PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

အရည်အချင်း ပြည့်ဝတဲ့ ခေါင်းဆောင်အဖြစ် အပြုံးမျက်နှာနဲ့ အသေလှနိုင်စေ့



·         လူတွေက သေမျိုးသတ္တဝါတွေဖြစ်တယ်လို့ ဆိုတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံး အချိန်က သေခါနီးအချိန် ဖြစ်တယ်ဆိုတာ ကိုမေ့လျော့နေပြီး မဟုတ်တာ၊ မမှန်တာတွေကို လောဘ၊ ဒေါသနဲ့ မောဟဆိုတဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေနဲ့ ဘဝလမ်းကို လျှောက်လှမ်းနေကြတယ်။ အငိုမျက်လုံး၊ အပြုံးမျက်နှာဆိုတာ ရှိတယ်။ ငိုတာကို မျက်လုံးကနေ မျက်ရည်တွေ ကျဆင်းတာနဲ့ သိသာတယ်။ လူတစ်ယောက်ရဲ့ အပြုံးကို မျက်နှာပြင်တစ်ခုလုံး မြင်တွေရတာ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်က အဲဒီလူရဲ့ မျက်လုံးမှာပေါ်တယ်။

ဒီကနေ့ စာရေးသူတို့နိုင်ငံမှာ လူနည်းစုက ချမ်းသာကြွယ်ဝနေကြပြီး လူများစုက ဆင်းရဲတွင်းနက်နေတယ်။ သို့ပေမဲ့ အဲဒီချမ်းသာတဲ့ လူနည်းစုက တစ်ဦးချင်းရဲ့ စိတ်တွေ ချမ်းသာမှု ရှိကြပါရဲ့လားလို့ မေးချင်ပါတယ်။ ဟန်ဆောင်လောက အတွင်းမှာတော့ မချိပြုံးပြုံးပြီး ပျော်ရွှင်သယောင် ထင်ကြရမှာပါ။ မေတ္တာက ဟန်ဆောင်လောကအတွင်းမှာ ရှိနေကြတဲ့ ချစ်ခြင်းမေတ္တာတွေအဖြစ် တွေ့ မှာဖြစ်တယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက် မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို အဲဒီလူက အပြောနဲ့အလုပ် ညီပါရဲ့လား ဆိုတာနဲ့ တိုင်းတာကြည့်ရမှာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးသူ ဖတ်မှတ်ထားတဲ့ စာကြောင်းလေးကြောင်းကို မျှဝေပေးလိုက်ပါတယ်။

·         Walk The Talk
·         Talk The Walk
·         Walk The Walk
·         Talk The Talk

အဲဒီ စာကြောင်းလေးကြောင်းက တိုတိုနဲ့ အင်မတန် ထိရောက်တယ်။ အဓိပ္ပာယ်က

·         ပြောတဲ့အတိုင်း လုပ်ပါ
·         လုပ်မယ့်အတိုင်း ပြောပါ
·         လုပ်သင့်တာတွေ လုပ်ပါ
·         ပြောသင့်တာတွေ ပြောပါ


ဆိုတာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ လိုက်နာကျင့်သုံးရမယ့် နည်းလမ်း (၄) သွယ်လို့ပြောရင် ရမယ်ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကြည့်ရင် . . .

ပြောတဲ့အတိုင်း လုပ်ဆောင်ကြပါရဲ့လား။ လုပ်ဆောင်မယ့်အတိုင်း ပြောကြပါရဲ့လား။ လုပ်သင့်တာတွေ လုပ်ကြပါရဲ့လား။ ပြောသင့်တာတွေ ပြောကြပါရဲ့လား။ ဒီစာကြောင်းလေးခုရဲ့ အချုပ်က အပြောနဲ့အလုပ် အဟုတ် ညီကြပါရဲ့လားဆိုတာ ဖြစ်တယ်။

