ပြီးရင် ကိုယ့်ကွန်ပြူတာထဲမှာ မော်ဇီလာဖြစ်ဖြစ် ဘာဖြစ်ဖြစ်နဲ့ ဖွင့်
ကြည့်လိုက်ပါ နောက်ခံ background လေးပေါ်နေတာတွေ့ ရပါမယ် ။
အဆင်ပြေပြီးလုပ်တက်ကျပါစေ ဗျာ
ZO Sangpy ( Pu ZO Net အိုင်တီနည်းပညာ )
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်
♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏
I ❤ you , because I ❥ you don't hate me.