PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

Google က သန်းတထောင်သုံးပြီး ၀ယ်ယူလိုက်တဲ့ Waze



Waze ဆိုတဲ့ မြေပုံအချက်ပြစနစ် (application) က မြန်မာပြည်ကလူတွေနဲ့ အနည်းငယ်တော့ စိမ်းနေမှာပါ။
 မိုဘိုင်း မြေပုံပြစနစ်မှာ တမူထူးခြားစွာ အလုပ်လုပ်နိုင်တဲ့ Waze  ဟာ crowd-sourced navigation လို့ ခေါ်တဲ့ app အမျိုးအစားတခု ဖြစ်ပါတယ်။


 အစ္စရေးလ် ကုမ္မဏီ တခုဖြစ်တဲ့ Waze ကို  Google က ၀ယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းဟာ လူတွေကြားမှာ ပြန့်နေတာကြာပါပြီ။
ဒါပေမယ့်
တကယ်ဝယ်တဲ့အချိန်မှာတော့ ၁ ဘီလီယန် ဆိုတဲ့ ဈေးနှုန်းပေးလိုက်တာကြောင့် လူတွေရဲ့ အာရုံဟာ Waze ရဲ့ အသုံးဝင်မှုအပေါ် စိတ်ဝင်တစား ပိုရှိလာကြပါတယ်။


ဘာကြောင့် Google က ဈေးကြီးပေးပြီး Waze  ကို ၀ယ်ယူရတာလဲ ဆိုတာကို တိုင်းမ် မဂ္ဂဇင်းကလည်း အချက် ၃ ချက်ဖြင့် ထောက်ပြသွားပါတယ်။


၁။   Waze ဟာ အသုံးပြုသူတွေရဲ့ စွမ်းအင် နဲ့ လုပ်အားကို ပြန်အသုံးချပြီး အချိန်တိုအတွင်း လိုအပ်တဲ့ သတင်းအချက်အလက် နဲ့ မြေပုံကို ဖော်ပြနိုင်တယ်။
ဒီအချက်ဟာ အိုင်တီ ကုမ္မဏီ ကြီးတွေဖြစ်တဲ့ Google , Apple နဲ့ Facebook တို့ ရဲ့ မျက်စိကျစရာဖြစ်လာပြီး Waze ရဲ့ တန်ဖိုးဟာအချိန်တိုအတွင်း ဈေးမြောက်လာတယ်။


၂။  Google  ဟာ သူ့ ကိုတိုက်ရိုက်ခြိမ်းခြောက်လာနိုင်တဲ့ Waze ကို ၀ယ်ယူလိုက်တာကြောင့် ဈေးကွက်အတွင်းမှာ  အကောင်းဆုံးတိုက်စစ်  နဲ့ ပြိုင်ဘက်ကို သိမ်းပိုက်လိုက်တာဖြစ်တယ်။
 ခံစစ်ကောင်းကောင်း နဲ့ Google မြေပုံစနစ်ကို ဆက်လက်ပြီး တိုးတက်အောင် ပြုလုပ်သွားနိုင်တယ်။


၃။  တတိယ အချက်အနေနဲ့  Google ဟာ သူ့ ရဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ Apple နဲ့ Facebook တို့ ကိုကျော်ဖြတ်ပြီး တက်သစ်စ ကုမ္မဏီတခု  သိမ်းယူလိုက်တာကြောင့် မြေပုံစနစ် နည်းပညာပိုင်းမှာ လက်ဝါးကြီးအုပ်လိုက်နိုင်တယ်။

 ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Google နဲ့  Apple တို့ ရဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာခဲ့ပြီး  Apple  ဟာ မြေပုံပြစနစ်မှာ ပြိုင်ဖက်တွေထက်သာအောင် ကြိုးစားနေတာကိုတွေ့ ရပါတယ်။

ဒါ့အပြင် Facebook  ဟာ Waze ကို ၀ယ်ယူဖို့ ကြိုးစားတဲ့သတင်းတွေ အရင်လက ထွက်ရှိလာခဲ့ပြီး  ၁ ဘီလီယံ နီးပါးဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အခုတော့  Google က လက်ဦးသွားပါပြီ။

Google က သူဝယ်လိုက်တဲ့ Waze ကို  ကုမ္မဏီကို သီးခြားစီအနေဖြင့်သာ ရပ်တည်စေပြီး Waze ရဲ့ ကောင်းမွန်တဲ့ နည်းပညာတွေကို Google Map မှာ ပိုမိုကောင်းမွန်အောင် ထည့်သွားမှာပါ။