လူတစ်ဦးချင်းက အလုပ်လည်း မှန်၊ အပြောလည်းမှန်ရင် လူမှန်ဖြစ်လာမှာ ဖြစ်တယ်။ လူမှန်က နေရာမှန်ဖြစ်ဖို့ လိုအပ်တယ်။ လူမှန်နေရာမှန် မဖြစ်ရင်လည်း မိမိနိုင်ငံ မိမိနိုင်ငံသားတွေအတွက် မှန်ကန်သော အကျိုးဖြစ်ထွန်းစေမှု မဖြစ်စေနိုင်ပါ။ မော်တော်ကား မမောင်းတတ်သူက ယာဉ်မောင်းသူနေရာမှာ ထိုင်ပြီး မော်တော်ကားကို မောင်းရင် ကားပေါ်မှာ ပါလာသူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်သလို နိုင်ငံတစ်နိုင်ငံမှာ အထက်ပါ စာကြောင်းလေးကြောင်းနဲ့ အညီမဟုတ်၊ အပြောနဲ့အလုပ် မညီသူတွေ တစ်နည်း ခေါင်းဆောင်မှ အရည်အချင်းတွေနဲ့ ပြည့်စုံမှုမရှိ။ သူက ခေါင်းဆောင်နေရာကနေ နိုင်ငံကို အုပ်ချုပ်ရင် အဲဒီနိုင်ငံက ကမ္ဘာ့အလယ်မှာ အောက်ဆုံးအဆင့် ရောက်ရှိသွားစေနိုင်သလို နိုင်ငံသားတွေကလည်း ဆင်းရဲတွင်းကနေ တက်လာနိုင်စေမှာ မဟုတ်ပါ။
လူတစ်ဦးချင်းက အလုပ်လည်း မှန်၊ အပြောလည်းမှန်ရင် လူမှန်ဖြစ်လာမှာ ဖြစ်တယ်။ လူမှန်က နေရာမှန်ဖြစ်ဖို့ လိုအပ်တယ်။ လူမှန်နေရာမှန် မဖြစ်ရင်လည်း မိမိနိုင်ငံ မိမိနိုင်ငံသားတွေအတွက် မှန်ကန်သော အကျိုးဖြစ်ထွန်းစေမှု မဖြစ်စေနိုင်ပါ . . . . .
·         ငါပြောတာ မှန်တယ်။ ငါလုပ်တာ မှန်တယ်။ ငါပြောတဲ့အတိုင်းလုပ် ဆိုတာက စစ်အာဏာရှင်တွေရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ ရာစုနှစ်ဝက်ကျော်လောက် စာရေးသူတို့ နိုင်ငံက ကမ္ဘာမှာ စစ်အာဏာရှင်ပုံစံနဲ့ မိမိနိုင်ငံကို တစ်သွေး၊ တစ်သံ၊ တစ်မိန့်ရဲ့ လောင်းရိပ်အောက်မှာ ရှိစေခဲ့တာကြောင့် နိုင်ငံက ဘာဖြစ်သွားခဲ့သလဲ ပြန်စဉ်းစားကြည့်ကြပါ။ မိမိနိုင်ငံကို မချစ်ကြဘူးလား၊ မိမိနိုင်ငံသားတွေကို မသနားကြဘူးလား။ မိမိနိုင်ငံကိုချစ်ရင် မိမိနိုင်ငံသားတွေကို ချစ်ကြင်နာ သနားကြရင် မိမိနိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ပေးကြပါ။ မိမိနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေးတွေ မြင့်မားလာအောင် လုပ်ဆောင်ပေးကြပါ။

မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်နိုင်ကြစေဖို့ ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒီအချက်တွေ အရည်အချင်းတွေ မိမိမှာ အမှန်တကယ် ရှိပါသလား ပြန်လည်ဆန်းစစ်ကြည့်နိုင်ကြဖို့ပါ။ ဒါမှ လက်တွေ့ကျကျ ရုပ်လုံးဖော်နိုင်ကြမှာ ဖြစ်တယ်။


