PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

Salai And Mai Explanation: ။ “ဆလိုင်းနဲ့ မိုင်”




၁။ “ဆလိုင်း” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။

ဖြေ = “ဆလိုင်း” ဆိုတဲ့ ချင်းဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ “ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သားကောင်းယောကျ်ား” ပဲ ဖြစ်ပါတယ်။

၂။ “မိုင်” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။

ဖြေ = “မိုင်” ဆိုတာကတော့ “သားကောင်း ရတနာများကို မွေးဖွားပေးမည့် မွေးဖွားပေးသော မိန်းမမြတ်” လို့ ချင်းလို အဓိပ္ပါယ် ရပါတယ်။

၃။ “ဆလိုင်း – မိုင်” ဆိုတာ ဘာလဲ။

ဖြေ = “ဆလိုင်း – မိုင်” ဆိုတာကတော့ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ်တွေရဲ့ အမည်နာမ အရှေ့မှာ “အမျိုးသားယဉ်ကျေးမှု သစ်” တစ်ရပ်အနေနဲ့ အသုံးပြုလာကြတဲ့ “အမျိုးသားသင်္ကေတ” တစ်ရပ်ပဲ ဖြစ်ပါတယ်။ ချင်းလူငယ် ယောကျ်ားများရဲ့ အမည်နာမ ရှေ့မှာ “ဆလိုင်း”၊ ချင်းလူငယ် အမျိုးသမီးရဲ့ အမည်နာမအရှေ့မှာ “မိုင်” ရယ်လို့ “ချင်း” အမျိုးသား/အမျိုးသမီး အမှတ်သင်္ကေတအဖြစ် သုံးစွဲကြခြင်း ဖြစ်ပါသည်။

၄။ “ဆလိုင်းနဲ့ မိုင်” ကို ချင်းလူငယ်တွေရဲ့ အမည်နာမအရှေ့မှာ အသုံးပြုလာကြခြင်းအားဖြင့် ဘယ်လို ထူူးခြားမှုရှိပါသလဲ။

ဖြေ = ယနေ့ချင်းလူငယ်မျိုးဆက်သစ်တွေဟာ “ဆလိုင်းနဲ့ မိုင်” ကို အသုံးပြုကြခြင်းအားဖြင့် ကျယ်ဝန်းလှတဲ့ ဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြပြီး၊ အမည်မှည့်ခေါ်ပုံနဲ့ ဘာသာစကား သုံးနှုန်းမှုခြင်း မြောက်မြားစွာ ကွဲပြားနေခဲ့ကြတဲ့ ချင်းမိသားစုဝင် တစ်ဦးနဲ့တစ်ဦး “တစ်မိသားစုဝင်တည်းဖြစ်ကြောင်း” အလွယ်တကူ သိရှိနိုင်ကြပါတယ်။
ယခင်ကဆိုယင် ချင်းအမျိုးသားရဲ့ အမည်မှည့်ခေါ်ပုံ ကွဲပြားခြားနားမှု၊ ဘာသာ စကားကွဲပြားမှု၊ နေရာဒေသ ကွဲပြားမှုတွေ ကြောင့်၊ မိမိတို့ရဲ့ အမျိုးသားအချင်းချင်း မသိရှိခဲ့ကြတဲ့အဖြစ်တွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်။
ဆလိုင်း-မိုင်ဆိုတာ ချင်းမျိုးဆက်သစ်တွေရဲ့ အမည်ရှေ့မှာ “ယဉ်ကျေးမှု” အသစ်အနေနဲ့ အသုံးပြုလာတဲ့ အမျိုးသား သင်္ကေတတစ်ခု ဖြစ်တယ်။
ချင်းလူမျိုးတိုင်း ဆလိုင်း-မိုင်ကို လေးလေးနက်နက် သုံးစွဲလာကြတဲ့အချိန်မှာတော့ အားကစားလောက၊ ဂီတလောက၊ အနုပညာနယ်ပယ်၊ ကျောင်းသားလောက၊ ၀န်ထမ်းလောက အစရှိတဲ့ အသိုင်းအဝို်င်း အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး အမျိုးသားချင်း အလွယ်တကူ သိရှိနိုင်ကြပြီး အားပေးစရာ၊ ဂုုဏ်ယူစရာ၊ ယို်င်းပင်းစရာ ရှိရင်လည်း တစ်ဦးနဲ့တစ်ဦး ပိုမိုလွယ်ကူစွာ သိရှိနီးစပ်ခွင့်ကို ရရှိနိုင်ကြပါတယ်။


