"ZO မျိုးနွယ်စုဖွား ZO မျိုးဆက်သစ်များ"
သမိုင်းအစဉ်အလာအရ ၅၃ မျိုးသော ချင်းလူမျိုးနွယ်စုအားလုံးဟာ ZO မျိုးနွယ်စုကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်မျိုးနွယ်စုတွေပဲ ဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
လိုရင်းတိုရှင်းပြောရမယ်ဆိုရင်....
ZOMI အမည်နာမကို လိုချင်တဲ့ အဖွဲ့အစည်းဟာ မူလဇစ်မြစ်ဖြစ်တည်လာပြီးတဲ့ ZO ဆိုတဲ့အမည်နာမကို မခံယူရဲတဲ့အတွက် လုံးဝမရှိခဲ့ဘူးတဲ့ ZOMI ဆိုတဲ့အမည်နာမကီုး
ရှေ့နေကျင့်ရှန့်ထန်ရဲ့ လမ်းစဉ်ကနေ ပေါ်ပေါက်လာစေခဲ့ခြင်းသာ ဖြစ်တယ်။
ZO အမည်နာမကို မခံရဲရခြင်းအကြောင်းရင်း....
ZO မျိုးနွယ်စုဟာ ယနေ့တိုင် တရားဝင်ရှိနေသော်လည်း...
ZOMI အမည်နာမကို အသုံးပြုလိုတဲ့ တစ်ချို့သော လူမျိုးနွယ်စုဟာ မူလဇစ်မြစ် ZO မျိုးနွယ်စုတွေနဲ့လည်း အတူယှဉ်တွဲမနေလို၊ အဲဒီလိုနဲ့ ZO ဆိုတဲ့လူမျိုးနွယ်စုအမည်နာမကိုလည်း မခံယူလိုတဲ့အတွက်... သီးခြားအမည်နာမ တစ်ခုကို ရှာကြံရပါတော့တယ်... ရှာလို့မရတဲ့အဆုံး ZO ဆိုတဲ့အမည်နာမကိုတော့ မခံယူလို့မရဘူးဆိုတော့... ရှဉ့်လည်းလျှောက်သာ... ပျားလည်းဆွဲသာ.... ဆိုတဲ့စကားအတိုင်း.... မူလဇစ်မြစ်အမည်နာမ ဖြစ်တဲ့ ZO မှာ MI ကိုပေါင်းထည့် ခေါ်တွင်စေခဲ့ပြီး.... ZOMI ရယ်လို့ အမည်နာမအသစ်တစ်ခုဖန်တီးပြီး.... လူမျိုးစုအသစ်ဖြစ်ပေါ်လာစေခဲ့ခြင်းလို့ သုံးသပ်ရပါတယ်.....
ယခုမျက်မှောက်ခေတ်ကာလမှာ နိုင်ငံတကာကို ရောက်ရှိပညာသင်ယူနေကြပြီဖြစ်တဲ့ ပညာရှင် လူမျိုးနွယ်စုအသီးသီးရှိနေကြပြီဖြစ်တဲ့အတွက်.... သက်ဆိုင်ရာ လူမျိုးနွယ်စုတွေရဲ့ ပညာရှင်တွေဟာလည်း သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကိုယ်စီနဲ့ရှိနေကြပြီးဖြစ်ပါလိမ့်မယ်....
အချိန်မတန်သေးလို့ ထွက်ပြီးမတင်ပြကြသေးတာပဲဖြစ်ပါတယ်.....
ီဒီမိုကရေစီရပြီပဲ... လိုချင်တာတွေ တောင်းဆို...ထုတ်ဖေါ်လို့ရပြီ.... ဆိုတဲ့နေရာမှာ အများပြည်သူအတွက် ပျက်စီးရာ.. ပျက်စီးကြောင်း... မဖြစ်ပေါ်လာဖို့ကို အဓိက ထားရမှာဖြစ်တယ်...
ဒါတွေကို ပညာတတ်...ပညာရှင်တွေအနေနဲ့ နားလည်းသဘောပေါက်ပြီးဖြစ်ပါလိမ့်မယ်လို့ သုံးသပ်ပါရစေ......
By ZO CHIN
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်