·         (၁) မိမိမှာ တာဝန်ရှိကြောင်း သိရမယ်။
·         (၂) တာဝန်ယူနိုင်မှု ရှိရမယ်။
·         (၃) အရာရာကို လိုက်လျောညီထွေ ဖြစ်စေရမယ်။
·         (၄) ချဉ်းကပ်နိုင်ရမယ်။
·         (၅) ရည်မှန်းချက်ထားရှိ လုပ်ဆောင်ရမယ်။
·         (၆) ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုနိုင်ရမယ်။
·         (၇) ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်ရမယ်။
·         (၈) အလုပ်လုပ်ရမှာ အာရုံစူးစိုက်မှု ရှိရမယ်။
·         (၉) သတ္တိရှိရမယ် (၁၀) အများအတွက် ရည်ရွယ်ဆောင်ရွက်နိုင်စေရမယ်။
·         (၁၁) ရိုးသားပွင့်လင်းမြင်သာ ရှိရမယ်။ (၁၂) ကတိတည်ရမယ်။
·         (၁၃) ဆန်းသစ်တီထွင်နိုင်ရမယ်။ (၁၄) အများစုရဲ့ယုံကြည်မှု ရရှိနိုင်ရမယ်။
·         (၁၅) ရိုင်းပင်းစာနာ စိတ်ရှိရမယ်။ (၁၆) စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ရမယ်။
·         (၁၇) အလုပ်တွေ စိန်ခေါ်လုပ်ဆောင်နိုင်ရမယ်။ (၁၈) သြဇာတိက္ကမ ရှိရမယ်။
·         (၁၉) ပူးပေါင်းဆောင်ရွက်တတ်ရမယ်။ (၂၀) ဆက်သွယ်ရေး ကောင်းရမယ်။
·         (၂၁) စုစည်းပြီး လူမှုရေးတာဝန် ရှိရမယ်။ (၂၂) လုံ့လဝီရိယ ရှိရမယ်။
·         (၂၃) ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်။ (၂၄) မှန်ကန်တဲ့အလုပ်တွေ လုပ်ကိုင်နိုင်စွမ်း ရှိရမယ်။
·         (၂၅) စာနာထောက်ထားစိတ် ရှိရမယ်။ (၂၆) ပညာပြည့်ဝရမယ်။
·         (၂၇) စွမ်းဆောင်ရည် မြင့်မားရမယ်။ (၂၈) ကိုယ်ကျင့်သိက္ခာ ကောင်းရမယ်။
·         (၂၉) စိတ်စွမ်းအား မြင့်မားရမယ်။ (၃၀) စိတ်အားထက်သန်စွာ ဆောင်ရွက်ရမယ်။
·         (၃၁) ခိုင်မြဲမှု ရှိရမယ်။ (၃၂) အနာဂတ်အမြင်ကောင်းတွေ ရှိရမယ်။
·         (၃၃) အာရုံစူးစိုက်မှု ရှိရမယ်။ (၃၄) မိတ်ဆွေဖြစ်လွယ်စေရမယ်။
·         (၃၅) ကွေးလွယ်ညွတ်လွယ်ရမယ်။ (၃၆) ကြောက်စိတ်ကင်းရမယ်။
·         (၃၇) ကမ္ဘာနဲ့ယှဉ်ပြီး တွေးနိုင်ရမယ်။ (၃၈) ရိုးသားမှု ရှိရမယ်။
·         (၃၉) နှိမ့်ချစိတ် ရှိရမယ်။ (၄၀) ထုလိုက်တီထွင်နိုင်မှု ရှိရမယ်။
·         (၄၁) သမာဓိရှိရမယ်။ (၄၂) ဉာဏ်ရည်မြင့်မားမှု ရှိရမယ်။
·         (၄၃) ပေါင်းစည်းလုပ်ဆောင်တတ်ရမယ်။ (၄၄) အစပြု လုပ်ဆောင်တတ်ရမယ်။