၅။ “ဆလိုင်းနဲ့ မိုင်” ကို သုံးစွဲခြင်းအားခြင့်၊ ချင်းလူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးတယ်လို့ ဆိုနိုင်ပါသလား။

ဖြေ = ဟုတ်ပါတယ်၊ ဒေသအသီးသီးမှာ ကွဲကွဲပြားပြား နေထိုင်ကြ ရတဲ့ ချင်းမိသားစုဝင်တွေကို “ဆလိုင်း-မိုင်” ဝေါဟာရ ၂ ခုက စုစည်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီဝေါဟာရ ၂ ခုကို သုံးစွဲရုံနဲ့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို မရရှိနိုင်သေးပါဘူး။
“ဆလိုင်း-မိုင်” ကို ဒီနေ့ချင်းလူငယ်တွေ အသုံးပြုလာ ခြင်းဟာ ချင်းလူငယ်တွေအတွက် ဘုံဝေါဟာရအသုံးအဆောင် တစ်ရပ်ကို ပိုင်ဆိုင်လာတဲ့ “ပထမ” အဆင့်မှာပဲ ရှိပါတယ်။ တနည်း အားဖြင့် “ဆလိုင်း-မိုင်” ဆိုတာ (UNIFORM) (တသမတ်တည်း ဖြစ်ပေါ်မှု) ဒါမှမဟုတ် (UNIFORMITY) (တသမတ်တည်းဖြစ် ခြင်း တဆင်တည်းတူညီခြင်း) ဆိုတဲ့ တဆင့်မှသာ ရှိပါတယ်။ ဒီပထမအဆင့်မှာ ချင်းလူငယ်တွေ အနေနဲ့ (UNIFORMITY) အဆင့်ကို ရယူပိုင်ဆိုင်ပြီးတဲ့အပြင်၊ ဒုတိယအဆင့်ဖြစ်တဲ့ “ဆလိုင်းမိုင် စိတ်ဓာတ်” ကို ပိုင်ဆိုင်ရယူနိုင်ကြမှ သာလျှင် တကယ်နက်ရှိုင်းတဲ့ စည်းလုံးညီညွတ်ရေး (UNITY) ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

၆။ “ဆလိုင်း-မိုင် စိတ်ဓာတ်” ဆိုတာဘာလဲ။

ဖြေ = ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်ဖို့အတွက် “ဒေသစွဲ မျိုးနွယ်စွဲ စိတ်ဓာတ်” ဆိုတာတွေ အရင်ရှင်းရပါလိမ့်မယ်။ ဒေသစွဲ စိတ်ဓာတ်ဆိုတာ မိမိရဲ့နေထိုင်ရာ မိမိမျိုးနွယ်တို့ရဲ့ ကျက်စား ရာဒေသ သေးသေးနုပ်နုပ်ကိုသာ မြင်ပြီး မိမိရဲ့ဒေသ ကောင်းစား ရေးတစ်ခုထဲကိုသာ ပဓာနထားအာရုံစူးစိုက်တဲ့ စိတ်ဓာတ်ဖြစ်ပါ တယ်။ တနည်းဆိုရရင် တစ်စုတစ်ဝေးတည်းဆိုတဲ့ ချင်းတစ်မျိုးသားလုံးရဲ့ မိသားစုအမြင်တွေကို မဆုပ်ကိုင်ပဲ မေ့လျော့ဖယ်ရှားထားပြီး၊ ချင်းမိသားစုဝင်တွေရဲ့တိုးတက်မှု၊ စည်းလုံးမှုကို မိုက်မိုက်မဲမဲ ဟန့်တားနေတဲ့သမိုင်းရဲ့ ဆိုးမွေအမြင်ဟောင်းပဲ ဖြစ်ပါတယ်။
ဒီဒေသစွဲ/မျိုးနွယ်စွဲ စိတ်ဓာတ်ဟာ “ဆလိုင်းမိုင် စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း လုံးလုံးလျားလျား ကွဲပြားဆန့်ကျင်နေပါတယ်။ ဒီမတူညီတဲ့အမြင် (စိတ်ဓာတ်) နှစ်ခုဟာ တစ်ခုက စိတ်ဓာတ်ရေးရာ၊ အတွေးအခေါ်ရေးရာဆုတ်မှုကို ပြညွှန်းနေပြီး၊ တစ်ခုက စိတ်ဓာတ် ရေးရာ အတွေးအခေါ်ရေးရာ တိုးတက်မှုကို ဖော်ကျူးနေပါတယ်။ ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ချင်းမိသားစုဝင်အားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှု၊ စည်းလုံးညီညွှတ်မှုကိုလိုလားတဲ့ “တိုးတက်တဲ့” စိတ်ဓာတ်ပဲဖြစ် ပါသည်။
ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ခေတ်ဟောင်းကိုချန်ထားပြီး ခေတ်သစ်ကို တောင်းဆိုဦးတည်ပြုနေတဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။

