PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း (၁ဝဝ)


မနေ့က USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့်လူဝင်မှုဋ္ဌာနကမိတ်ဆွေတဦးက ဒီစာရွက်တွေထိုးပေးပြီး ဘာသာပြန်ပေးပါလား..ဒီရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မင်းတို့ဗမာပြည်သားတွေအတွက် အကျိုးရှိမှာပါ..ဘယ်သူမဆို တို့ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ရတာမှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်းမသုံး အင်္ဂလိပ်စကားလည်းမတတ်သေးသူတွေအတွက် အထောက်အကူဖြစ်မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာမှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လိုကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်တယ်..လို့ပြောပြီး အကူအညီတောင်းတယ်။ ဒါနဲ့ ဒီနေ့ အားတဲ့အချိန် ထိုင်ပြန်လိုက်တယ်။ ခုပဲပြီးတယ်။ သူ့ဆီ အီးမေးလ်နဲ့ပို့လိုက်တယ်။ ဒီမှာခုတင်ပေးလိုက်ပါတယ်။ မသိသေးသူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင်အတော်ကောင်းမယ်ထင်ပါတယ်။

နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်းများ။



နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်း(၁ဝဝ)နှင့်အဖြေများအား အောက်တွင် စာရင်းသွင်းဖော်ပြထားပါသည်။ နှုတ်ဖြေမေးခွန်းများဖြစ်ပြီး သက်ဆိုင်ရာအရာရှိက နိုင်ငံသားလျှောက်ထားသူအား မေးခွန်း(၁ဝဝ)အနက်မှ (၁ဝ)ခု အထက် မေးပါလိမ့်မည်။ အဖြေ (၁ဝ)ခုအနက် (၆)ခု မှန်အောင်ဖြေဆိုနိုင်မှ နိုင်ငံသားစာမေးပွဲအောင်မြင်မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ရာထူးခန့်အပ်မှုအပြောင်းအလဲများကြောင့် သင် စာမေးပွဲလာဖြေချိန်၌ တချို့အဖြေများအပြောင်းအလဲရှိကောင်းရှိနိုင်ပါမည်။ အဖြေမှန် ပေးနိုင်ရေးအတွက် လေ့လာကျက်မှတ်ရာတွင် နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုများကို
 သေချာမှတ်သားထားပါ။ မျက်ချေမပြတ်ပါစေနှင့်။ သင့်အား အင်တာဗျူးလုပ်သူက လက်ရှိရာထူးတာဝန်ရှိသူတဦးဦး၏အမည်ကိုမေးသည့်အခါ မိမိအင်တာဗျူးလုပ်နေချိန်တွင် ရာထူးနှင့်တာဝန်တရားဝင်ရှိနေသူ၏ အမည်ကိုသာဖြေရပါမည်။ မှားဖြေမိလျှင် လက်သင့်ခံလိမ့်မည်မဟုတ်ပါ။

ဤမေးခွန်း(၁ဝဝ)အား ဖြေရာတွင် အပိုဆောင်းအဖြေမှန်များ ရှိကောင်းရှိနိုင်ကြောင်းကို ဤ ဋ္ဌာနမှသိထားပြီးဖြစ်သော်လည်း အောက်တွင်ပေးထားသည့် အဖြေများကိုသုံး၍ပြန်ဖြေရန် တိုက်တွန်းအပ်ပါသည်။


အမေရိကန်အစိုးရ


A: အမေရိကန်ဒီမိုကရေစီစနစ်၏အခြခံမူများ

နိုင်ငံ၏ အမြင့်ဆုံးဥပဒေမှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက မည်သည့်အလုပ်လုပ်သနည်း။
● အစိုးရဖွဲ့စည်း ခန့်အပ်ပေးသည်။
● အစိုးရ၏လုပ်ငန်းတာဝန်နှင့်အဓိပ္ပာယ်တို့အား အတိအကျသတ်မှတ်ပေးသည်။
● အမေရိကန်ပြည်သူတို့၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအစတွင် စာလုံး (၃)လုံးဖြင့် ကိုယ်တိုင်အစိုးရဖြစ်ကြောင်းအယူအဆကိုရေးထားသည်။ မည်သည့်စကားလုံးနည်း။
● ပြည်သူများဖြစ်သည့်ကျွန်ုပ်တို့သည်။ (We the People)

ပြင်ဆင်ချက်ဆိုသည်မှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အပြောင်းအလဲပြုလုပ်ခြင်းဖြစ်သည်။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထပ်မံဖြည့်စွက်ခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ၏ (၁ဝ)ကြိမ်မြောက်ပြင်ဆင်ချက်ကို မည်သို့ခေါ်သနည်း။ (*)
● ဘီလ် အော်ဖ် ရိုက်စ်(နိုင်ငံသားအခွင့်အရေးပြင်ဆင်ချက်ဥပဒေ)

ပထမဆုံးပြင်ဆင်ချက်တွင်ဆိုထားသည့် လွတ်လပ်ခွင့် သို့မဟုတ် ရပိုင်ခွင့်(၁)ခုမှာ မည်သည်နည်း။
● လွတ်လပ်စွာ ပြောဆိုခွင့်၊
● ဘာသာရေးလွတ်လပ်ခွင့်၊
● လွတ်လပ်စွာစုရုံးခွင့်၊
● သတင်းစာလွတ်လပ်ခွင့်၊
● အစိုးရထံအသနားခံစာ/အယူခံစာတင်ပိုင်ခွင့်၊