ဒါ့အပြင် Google နဲ့ Waze ၀န်ထမ်းတွေပေါင်းပြီး မြေပုံအချက်ပြစနစ်တွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
(Waze ကို ၀ယ်ယူရေးမှာ Facebook  နောက်ကောက် ကျသွားပေမယ့် အင်စတာဂရမ်ကို ၀ယ်ဖို့အတွက်တော့ လက်သွက်ခဲ့ပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ Facebook ဘာကြောင့် သန်းတထောင် ဖြုန်းသလဲ  http://blog.irrawaddy.org/2012/04/facebook_8441.html ဆိုပြီး ဖော်ပြခဲ့ပြီးပါပြီ)


Waze ကုမ္မဏီ အကြောင်း



Waze  ဟာ ၂၀၀၇ ခုနစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၀န်ထမ်း ၁၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။
 အစ္စရေးလ်မှာ အခြေစိုက်ထားတာဖြစ်ပြီး အမေရိကနိုင်ငံမှာတော့ ဆီလီကွန်ဗယ်လေနဲ့  နယူးယောက်တို့ မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။


Waze ရဲ့ ကောင်းတဲ့အချက်တွေက  သုံးရတာ လွယ်ကူတယ်၊
တစ်ဦးချင်းကနေ အဖွဲ့ အစည်းအလိုက် သတင်းအချက်အလက်တွေ စုစည်းပြီး  ကားလမ်းပိတ်ဆို့ မှုတွေကို အချိန်နဲ့ တပြေးညီ သတင်းပေးပို့ နိုင်တယ်။
လတ်တလော လူဦးရေ သန်း ၅၀ နီးပါးက အသုံးပြုနေပြီး ကားမောင်းနေသူများအတွက် အချိန်၊ ဆီ၊ ပိုက်ဆံ  သက်သာစေပြီး နေ့ စဉ်နေ့ တိုင်း ကားလမ်းပိတ်ဆို့ မှုတွေနဲ့  ပြည့်နှက်နေတဲ့ မြို့ ပြလူနေမှုစနစ်ကို ပိုမို ကောင်းမွန်အောင် ပံ့ပိုးပေးတယ်။



Waze ကိုအသုံးပြုတော့မယ်၊ အသုံးပြုချင်တယ်ဆိုရင် Waze မှာ Account ဖွင့်ရပါမယ်။
ကားမောင်းနေတုန်း Waze ကိုဖွင့်ပြီးတော့သာ   မောင်းသွားလိုက်ပါ။
သင်သွားတဲ့ လမ်းတလျှောက်မှာ အခြားသူများပေးပို့ တဲ့သတင်းတွေကို သင်မြင်တွေ့ နေနိုင်သလို ၊ အကယ်၍ သင်ကိုယ်တိုင်လည်း ကားလမ်းပိတ်ဆို့ မှုကြားထဲ ရောက်ရှိနေပါက  Waze ရဲ့ အချက်ပြခလုတ်ကိုနှိပ်ပြီး သင့်ရဲ့မိတ်ဆွေများထံသို့ လှမ်းပြီး အလိုအလျောက်အကြောင်းကြားနိုင်ပါတယ်။

လမ်းတလျှောက်မှာလည်း သင့်ရဲ့ Facebook သူငယ်ချင်းများနဲ့ အတူ ဘယ်သူဘယ်သွားနေကြောင်း တွေ့ နိုင်မှာဖြစ်ပြီး ကိုယ်သွားမယ့်နေရာကို အမြန်ဆုံးနဲ့  အလွယ်ကူဆုံး ရောက်ရှိနိုင်အောင် သွားရောက်နိုင်မှာပါ။

သတိပြုရမှာကတော့ မိမိရဲ့ ဖုန်း သို့မဟုတ် Tablet မှာ GPS ဖွင့်ထားရမှာဖြစ်တာကြောင့် ဘက်ထရီ အစားမြန်စေပါတယ်။

 အကယ်၍ Waze ကို အသုံးပြုမနေဘဲ နောက်ကွယ်ကနေသာ အလုပ်လုပ်ခိုင်းထားရင်တော့ ကား မမောင်းတဲ့အချိန်မှာ  သူ့ ဖာသာ အလိုအလျောက်ပိတ်သွားမှာဖြစ်ပါတယ်။

Waze ကိုအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ သွားရောက်ကူးယူပြီး အသုံးပြုနိုင်ပါတယ်။
iPhone နဲ့ Andriod ဖုန်း အသုံးပြုသူများအားလုံး Waze ရဲ့ အကြောင်းကိုဖတ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။

http://www.waze.com/

Source:

http://www.waze.com/
http://business.time.com/2013/06/10/heres-why-google-wants-to-buy-waze-a-red-hot-map-app-for-1-billion/
http://money.cnn.com/2013/06/11/technology/social/google-waze/index.html

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.