ရ။ ဆလိုင်းမိုင် စိတ်ဓာတ်ဟာ ချင်း သမိုင်းရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတယ်လို့ အခိုင်အမာ ပြောလို့ရပါသလား။

ဖြေ = ရပါတယ်။ ပဝေသဏီ ရှေးချင်းဘိုးဘေးတွေခေတ်မှာ ပိုင်ဆိုင်လာခဲ့တဲ့ “တစ်မိ တစ်ဝမ်း စိတ်ဓာတ်တွေ”၊ ဘာသာစကား တစ်ခုတည်းကိုသာ ပြောဆိုသုံးနှုန်းခဲ့တဲ့ လှပမွန်မြတ်တဲ့ အတိတ်ခေတ်တွေဟာ – တောတောင်ရေမြေ ပထဝီအနေအထားနဲ့ ပတ်ဝန်းကျင် ပရောဂ အသီးသီးကြောင့်၊ မိသားစု အစည်းပြေခဲ့ပြီး ဘာသာစကားမှအစ စိတ်ဓာတ်၊ အမြင်ရေးရာ တွေမှာလည်း တစ်မျိုးတစ်ဘာသာ တရွာတပုတ်ဆန်းခဲ့ကြပါတယ်။
အရင်ကပိုင်ဆိုင်ခဲ့တဲ့ “တစ်မိတစ်ဝမ်း စိတ်ဓာတ်” တွေ ပျောက်သုဉ်းပြီးတဲ့ ခေတ်ကာလဟာ အကျည်းတန်ဆိုးဝါးပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ်ကို ချင်းမိသားစုဝင်တွေ ဖြတ်သန်း ခဲ့ကြရတာပါ။
ချင်းလူ့သမိုင်း တစ်လျှောက်မှာ ပြန်လည်စုစည်းဖို့ အတွက် သူ့ခေတ်သူ့အခါ သူ့အခြေအနေအရ အမျိုးမျိုးကြိုးပမ်းခဲ့ကြ ပါတယ်။ ပဝေသဏီက ပိုင်ဆိုင်ခဲ့တဲ့ မိသားစုစိတ်ဓာတ်ကောင်း တွေကို ပြန်လည်ဖော်ထုတ်ဖို့ သမိုင်းတစ်လျှောက်မှာ “လိုအပ်” နေခဲ့ပါ တယ်။
ဒီ “လိုအပ်မှု” သည်ပင်လျှင် သမိုင်းရဲ့တောင်းဆိုမှု ဖြစ်တယ်လို့ အခိုင်အမာ ဆိုနိုင်ပါတယ်။ ဒီသမိုင်းရဲ့ တောင်းဆိုမှုကို ဖြည့်စည်းနိုင်ရေးအတွက် ဒီကနေ့ “ဆလိုင်း-မိုင်” လူငယ်မျိုးဆက်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်ကို ပြန်လည်ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။ “ဆလိုင်း-မိုင် စာပေ” တွေဟာ လွဲပျက်သုဉ်းခဲ့တဲ့ မိသားစုစိတ်ဓာတ်တွေ ပြန်လည်ရှင်သန် ကြီးထွားဖို့အတွက် သမိုင်းရဲ့တောင်းဆိုမှုအရ ပေါ်ထွန်းလာရပါတယ်။

၈။ “ဆလိုင်းမိုင်စာပေ” ဆိုတာဘာလဲ။

ဖြေ = “ဆလိုင်း-မိုင်စာပေ” ဆိုတာကတော့ ချင်းမိသားစုစိတ်ဓာတ် ပြန်လည်ရှင်သန်ရေးအတွက် အတွေးအမြင်သစ်တွေကို ဖေါ်ထုတ်တဲ့ စာပေဖြစ်ပါတယ်။ မည်သည့် ဘာသာစကား (ချင်း၊ ဗမာ၊ အင်္ဂလိပ်…) နဲ့ပဲ ရေးသည်ဖြစ်စေ “ချင်းမိသားစုဝင်တွေ ပြန်လည်စုစည်းရေး၊ “ချင်းမိသားစုစိတ်ဓာတ်” ရှင်သန်ကြီးထွားရေး အတွက် ရေးသား၊ လှုံ့ဆော်၊ တိုက်တွန်းတဲ့-ဆောင်ပါး၊ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ စာညွှန့်စတဲ့စာပေအားလုံးကို ခြုံငုံပြီး “ဆလိုင်းမိုင်စာပေ” လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။