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြင်ဆင်ချက်ပေါင်း မည်မျှရှိသနည်း။
● (၂၇) ချက်ရှိပါသည်။
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
လွတ်လပ်ရေးကြေညာစာတမ်းက ဘာလုပ်ခဲ့သနည်း။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရယူကြောင်း ကြေငြာခဲ့သည်။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရရှိကြောင်း အတိအလင်းထုတ်ဖော်ကြေညာခဲ့သည်။
● (ဂရိတ်ဗြိတန်ထံမှ) အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်သောတိုင်းပြည်ဖြစ်ကြောင်း ဖွင့်ဆိုခဲ့သည်။

လွတ်လပ်ရေးကြေညာစာတမ်းတွင်ပါသည့် ရပိုင်ခွင့်(၂)ခုမှာ မည်သည်တို့နည်း။
● အသက်(ဘဝ)၊
● လွတ်လပ်ခွင့်၊
● ပျော်ရွှင်သုခရရှိစေမှု၊

ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ မည်သည်နည်း။
● မည်သည့်ဘာသာကိုမဆို ကိုးကွယ်ဆောင်ရွက်ပိုင်ခွင့် သို့မဟုတ် ဘာသာတရားတခုခုကို မကိုးကွယ်မဆောင်ရွက်ပိုင်ခွင့်။

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစနစ်မှာ မည်သည်နည်း။ (*)
● အရင်းရှင်စီးပွားရေးစနစ် ဖြစ်သည်။
● ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ မည်သည်နည်း။
● လူတိုင်း ဥပဒေကိုလိုက်နာရမည်။
● ခေါင်းဆောင်များက ဥပဒေကိုနာခံရမည်။
● အစိုးရက ဥပဒေကိုနာခံရမည်။
● ဥပဒေအထက်တွင် မည်သူမျှမရှိစေရ။


B: အစိုးရဖွဲ့စည်းထားပုံစနစ်

အစိုးရအဖွဲ့၏အစိတ်အပိုင်း(သို့မဟုတ်) ဋ္ဌာနဆိုင်ရာအမည်(၁)ခုအား ပြောပါ။
● ကွန်ဂရက်စ်၊
● ဥပဒေပြုလွှတ်တော်၊
● နိုင်ငံတော်သမ္မတ၊
● အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)
● တရားရုံးများ၊
● တရားရေးဆိုင်ရာ၊

အစိုးရဋ္ဌာနတခုခု အာဏာအလွန်အကျွံသုံးမရစေရန် မည်သို့တားမြစ်ထားသနည်း။
● ဋ္ဌာနတခုနှင့်တခု အပြန်အလှန်ထိန်းညှိထားခြင်း၊
● အာဏာကို တနေရာထဲတွင်စုပုံပေးမထားပဲ ဖြန့်ခွဲထားခြင်း၊

အုပ်ချူပ်ရေးအဖွဲ့(အစိုးရ)တွင်တာဝန်အရှိဆုံးမှာ မည်သူနည်း။
● နိုင်ငံတော်သမ္မတဖြစ်သည်။

ပြည်ထောင်စုဥပဒေများကို မည်သူကပြုသနည်း။
● ကွန်ဂရက်စ်၊
● အထက်လွှတ်တော်(ဆီးနိတ်)နှင့် အောက်လွှတ်တော် (ဟောက်စ်အော့ဖ်ရီပဆင်န်တေးတဗ်စ်)၊
● (ပြည်ထောင်စု (သို့) အမျိုးသား) ဥပဒေပြုလွှတ်တော်၊

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်ကွန်ဂရက်စ်၏အစိတ်အပိုင်း (၂)ခုမှာ မည်သည်တို့နည်း။ (*)
● အထက်လွှတ်ဆော်(ဆီးနိတ်)နှင့် အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)

အမေရိကန်တွင် ဆီနိတ်တာ(အထက်လွှတ်တော်အမတ်) မည်မျှရှိသနည်း။
● (၁ဝဝ) ရှိပါသည်။

ဆီနိတ်တာများအား ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၆)နှစ်အတွက်ရွေးကောက်သည်။

လက်ရှိ သင်နေသည့်ပြည်နယ်၏ ဆီနိတ်တာများအနက် တစ်ဦးအမည်ကိုပြောပြပါ။ (*)
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia (D.C.) တွင်နေသူများနှင့် အမေရိကန်ပိုင်နယ်နမိတ်များအတွင်း နေထိုင်သူများ)
ဒီစီတွင် ဆီနိတ်တာမရှိသလို ဆီနိတ်တာမရှိသည့် အမေရိကန်ပိုင်နယ်နမိတ်များရှိသည်)

အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)တွင် မဲပေးခွင့်ရှိသူ မည်မျှရှိသနည်း။
● လေးရာသုံးဆယ့်ငါးဦး(၄၃၅)ရှိသည်။

အောက်လွှတ်တော်အမတ်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)ကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၂) နှစ်အတွက်ရွေးကောက်သည်။

