ချစ်ခြင်းမေတ္တာ
(သီချင်းနောက်ခံ) .. ချစ်စွာသောမိတ်ဆွေ၊ ...သီချင်းလေးကတော့ မေတ္တာနဲ့ အသက်ရှင်ဖို့ သတိပေးနေပါတယ်။ မေတ္တာအကြောင်းတွေကို ပါးစပ်ကသော ပြောတတ်ပြီး၊ လက်တွေ့မပြနိုင်တဲ့ ကျွန်တော်တို့ အသက်တာမှာ ဆင်ချင်စရာပါ။ ဒီကနေ့ ကျွန်တော်တို့ရဲ့ အသက်တာကို ပြန်စဉ်းစားကြည့်ရင် အခြေအနေတခုပေါ်မှာ မူတည်ပြီး၊ ဖြစ်နေကြတာများပါတယ်။ ကိုယ့်အပေါ်ကောင်းနေသူကို၊ ကျွန်တော်တို့ချစ်တယ်။ ကိုယ့်စကားနားထောင်တဲ့သူ၊ ကိုယ့်အလိုလိုက်တဲ့သူကို ကျွန်တော်တို့ ချစ်တယ်။ ကိုယ်နဲ့ သဘောထားခြင်းတိုက်ဆိုင်သူကို ချစ်တယ်၊ လူမျိုးခြင်းတူရင် ချစ်တယ်။ ဂိုဏ်ဂဏခြင်းတူရင် ချစ်တယ်။
ဒီလိုသဘောထားရှိနေလို့ ကျွန်တော်တို့ဟာ သခင်ယေရှုမိန့်မှာတဲ့အတိုင်း၊ ရန်သူကို မချစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့၊ ကျွန်တော်တို့ဟာ ချစ်စရာကောင်းတဲ့သူကိုပဲ၊ ချစ်လို့ဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်တဲ့မေတ္တာဟာ အခြေအနေမဲံ .. ဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်စရာ မကောင်းတဲ့အထဲက ချစ်တာဖြစ်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းလို့ ချစ်တယ်ဆိုတာ ဘုရားမေတ္တာမဟုတ်ပါဘူး၊ ကျွန်တော်တို့ လူတွေကို ချစ်စရာကောင်းမှ ချစ်တယ်ဆိုရင်တော့ ဘုရားသခင်ရဲ့မေတ္တာနဲ့ ချစ်တာ၊ မဟုတ်နိုင်ဘူး။ ဒါဆို ဘယ်သူ့ကိုမှလည်း ကျွန်တော်တို့ ချစ်နိုင်မှာမဟုတ်ပါဘူး။
သခင်ယေရှုက ပညတ်တိကျမ်း၊ အနာဂတိကျမ်းရဲ့ အချုပ်အချာဟာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ သွန်သင်ပါတယ်။ သခင်ယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်ဆက်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ..ဟု သွန်သင်ပါတယ်။ ဘုရားကိုချစ်၊ လူကိုလဲချစ်၊ ဒါဟာ ခရစ်ယာန်အသက်တာရဲ့ အချုပ်အချာပါပဲ။ ချစ်ခြင်းမေတ္တာနဲ့အသက်ရှင်ဖို့ သင့်ကိုဘုရားသခင်အလိုရှိပါတယ်။
ဆရာဦးညွန့်လှသီချင်း
၁။
အချင်းချင်းကိုချစ်ကြရန် ကိုယ်တော်ရှင်လမ်းပြတယ်
အချင်းချင်းကိုစောင့်ရှောက်ရန် ကိုယ်တော်ရှင်မိန့်ကြားတယ်
အချင်းချင်းကိုစည်းလုံးရန် ကိုယ်တော်ရှင်သွန်သွန်ခဲ့ပြီ
ကိုယ်တော်ကိုချစ်တဲ့သူတိုင်း လုပ်ဆောင်စေဖို့ရန်
CHO
ဒါပေမဲ့ ယနေ့တိုင်
ဘယ်မှာလဲချစ်ခြင်းတရားတွေ
ဟန်ဆောင်မှုများနဲ့သာ
ဖုံးလွှမ်းကာနေကြ
ညီအစ်ကိုချစ်ခြင်းမပါ
သဘောတူလျှက်ပေါင်းဖေါ်ခြင်းသည်
ကောင်းကြီးများနဲ့ပြည့်ဝကာ
တင့်တယ်လှပပေသည်။
အချင်းချင်းကိုဖိနှိပ်တာ အရင်သာ ပယ်ရှားလိုက်ပါ
အတ္တစိတ်သဘောထားတွေ အစဉ်သာဖယ်ရှားပစ်ပါ
ဂိုဏ်းဂဏကိုအစွဲထားတာ ကိုယ်တော်ရှင်မလိုလားပ
ကိုယ်တော်လိုလားတဲ့အမှန်တရား ခရစ်တော်ချစ်ခြင်းပါ
CHO ၃ခါ
သီချင်းနားဆင်ရန်နှိပ်ပါ။
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်