၉။ “ဆလိုင်း” နဲ့ “မိုင်” ဝေါဟာရဟာ မည်သည့် ချင်းအမျိုး နွယ်တို့ရဲ့ ဘာသာစကားဖြစ်ပါသလဲ။

ဖြေ = မြေပြန့်ဒေသနေ အရှိုချင်း ညီအစ်ကိုတို့ရဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ် (ဆလိုင်းမိုင်ခေတ်) အနေနဲ့ပြောမယ် ဆိုရင် “ဆလိုင်းမိုင်” ဆိုတဲ့ဝေါဟာရဟာ ချင်းမိသားစုဝင်အားလုံး ပိုင်ဆိုင်တဲ့ ဝေါဟာရပဲဖြစ်ပါတယ်။
ဒီဝေါဟာရကို တောင်ပေါ် – မြေပြန့် – တောင်ပိုင်း မြောက်ပိုင်း နေရာအနှံ့ အသုံးပြုလာကြတဲ့ အချိန်ကစပြီး၊ ဒီဝေါဟာရ ကို ချင်းမိသားစုဝင်အားလုံးရဲ့ ဘုံပိုင်ဝေါဟာရအဖြစ် သိမ်းကြုံးလိုက် တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီနေ့ဆလိုင်းမိုင် လူငယ်တွေဟာ “ဆလိုင်းမိုင်” အတွေးအခေါ်ကို စွဲကိုင်ကြပြီး မြေပြန့်ရယ်၊ တောင်ပေါ်ရယ်၊ တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်-ဟိုဖက်ဒီဖက်ကစ ခွဲခြားတဲ့ စိတ်ဓာတ် (ဒေသစိတ်ဓာတ်)ကို တစ်စတစ်စ ဖယ်ရှားလာ ကြပြီး ဖြစ်တဲ့အပြင်၊ သမိုင်းက တောင်းဆိုနေတဲ့ ဘုံဘာသာစကား (ဘုံစကား)ကိုလည်း အမြင်သစ်တွေနဲ့ ချဉ်းကပ် ရှာဖွေနေကြပါပြီ။