လက်ရှိ သင်နေသည့်ပြည်နယ် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်)၏အမည်ပြောပြပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (လွှတ်တော်တွင်မဲပေးပိုင်ခွင့်မရှိသည့် ကိုယ်စားလှယ်များ (သို့မဟုတ်) ဒေသကော်မရှင်နာများသာရှိသည့် နယ်နမိတ်များတွင်နေထိုင်သူများမှာ ထိုသူတို့၏အမည်ကိုပြောပြရန်သာ လိုလိမ့်မည်။ နေထိုင်ရာနယ်နမိတ်ရှိကိုယ်စားလှယ်သည် လွှတ်တော်တွင် မဲပေးပိုင်ခွင့်မရှိကြောင်းဖော်ပြသည့် အထောက်အထား(စာ)ပါလျှင်လည်း လက်ခံပါမည်)

ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)သည် မည်သူ့ကို ကိုယ်စားပြုသနည်း။
● အဆိုပါပြည်နယ်တွင်နေထိုင်သူအားလုံးကို ကိုယ်စားပြုသည်။

အချို့ပြည်နယ်များ အဘယ့်ကြောင့် အခြားပြည်နယ်များထက် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်) ပိုများနေကြသနည်း။
● ပြည်နယ်တွင်းနေထိုင်သူ လူဦးရေကြောင့်၊
● လူဦးရေ ပိုများနေခြင်းကြောင့်၊
● အခြားပြည်နယ်များထက် လူဦးရေပိုများနေခြင်းကြောင့်၊

နိုင်ငံတော်သမ္မတကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၄) နှစ်အတွက်ရွေးကောက်သည်။

နိုင်ငံတော်သမ္မတကို မည်သည့်လတွင် မဲပေးရွေးကောက်ကြသနည်း။ (*)
● နိုဝင်ဘာလတွင် ရွေးကောက်သည်။

လက်ရှိ အမေရိကန်ပြည်ထောင်စုသမ္မတအမည်။ (*)
● ဘရက်ခ်အိုဘားမား (Barack Obama)
● အိုဘားမား (Obama)

လက်ရှိ အမေရိကန်ပြည်ထောင်စု၏ ဒုသမ္မတအမည်။
● ဂျိုးဇက် အာရ် ဘိုင်ဒန် ဂျူနီယာ (Joseph R. Biden, Jr.)
● ဂျိုး ဘိုင်ဒန် (Joe Biden)
● ဘိုင်ဒန် (Biden)
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
သမ္မတအနေနှင့် ရာထူးတွင်ဆက်လက်မထမ်းဆောင်နိုင်လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● ဒု သမ္မတသည် သမ္မတဖြစ်လာမည်။

သမ္မတရော ဒု သမ္မတပါ တာဝန်မထမ်းဆောင်နိုင်တော့လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● အောက်လွှတ်တော်ဥက္ကဋ္ဌ (The Speaker of the House)

တပ်မတော်တွင် မည်သူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါသည်။

မည်သူလက်မှတ်ထိုးမှ ဥပဒေတခုအတည်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတ လက်မှတ်ထိုးမှဖြစ်ပါသည်။

ဥပဒေကြမ်းကို ဗီတိုအာဏာမည်သူသုံး၍ပယ်ခလျနိုင်သနည်း။
● နိုင်ငံတော်သမ္မတတွင် ဗီတိုအာဏာသုံးခွင့်ရှိပါသည်။

ကက်ဘိနက်အဖွဲ့က ဘာလုပ်သနည်း။
● သမ္မတအား အကြံပေးရပါသည်။

ကက်ဘိနက်နှင့်အဆင့်တူ ရာထူး (၂)မှာ မည်သည်တို့နည်း။
● စိုက်ပျိုးရေးဝန်ကြီး
● ကုန်သွယ်ရေးဝန်ကြီး
● ကာကွယ်ရေးဝန်ကြီး
● ပညာရေးဝန်ကြီး
● စွမ်းအင်ဝန်ကြီး
● ကျန်းမာရေးနှင့်လူသားရေးရာဝန်ဆောင်မှုဝန်ကြီး
● အမိမြေလုံခြုံရေးဝန်ကြီး
● မြို့ပြဖွံ့ဖြိုးရေးနှင့်အိုးအိမ်ဝန်ကြီး
● ပြည်ထဲရေးဝန်ကြီး
● အလုပ်သမားဝန်ကြီး
● နိုင်ငံခြားရေးဝန်ကြီး
● သယ်ယူပို့ဆောင်ရေးဝန်ကြီး
● ဘဏ္ဍာရေးဝန်ကြီး
● စစ်ပြန်စစ်မှုထမ်းဟောင်းရေးရာဝန်ကြီး
● နိုင်ငံတော်ရှေ့နေချုပ်
● ဒု သမ္မတ

တရားရေးဋ္ဌာနက ဘာလုပ်သနည်း။
● ဥပဒေများအားပြန်လည်သုံးသပ်ခြင်း၊
● ဥပဒေများအား ရှင်းလင်းဖွင့်ဆိုပြခြင်း၊
● (အငြင်းပွားမှု) အမှုအခင်းများအား ဖြေရှင်းပေးခြင်း၊
● ဥပဒေတရပ်ရပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ/မရှိအား အဆုံးအဖြတ်ပေးခြင်းတို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏အမြင့်ဆုံးရုံးတော်မှာ မည်သည်နည်း။
● ဗဟိုတရားရုံးဖြစ်သည်။


သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
ထို ဗဟိုတရားရုံးတွင် တရားသူကြီးမည်မျှရှိသနည်း။
● (၉) ဦးရှိပါသည်။

လက်ရှိ အမေရိကန်ပြည်ထောင်စုဗဟိုတရားရုံး၏ တရားသူကြီးချုပ်မှာ မည်သူနည်း။
● ဂျွန် ရောဘတ် (John G. Roberts, Jr.)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စု(ဗဟို)အစိုးရပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခွင့်၊
● စစ်ကြေညာပိုင်ခွင့်၊
● တပ်မတော်ဖွဲ့စည်းထူထောင်ခွင့်၊
● စာချုပ်စာတမ်းများချုပ်ဆိုပိုင်ခွင့်၊

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်နယ်များပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ပညာရေးကိစ္စနှင့်ကျောင်းများဖြည့်ဆည်းပေးပိုင်ခွင့်၊
● ကာကွယ်မှုပေးခြင်း(ရဲတပ်ဖွဲ့)၊
● လုံခြံမှုပေးခြင်း(မီးသတ်တပ်ဖွဲ့)၊
● ယဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊
● ဇုန်နယ်မြေခွဲသတ်မှတ်ခြင်းနှင့်မြေယာသုံးစွဲခွင့်ပြုခြင်း၊

လက်ရှိ သင်နေသည့်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) မှာ မည်သူနည်း။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Governor  မရှိကြောင်း ဖြေရပါမည်)

သင်နေထိုင်ရာပြည်နယ်၏ ပြည်နယ်မြို့တော်အမည် ပြောပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီသည် ပြည်နယ်မဟုတ်ကြောင်းနှင့် ပြည်နယ်မြို့တော်မရှိ ကြောင်းဖြေရပါမည်။ အမေရိကန်ပိုင်နယ်နမိတ်များတွင်နေထိုင်သူများက နယ်နမိတ်၏မြို့တော်အမည်ကို ဖြေရပါမည်)

အမရိကန်ပြည်ထောင်စုရှိ အဓိကနိုင်ငံရေးပါတီကြီး(၂)မှာ မည်သည်တို့နည်း။
● ဒီမိုကရက်တစ်ပါတီ(Democratic) နှင့် ရီပတ်ဘလီကင်န်ပါတီ(Republican)

လက်ရှိသမ္မတသည် မည်သည့်ပါတီမှဖြစ်သနည်း။
● ဒီမိုကရက်တစ်ပါတီ (Democratic Party)မှဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ (Speaker of House of Representatives) ၏အမည် ပြောပြပါ။
● ဂျွန် ဘိုဟ်နာ (John Boehner)

C: ရပိုင်ခွင့်နှင့်တာဝန်များ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ်(၄)တွင် မဲပေးခွင့်ရှိသူများနှင့်ပတ်သက်၍ ပြင်ဆင်ချက် (၄)ခုပါရှိသည်။ (၁)ခုကိုဖော်ပြပါ။
● အသက်(၁၈)နှစ် နှင့်အထက် နိုင်ငံသားဖြစ်သူများ၊
● မဲပေးရန်အတွက်(မဲပေးစစ်တမ်းကောက်) ပိုက်ဆံမပေးရ၊
● နိုင်ငံသားတိုင်း(အမျိုးသမီး အမျိုးသားမဟူ) မဲပေးခွင့်ရှိသည်၊
● မည်သည့်လူမျိုးဖြစ်စေ နိုင်ငံသားအမျိုးသားဖြစ်က မဲပေးခွင့်ရှိသည်၊

အမေရိကန်နိုင်ငံသားများအတွက်သာလျှင်ရှိသည့် တာဝန်ဝတ္တရား(၁)ခု။ (*)
● (တရားရုံးတွင်) ဂျူရီလူကြီးတာဝန်၊
● ပြည်ထောင်စုရွေးကောက်ပွဲတွင်မဲပေးရန်တာဝန်၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်နိုင်ငံသားအတွက်သာလျှင်ပေးသည့် ရပိုင်ခွင့်။
● ပြည်ထောင်စုရွေးကောက်ပွဲတွင် မဲပေးခွင့်၊
● ပြည်ထောင်စုရုံးဋ္ဌာနများတွင် အလုပ်လုပ်ခွင့်။

အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူတိုင်း၏ ရပိုင်ခွင့် (၂)ခု။
● လွတ်လပ်စွာထုတ်ဖော်ရေးသားပိုင်ခွင့်၊
● လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊
● လွတ်လပ်စွာစုရုံးပိုင်ခွင့်၊
● အစိုးရထံ လွတ်လပ်စွာအယူခံ အသနားခံစာတင်ပိုင်ခွင့်၊
● လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊
● လက်နက်ကိုင်ဆောင်ပိုင်ခွင့်၊