·         (၄၅) အစပြုတီထွင်စွမ်းအား ရှိရမယ်။ (၄၆) တရားမျှတမှု ရှိရမယ်။
·         (၄၇) ကြင်နာစိတ်ထား ရှိရမယ်။ (၄၈) ကောင်းစွာ နားထောင်တတ်သူ ဖြစ်ရမယ်။
·         (၄၉) သစ္စာရှိရမယ်။ (၅၀) စိတ်ဓာတ်ကောင်းမွန်ရမယ်။
·         (၅၁) စိတ်ဓာတ်မြှင့်တင်နိုင်မှု ရှိရမယ်။ (၅၂) မှတ်ဉာဏ်ကောင်းရမယ်။
·         (၅၃) ကောင်းရာ ညွှန်ပြနိုင်စေရမယ်။ (၅၄) သတိရှိရမယ်။
·         (၅၅) အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရမယ်။
·         (၅၆) စေ့စပ်ညှိနှိုင်းမှုတွေမှာ ကျွမ်းကျင်ရမယ်။ (၅၇) ပွင့်လင်းမှုရှိရမယ်။
·         (၅၈) ပင်ကိုယ်စွမ်းရည်ရှိရမယ်။ (၅၉) ရည်ရွယ်ချက်ထားရှိ လုပ်ဆောင်ရမယ်။
·         (၆၀) အပြုသဘောအမြင် ရှိရမယ်။ (၆၁) ထူးချွန်ပြောင်မြောက်မှု ရှိရမယ်။
·         (၆၃) ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှုရှိရမယ်။ (၆၄) သည်းခံစိတ်ထားရှိရမယ်။
·         (၆၅) ဆွဲဆောင်နိုင်မှုရှိရမယ်။ (၆၆) နိုင်ငံရေးသဘောတရားတွေ နားလည်ရမယ်။
·         (၆၇) အရာရာကို အလိုက်သင့် ဆောင်ရွက်နိုင်စေရမယ်။
·         (၆၈) အနစ်နာခံ ဆောင်ရွက်တတ်ရမယ်။ (၆၉) အများရဲ့ အားထားနိုင်မှု ရှိစေရမယ်။
·         (၇၀) အမှန်တကယ် ရုပ်လုံးဖော်နိုင်ရမယ်။ (၇၁) စံနမှုနာပြု လုပ်ဆောင်ရမယ်။
·         (၇၂) မိမိကိုယ်မိမိ ယုံကြည်မှုရှိရမယ်။ (၇၃) ကိုယ်ချင်းစာနာစိတ် ထားရှိရမယ်။
·         (၇၄) ခင်မင်ရင်းနှီးမှု ရှိစေရမယ်။
·         (၇၅) အစုအဖွဲ့ပုံစံနဲ့ တူညီတဲ့ ရည်မှန်းချက်ထားရှိ လုပ်ဆောင်ရမယ်။
·         (၇၆) ယုံကြည်မှုလွန်ကဲခြင်း၊ ယုံကြည်မှုနည်းပါးလွန်းခြင်း မရှိစေရပါ။
·         (၇၇) မှန်ကန်စွာ ဆောင်ရွက်နိုင်စေရမယ်။ (၇၈) နည်းပညာကြွယ်ဝမှု ရှိစေရမယ်။
·         (၇၉) အမြင်ကောင်းတွေ ရှိရမယ်။
·         (၈၀) နှစ်ဖက်အမြင်ထားရှိ ဆောင်ရွက်တတ်ရမယ်။

ခုလို ခေါင်းဆောင်အရည်အချင်းတွေနဲ့ မှန်ကန်ဆောင်ရွက်သူက သေခါနီးမှာ အပြုံးမျက်နှာနဲ့ အသေလှစေမှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။
- See more at: http://news-eleven.com

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.