၁၀။ “ဆလိုင်းမိုင်စိတ်ဓာတ်” ရဲ့အရင်းအမြစ်ဟာဘာလဲ။

ဖြေ = ချင်းလူ့အဖွဲ့အစည်းမှာ ဘာသာ မျိုးကွဲပေါင်းမြောက်မြားစွာ ရှိတဲ့အလျှောက် ၁၉၆၅ ခုနှစ်ပတ်ဝန်းကျင်မှာ တောင်ပေါ်ချင်းဒေသ တွေ အလိုက်မိမိတို့ရဲ့ ဘာသာစကားအရ ကျား/မ အမည်ရှေ့မှာ သင်္ကေတမျိုးကွဲတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပါတယ်။
(Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် အကွဲကွဲအပြားပြား စတင်အသုံးပြုလာ ကြသည်။ ၁၀ နှစ်ခန့်ဖြတ်သန်းခဲ့ပြီး ၁၉၇၃ ခု နှစ် ရန်ကုန်တက္ကသိုလ် ခ-စ-ယ အစည်းအဝေးတစ်ခုမှာ ဒီလိုမျိုးကွဲ သင်္ကေတတွေကို အသုံးပြုမဲ့အစား အားလုံးဘုံအဖြစ်အသုံးပြုနိုင်မဲ့၊ “အသုံးပြုသင့်တဲ့” ကျား/မ သင်္ကေတတစ်ခုခုကို သတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတယ်…။
အဲ့ဒီအစည်းအဝေးမှာ (Salai-Mai) သာလျှင် ချင်းလူငယ်တွေရဲ့ “ဘုံ” ပိုင်ဆိုင်မှု ဝေါဟာရ သင်္ကေတဖြစ်သင့်တယ် ဆိုတာကို အများစုက လက်ခံခဲ့ကြပါတယ်။ ၁၉၇၄-ခုနှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင်မကြေငြာနိုင်ခဲ့ပါဘူး။ ၁၉ရရ -ခုနှစ် ခစယ အစည်းအဝေး ဆုံးဖြတ်ချက်မှာမှ ပီပီပြင်ပြင် ဖြစ်လာပြီး ကြေးမုံသတင်းစာမှာ သတင်းတစ်ခုအဖြစ် တိတိကျကျ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။
အရင်က (Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် သုံးစွဲကြတဲ့ “ဒေသသုံး” သင်္ကေတ ဝေါဟာရတွေကို “စွန့်လွှတ်ပြီး (Salai-Mai) ကို တခဲနက် ထောက်ခံအသုံးပြုလာကြပါတယ်။
မိမိတို့ရဲ့ ဒေသသုံး သင်္ကေတတွေ၊ မိမိတို့အသီးသီးရဲ့ ဒေသစွဲနှစ်သက်မှုတွေကို စွန့်လွှတ်ပြီး “ဘုံစိတ်ဓာတ်” စခန်းကို ရောက်လာနိုင်ကြတာမို့ ဒေသစွဲသမိုင်းအမွေဟောင်းတွေကို ပြတ်ပြတ်သားသား တွန်းလှန်စွန့်လှူနိုင်တဲ့ “ဆလိုင်း မိုင်စိတ်ဓာတ်” ကို ပိုင်ဆိုင်စွဲကိုင်နိုင်လာကြတာဖြစ်တယ်။
ဒီလို ဒေသစွဲကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုတွေကို စွန့်လွှတ်နိုင်တဲ့ “စိတ်ဓာတ်သစ်”ကို အစွဲပြုပြီး၊ ဒီလိုစိတ်ဓာတ်မျိုးကို ဒီနေ့ချင်း လူငယ်မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” လို့ တင်စားခေါ်ဝေါ်သမုတ် လိုက်တာပါပဲ။
တနည်းအားဖြင့် ချင်းလူငယ်မျိုးဆက်သစ်တွေဟာ ချင်းလူ့သမိုင်းမှာ ကဏ္ဍသစ်တရပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ချင်းလူ့ အဖွဲ့အစည်းရဲ့ (Renaissance) “ဉာဏ်သစ်လောင်း” ခေတ်တစ်ခု အစချီခဲ့တာပါပဲ။

၁၁။ “ဆလိုင်းမိုင်စိတ်ဓာတ်” ပေါ်ထွန်းလာတာကို ချင်းလူ့အဖွဲ့အစည်းရဲ့ (Renaissance) လို့ အမှန်တကယ် ခိုင်ခိုင်မာမာ သတ်မှတ်လို့ရသလား။

ဖြေ = ဒီလိုပဲ အခိုင်အမာ သတ်မှတ်နိုင်ပါတယ် (Renaissance) ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုက (Rebirth) ပြန်လည်မွေးဖွားခြင်း ဖြစ်ပါတယ်။
ဆလိုင်းမိုင်စိတ်ဓာတ်ဆိုတာ ရှေးချင်းဘိုးဘေးခေတ် မိသားစုစိတ်ဓာတ်၊ တခုတည်းသောစိတ်ဓာတ်၊ တစ်မျိုးတည်းသော ဘာသာစကား ထွန်းကားခဲ့တဲ့ သမိုင်းခေတ်ဦးကာလ၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးခေတ်မှာရှိခဲ့ပြီးသား ပိုင်ခဲ့ပြီးသား “ဘုံစိတ်ဓာတ်၊ ဘုံဘာသာစကား” ဆိုတာတွေ ပြန်လည်မွေးဖွား ရှင်သန်လာတာပဲ ဖြစ်ပါတယ်။
ဒီစိတ်ဓာတ်ဟာ အသစ်တွေ့ရှိချက်၊ အသစ်တီထွင်မှု မဟုတ်ဘူး၊ မတော်တဆ ပေါ်ပေါက်လာတဲ့ ကိစ္စလဲ မဟုတ်ပါဘူး။
အိပ်မက်ယောင်ပြီး ထအော်တာလဲ မဟုတ်ပါဘူး။ ရှေးချင်းဘိုးဘေးတွေရဲ့ တစ်မိတစ်ဝမ်းတည်း “မိသားစုစိတ်ဓာတ်” ပြန်လည်မွေဖွားခြင်း (Rebirth, Renaissance) ဉာဏ်သစ် လောင်းခြင်းပဲ ဖြစ်ပါတယ်။
ရှေးချင်းဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ အခြေခံအားဖြင့် ဘာမှကွာခြားမှုမရှိပါဘူး၊ တစ်ခုပဲခြားနား၊ ထူးခြားတာ ရှိပါတယ်။ ဒီစိတ်ဓာတ်ကို “ဆလိုင်းမိုင် စိတ်ဓာတ်” ရယ်လို့ တင်စားပြီး ဝေါဟာရတခုအားဖြင့် သတ်မှတ် သမုတ်ခေါ်ဝေါ်ခဲ့ကြတဲ့ အချက်တစ်ခု၊
ဘုံစိတ်ဆိုတာ လူမျိုးတိုင်းမှာ ကိုယ်စီရှိတဲ့သဘာ၀ ပိုင်ဆိုင်မှုဖြစ်တဲ့အလျှောက်
“အသင်းအဖွဲ့ကမဟုတ်။
ဦးဆောင်သူရယ်လို့လဲမလိုမရှိ။
ဖွဲ့စည်းခြင်းလဲမမည်” တဲ့ ခေတ်သမိုင်းရဲ့ မွေးထုတ်ပေးတဲ့ အရာကိစ္စ(ရိုးရိုးစင်းစင်း) တစ်ခုပဲ ဖြစ်ပါတယ်။