တိုင်းပြည်အပေါ်သစ္စာစောင့်သိပါမည်ဟုဆိုသည့်အခါ မည်သည့်အပေါ်သစ္စာခံသည်ကို ပြသခြင်းဖြစ်သနည်း။
● အမေရိကန်ပြည်ထောင်စုကို၊
● အလံတော်ကို၊

အမေရိကန်နိုင်ငံသားဖြစ်လာသည့်အခါ သင် စောင့်ထိန်းပါမည်ဟုပြုသော ကတိကဝတ်(၁)ခုကိုပြောပါ။
● အခြားနိုင်ငံများအပေါ်သစ္စာစောင့်သိခြင်းအား စွန့်လွှတ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ကာကွယ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေများအား လိုက်နာပါမည်။
● (လိုအပ်ပါက) အမေရိကန်တပ်မတော်တွင် အမှုထမ်းပါမည်။
● (လိုအပ်ပါက) တိုင်းပြည်အတွက်(အလွန်အရေးကြီးသည့်အလုပ်အား) အလုပ်အကျွေးပြုပါမည်။
● အမေရိကန်ပြည်ထောင်စုအား သစ္စာစောင့်သိပါမည်။

မည်သည့်အသက်အရွယ်ရှိသောနိုင်ငံသားသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသနည်း။
● အသက် (၁၈)နှစ် နှင့် အထက်၊

အမေရိကန်များ မိမိတို့ဒီမိုကရေစီစနစ်တွင် ပါဝင်ဆောင်ရွက်နိုင်သည့်နည်းလမ်း(၂)ခုမှာ မည်သည်တို့နည်း။
● မဲပေးခြင်း၊
● နိုင်ငံရေးပါတီဝင်ခြင်း၊
● မဲဆွယ်ပွဲတွင် ကူညီခြင်း၊
● အရပ်ဘက်အဖွဲ့အစည်းများ အစုအဝေးများတွင်ပါဝင်ခြင်း၊
● လူမှုအဝန်းအဝိုင်းများတွင် ပါဝင်ခြင်း၊
● ကိစ္စတခုခုတွင် သင့်ကိုယ်ပိုင်အမြင်အား ရွေးကောက်ခံအရာရှိအား တင်ပြခြင်း၊
● ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)နှင့် ရီပရီဆန်င်တေးတဗ်စ်(အောက်လွှတ်တော်အမတ်)အား တွေ့ရန်တောင်းဆိုခြင်း၊
● ကိစ္စတခုခု(သို့)မူဝါဒတခုခုတွင် လူသိရှင်ကြားထောက်ခံခြင်း ဆန့်ကျင်နိုင်ခြင်း၊
● ရာထူးရာခံ(ရုံး)တခုခုကို ဦးဆောင်နိုင်ခြင်း၊
● သတင်းစာ၌ ရေးသားဖော်ပြနိုင်ခြင်း၊

ဗဟိုအစိုးရဝင်ငွေခွန်ဆောင်လျှောက်လွှာပုံစံကို မည်သည့်ရက်နောက်ဆုံးထား၍ သင် ပို့နိုင်သနည်း။ (*)
● ဧပြီလ (၁၅)ရက်နေ့။

စစ်ထဲဝင်ချင်လျှင် စာရင်းသွင်းချိန်တွင်ရှိရမည့်အသက်။
● အသက်(၁၈)နှစ်။
● အသက် (၁၈)နှစ် နှင့် (၂၆)နှစ်အကြား။

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်သမိုင်း

A: ကိုလိုနီကာလနှင့်လွတ်လပ်ရေး
ကိုလိုနီနယ်ချဲ့များ အမေရိကားသို့ရောက်လာခြင်းမှာ မည်သည့်အကြောင်းအချက်ကြောင့်နည်း။ (၁)ခုပြောပါ။
● လွတ်လပ်ခွင့်ရှိခြင်းကြောင့်
● နိုင်ငံရေးလွတ်လပ်မှုရှိသောကြောင့်၊
● ဘာသာရေး လွတ်လပ်ခြင်းကြောင့်၊
● ကြီးပွားရေးအခွင့်အလမ်းရှိခြင်းကြောင့်၊
● ယင်းတို့၏ဘာသာတရားကို ကျင့်ကြံဆောင်ရွက်နိုင်မှုကြောင့်၊
● နှိပ်စက်ညှဉ်းဆဲခြင်းဘေးမှလွတ်ရန်၊

ဥရောပသားများရောက်မလာခင်က အမေရိကားတွင်မည်သူများနေကြသနည်း။
● အမေရိကန်အင်ဒီးယန်းများ၊
● ဇာတိဖွားအမေရိကန်များ၊

အမေရိကန်သို့ခေါ်ဆောင်ခြင်းခံရပြီး ကျွန်အဖြစ်အရောင်းစားခံရသည်မှာ မည်သူတွေနည်း။
● အာဖရိကန်များ၊
● အာဖရိကတိုက်မှပြည်သူများ၊

ကိုလိုနီသမားများက အဘယ့်ကြောင့် ဗြိတိသျှတို့အားတိုက်ထုတ်ကြသနည်း။
● အခွန်အကောက်မြင့်မားသောကြောင့်(အခွန်သာကောက်ယူနေသော်လည်းမည်သည့်ကိုယ်စားပြုမှုမှမရခြင်း)

