တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲသူ အရေအတွက်သည် သန်း(၆၅၀) နီးပါးထိ ရောက်ရှိလာပြီဖြစ်ကြောင်း အစိုးရ စစ်တမ်းများအရ သိရှိရသည်။
တရုတ်သည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အရေအတွက် အမြင့်မားဆုံး ရှိနေသည့် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းထိ စာရင်းများအရ တရုတ် အင်တာနက် သုံးစွဲသူ ဦးရေသည် (၆၄၈)သန်းကျော် ရှိခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ခွဲထွက်ရေး ပြောက်ကျားသူပုန်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက်
ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ အထူးကွန်မန်ဒို (၃၀)ခန့် သေဆုံးကြောင်း သတင်းများ
ထွက်ပေါ်လာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်များနှင့် ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။ အစိုးရနှင့် သူပုန်တပ်များကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် ဆွေးနွေး သဘောတူထားသည့် တစ်နှစ်မျှ ကာလအတွင်း ရှားရှားပါးပါး အခြေအနေ တစ်ရပ်အဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

နယူးယောက်တွင် ဆီးနှင်းများ ထူထပ်စွာ ကျရောက်နေပြီး မပေါ့လျော့ကြရန် မြို့ခံများကို မြို့တော်ဝန် သတိပေး
Monday 2015-01-26
ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်
ဦးစီးဌာနနှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ သုတေသန
ပညာရှင်များပူးပေါင်း၍ မြန်မာ နိုင်ငံရှိ သမိုင်းဝင်ကျောက်စာချပ် များကို
မှတ်တမ်းတင်သုတေသန ပြုလုပ်ကာ ဒစ်ဂျစ်တယ်ဓာတ်ပုံ ရိုက်ကူးပြီး
အွန်လိုင်းမှတစ်ဆင့် ကမ္ဘာအန
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်