● ဗြိတိသျှတပ်များ ယင်းတို့အိမ်များတွင် တက်နေခြင်းကြောင့်(တပ်စွဲခြင်း၊ စတည်းချခြင်း)၊
● သူတို့၌ ကိုယ်ပိုင်အစိုးရမရှိခြင်းကြောင့်၊

လွတ်လပ်ရေးကြေညာစာတမ်းကို မည်သူရေးသားခဲ့သနည်း။
● (သောမတ်စ်) ဂျက်ဖါဆင် (Thomas) Jefferson

လွတ်လပ်ရေးကြေညာစာတမ်းကိုမည်သည့်နေ့တွင် အတည်ပြုခဲ့သနည်း။
● ဇူလိုင်လ (၄)ရက်၊ (၁၇၇၆) ခုနှစ်၊

ပြည်ထောင်စုထူထောင်စ မူလ (၁၃)ပြည်နယ်ရှိသည်။ (၃)ပြည်နယ်အမည် ပြောပါ။
● နူးဟမ့်ပ်ရှိူင်းယား၊
● မက်ဆာချူးဆက်၊
● ရိုးဒ်အိုင်လင်င်န်းဒ်၊
● ကွန်နက်တီကပ်၊
● နူးယော့ခ်၊
● နူးဂျာစီ၊
● ပင်န်ဆယ်လ်ဗေးနီးယား၊
● ဒဲလ်ဝဲယား၊
● မေရီလန်းဒ်၊
● ဗာဂျီနီးယား၊
● နော့သ်ကယ်ရိုလိုင်းနား၊
● ဆော့က်သ်ကယ်ရိုလိုင်းနား၊
● ဂျော်ဂျီယာ၊


သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ၌ ဘာဖြစ်ခဲ့သနည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။
● နိုင်ငံထူထောင်သူဖခင်ကြီးများက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။

မည်သည့်အချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသနည်း။
● (၁၇၈၇) ခုနှစ်တွင်ဖြစ်သည်၊

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းအား ပြည်ထောင်စုဝါဒီသတင်းစာများက
 ထောက်ခံရေးသားခဲ့ကြသည်။ ရေးသူအမည်ပြောပါ။
● (ဂျိမ်းစ်) မယ်ဒီဆင် (James) Madison
● အလက်ဇင်န်းဒါးဟယ်လ်မင်တန် (Alexander) Hamilton
● (ဂျွန်) ဂျေး (John) Jay
● ပျူးဘလီးယပ်စ်

ဘင်ဂျမင်ဖရန်ကလင် ကျော်ကြားလာခြင်းအကြောင်း (၁)ချက်မှာ မည်သည်နည်း။
● အမေရိကန်သံတမန်၊
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာညီလာခံတွင်ပါဝင်ခဲ့သည့် အသက်အရွယ်အကြီးဆုံးပုဂ္ဂိုလ်၊
● အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော စာတိုက်ဋ္ဌာနမင်းကြီး၊
● သနားစရာဆင်းရဲသားလေးရစ်ချာ့ဒ်၏မြေပုံ”စာအုပ်ရေးသူ၊
● အခမဲ့စာကြည့်တိုက်လုပ်ငန်းကို အစပထမပြုခဲ့သူ၊

ကျွန်ုပ်တို့တိုင်းပြည်၏ ဖခင်မှာမည်သူဖြစ်သနည်း။
● (ဂျော့ချ်) ဝေါ်ရှင်တန် (George) Washington

ပထမဆုံး သမ္မတကြီး မည်သူဖြစ်သနည်း။
● (ဂျော့ချ်) ဝေါ်ရှင်တန် (George) Washington


B: (၁၈ဝဝ) ခုနှစ်များ
(၁၈ဝ၃)ခုနှစ်တွင် ပြင်သစ်ထံမှ အမေရိကန်ကဝယ်ယူလိုက်သည့် နယ်မြေ။
● လူဝီဇီးယားနား နယ်နမိတ်။
● လူဝီဇီးယားနား၊

(၁၈၈၀)ခုနှစ်များတွင် အမေရိကန်ကတိုက်ခဲ့သည့်တိုက်ပွဲများအနက် (၁)ခု၏အမည်ပြောပါ။
● (၁၈၁၂) စစ်ပွဲ (War of 1812)
● အမေရိကန် မက္ကဆီကန်စစ်ပွဲ၊
● အမေရိကန်ပြည်တွင်းစစ်၊
● စပန်းနစ်ရှ်အမေရိကန်စစ်ပွဲ၊

တောင်ပိုင်းနှင့် မြောက်ပိုင်းအကြားဖြစ်ခဲ့သည့် အမေရိကန်စစ်ပွဲအမည်ပြောပါ။
● ပြည်တွင်းစစ်ကြီး (The Civil War)
● ပြည်နယ်များအကြားကစစ်ပွဲ (The War between the States)

ပြည်တွင်းစစ်ကြီးဖြစ်လာစေသည့် ပြဿနာ(၁)ခု၏အမည် ပြောပါ။
● ကျေးပိုင်ကျွန်ပိုင်စနစ်၊
● စီးပွားရေးအကြောင်းအချက်များ၊
● ပြည်နယ်များ၏အခွင့်အရေးများ၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
သမ္မတအေဗရာဟင်မ်လင်ကွန်းလုပ်ခဲ့သည်များအနက် အရေးကြီးကိစ္စ(၁)ခု၏အမည်ကိုပြောပါ။
● ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊ (ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာထုတ်ပြန်ခြင်း)
● ပြည်ထောင်စု (Union) ကို ကယ်တင်ခြင်း (သို့မဟုတ်) ကာကွယ်ထိန်းသိမ်းခြင်း၊
● ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ခဲ့ခြင်း၊

ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာချက်က မည်သည့်အရာကိုပြုလုပ်ခဲ့သနည်း။
● ကျေးကျွန်များအားလွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတခုလုံးတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတွင်ပါဝင်သည့်ပြည်နယ်များရှိကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● တောင်ပိုင်းပြည်နယ်အများစုတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊

စူဇန် ဘီ အန်သော်နီ (Susan B. Anthony) ဘာလုပ်ခဲ့သနည်း။
● အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်၊
● နိုင်ငံသားရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ခဲ့သည်၊

C: များမကြာမီကအမေရိကန်သမိုင်းနှင့် အခြားအရေးကြီးသည့် သမိုင်းဝင်အကြောင်းချက်များ
(၁၉၉ဝ) ပြည့်နှစ်များက အမေရိကန်ပြည်ထောင်စုကတိုက်ခဲ့သည့် စစ်ပွဲ(၁)ခု၏အမည်ကိုပြောပါ။ (*)
● ပထမကမ္ဘာစစ်ကြီး (World War I)
● ဒုတိယကမ္ဘာစစ်ကြီး (World War II)
● ကိုရီးယားစစ်ပွဲ (Korean War)
● ဗီယက်နမ်စစ်ပွဲ (Vietnum War)
● (ပါရှန်း) ပင်ယ်ကွေ့စစ်ပွဲ (Persion) Gulf War

ပထမကမ္ဘာစစ်ဖြစ်ချိန်က အမေရိကန်သမ္မတမှာ အောက်တွင်ဖော်ပြထားသူဖြစ်ပါသလား။
● (ဝုဒ်ရိုးလ်) ဝယ်လ်ဆင် (Woodrow) Wilson

မဟာစီးပွားပျက်ကပ်ကြုံချိန်နှင့် ဒုတိယကမ္ဘာစစ်တွင် သမ္မတဖြစ်နေသူမှာ မည်သူနည်း။
● (ဖရန်ကလင်) ရုစ်ဗဲ့လ် (Franklin) Roosevelt

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုတိုက်ခဲ့သည်မှာ မည်သူနည်း။
● ဂျပန် (Japan)    ● ဂျာမဏီ (Germany)        ● အီတလီ (Italy)       

အိုက်စင်ဟောင်ဝါ သမ္မတမဖြစ်မီက ဗိုလ်ချုပ်ဖြစ်ခဲ့ဖူးသည်။ မည်သည့်စစ်ပွဲတွင် သူ ပါဝင်ခဲ့သနည်း။
● ဒုတိယကမ္ဘာစစ် (World War II)

စစ်အေးကာလအတွင်းက အမေရိကန်ပြည်ထောင်စု အဓိကစိုးရိမ်မှုမှာ မည်သည်နည်း။
● ကွန်မြူနစ်ဝါဒဖြစ်သည်။

လူမျိုးအသားအရောင်ခွဲခြားမှုအား အဆုံးသတ်သွားစေခဲ့သည့်လှုပ်ရှားမှုမှာ မည်သည်နည်း။
● နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု Civil Rights (Movement)

မာတင်လူသာကင်းဂျူနီယာ ဘာလုပ်ခဲ့သနည်း။ (*)
● နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။
● အမေရိကန်အားလုံး တန်းတူရေးအတွက် အလုပ်လုပ်ခဲ့သည်။

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
စက်တင်ဘာလ (၁၁)ရက်၊ (၂ဝ၁၁)နေ့၌ အမေရိကန်ပြည်ထောင်စုတွင် မည်သည့်အဖြစ်အပျက် ဖြစ်ခဲ့သနည်း။
● အကြမ်းဖက်သမားများက အမေရိကန်ပြည်ထောင်စုအား တိုက်ခိုက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင်ရှိသည့် အမေရိကန်အင်ဒီးယန်းလူမျိုး(၁)မျိုး၏အမည်ကို ပြောပါ။
● ချီရိုးကီး
● နာဗာဂျို
● စီယောက်စ်
● ချစ်ပီဝါ
● ချော့ခက်တော
● ပျူဘလို
● အပါချီ
● အီရိုကျူးရိုးစ်
● ကရိက်
● ဘလက်ဖိထ်
● ဆမီနိုးလ်
● အာရဝက်
● ရှောင်န်နီး
● မိုဟီဂန်
● ဟူရွန်
● အိုနိုင်းဒါ
● လိုကိုတာ
● ခရိုး
● တီးတွန်
● ဟိုပီ
● အီနူယိတ်

ထိစပ်စုစည်းနေသည့်အပိုင်းအခြားများ

A: ပထဝီ
အမေရိကန်ပြည်ထောင်စုရှိအရှည်ဆုံးမြစ်နှစ်ခုမှ မြစ်(၁)ခု၏အမည်ကို ပြောပါ။
● မစ်ဇူရီ (မြစ်)
● မစစ္စပီ (မြစ်)

အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းရှိ သမုဒ္ဒရာအမည် ပြောပါ။
● ပစိဖိတ်က် (သမုဒ္ဒရာ)

အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ကမ်းရှိ သမုဒ္ဒရာအမည် ပြောပါ။
● အတ္တလန်တိတ်က်(သမုဒ္ဒရာ)

အမေရိကန်ပြည်ထောင်စုပိုင်နယ်နမိတ်များ။
● ပျူတိုရီကို၊
● ယူအက်စ်ဗျာဂျင်န်းအိုင်းလင်န်းဒ်၊
● အမေရိကန်ဆမိုအာ၊
● နော့သင်န်းမာရီယားနာအိုင်းလင်န်းဒ်၊
● ဂူအမ်(ဂွမ် ဟုထွက်သည်)

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
ကနေဒါနိုင်ငံနှင့်နယ်စပ်ချင်းထိနေသည့် ပြည်နယ် (၁)ခုအမည် ပြောပါ။
● မိန်း၊
● နူးဟမ့်ပ်ရှိူင်းယား၊
● ဗားမွန့်တ်၊
● နူးယော့ခ်၊
● ပင်န်ဆယ်လ်ဗေးနီးယား၊
● အိုဟိုင်းယိုး၊
● မစ်ချီဂန်၊
● မင်နီဆိုးတား၊
● နော့သ်ဒါကိုတာ၊
● မွန်တားနား၊
● အိုင်ဒါဟို
● ဝေါ်ရှင်တန်၊
● အလက်စကာ၊


မက္ကဆီကိုနှင့်နယ်စပ်ချင်းထိနေသည့်ပြည်နယ်(၁)ခုအမည် ပြောပါ။
● ကယ်လီဖိုးနီးယား၊
● အရီဇိုးနား၊
● နူးမက္ကဆီကို၊
● တက္ကဆက်၊

အမေရိကန့်ပြည်ထောင်စု၏မြို့တော်အမည် ပြောပါ။ (*)
● ဝေါ်ရှင်တန် ဒီစီ၊

လစ်ဘာတီရုပ်တု တည်ရှိရာနေရာ ပြောပါ။ (*)
● နူးယော့ခ် (ဆိပ်ကမ်း)
● လစ်ဘာတီအိုင်းလင်န်းဒ်
(နူးဂျာစီပြည်နယ်၊ နူးယော့ခ်စီးတီးအနီးရှိ ဟဒ်ဆန်မြစ်ကမ်းပါးတွင်ရှိသည်ဟုဆိုလည်း လက်သင့်ခံပါသည်)


B: သင်္ကေတများ

နိုင်ငံတော်အလံတွင် ကန့်လန့်စင်း (၁၃)ခု အဘယ့်ကြောင့် ရှိရသနည်း။
● မူလထူထောင်စ ကိုလိုနီပြည်နယ်(၁၃)ခုကြောင့်ဖြစ်သည်။
● မူလထူထောင်စကိုလိုနီပြည်နယ် (၁၃)ခုကို ကိုယ်စားပြုသည်။

နိုင်ငံတော်အလံတွင် အဘယ့်ကြောင့် ကြယ်ပွင့်(၅ဝ) ရှိရသနည်း။ (*)
● ပြည်နယ်တခု ကြယ်တပွင့်နှုန်းဖြစ်သောကြောင့်၊
● ကြယ်တပွင့်စီသည် ပြည်နယ်တခုစီအားကိုယ်စားပြုသောကြောင့်၊
● ပြည်နယ်ပေါင်း (၅ဝ)ရှိခြင်းကြောင့်၊

နိုင်ငံတော်သီချင်းအမည်အား ပြောပါ။
● စတားစပင်န်ဂယ်လ်ဒ်ဘင်န်နား (Star-Spangled Banner)

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
C: အားလပ်ရက်များ
လွတ်လပ်ရေးနေ့အား မည်သည့်ရက်တွင် ဆင်နွှဲကြသနည်း။
● ဇူလိုင်လ (၄)ရက်၊

 အမေရိကန်ပြည်ထောင်စုအမျိုးသားရုံးပိတ်ရက် (၂)ရက်အမည် ပြောပါ။
● နူးယီးယားဒေး (နှစ်သစ်ကူးနေ့)
● မာတင်လူသာကင်းဂျူနီယာဒေး(မာတင်လူသာကင်းနေ့)
● ပရယ်ဆီးဒင်န့်စ်ဒေး (နိုင်ငံတော်သမ္မတများနေ့)
● မင်မိုရီရယ်လ်ဒေး (အောက်မေ့အမှတ်ရဖွယ်နေ့)
● အင်ဒီပင်န်းဒင်န့်စ်ဒေး (လွတ်လပ်ရေးနေ့)
● လေဘာဒေး (အလုပ်သမားနေ့)
● ကိုလမ်ဘစ်ဒေး (ကိုလမ်ဘတ်နေ့)၊ ဗက်ထရန်�



 (မျိုးမြင့်ချို-ဘာသာပြန်)

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.