၁၂။ “ဆလိုင်းမိုင်” ဆိုတာ အစအဦးက မြေပြင်နေ “အရှိုချင်းအနွယ်ဝင်” တို့ရဲ့ ဝေါဟာရဖြစ်ပြီး၊ အခုခေတ်မှာတော့ ချင်းအမျိုးသားအားလုံးပိုင် ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဒါကို ပီပီပြင်ပြင် သိလိုပါတယ်။

ဖြေ = ၁၉၃၅ ခုနှစ်တုန်းက သရက်မြို့မှာ မြေပြန့်ချင်း ညီအစ်ကိုတို့ရဲ့ “နယ်ပေါင်းစုံအစည်းအဝေးတစ်ခု” ခေါ်ယူကျင်းပပြီး၊ ချင်းတွေရဲ့ အမည်နာမရှေ့မှာ ချင်းမှန်းသိအောင် (တစ်မိသားစုဝင်ဖြစ်ကြောင်း အမှတ်သင်္ကေတ တစ်ခုသတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။)
“ဆလိုင်းမိုင်”ဆိုတဲ့ သင်္ကေတဝေါဟာရကို ချင်းတို့ရဲ့ ကျား/မ သင်္ကေတအဖြစ် နာမည်ရှေ့မှာ အသုံးပြုမှုဟာ၊ ဒီအစည်းအဝေးကြီးကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဝေါဟာရဟာ၊ အရှိုချင်းတွေရဲ့ ဘာသာစကားမှာ အရင့်အရင် (ရှေး) ကတည်းက ရှိပြီးသားဖြစ်ပေမဲ့၊ နာမည်ရှေ့မှာ အသုံးပြုခဲ့ခြင်း မရှိခဲ့ကြပါဘူး။ တောင်ပေါ်ဒေသမှာ ဒီလိုသင်္ကေတ အသီးသီးစတင်တဲ့ ၁၉၆၅-ခုနှစ်ထက် အနှစ် ၃၀ စောပါတယ်။ ချင်းလူငယ်များရဲ့ “ဘုံ” သုံးဝေါဟာရ တစ်ခုရှာဖွေကြတဲ့ ၁၉၇၃ ခုနှစ်နဲ့ စာရင် အနှစ် ၄၀ စောပါတယ်။
အဲဒီအနှစ် ၄၀ ကာလမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအဝှမ်းမှာ “ဆလိုင်းမိုင်” ဆိုရင် ချင်း (မြေပြန့်ချင်းမှန်း) လူတိုင်းသိနေကြပါပြီ။ အနှစ် ၄၀ ဆိုတာ ရာစုနှစ်တခုရဲ့ “ထက်ဝက်” နီးနီးရှိပါတယ်။
အများသိပြီး နားလည်ပြီးဖြစ်တဲ့ “ဆလိုင်း-မိုင်” ကို အားလုံး “ဘုံ” သုံးအဖြစ် သတ်မှတ်နိုင်မှ သဘာဝကျ မယ်ဆိုတာကို နားလည်သဘောပေါက်ကြတဲ့အလျောက် “ဆလိုင်းမိုင်” ဆိုတဲ့ သင်္ကေတကို “ဘုံ” ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြတာပါပဲ။ ဒါကြောင့် ဒီဝေါဟာရဟာ ချင်းအမျိုးသားအားလုံးတို့ရဲ့ ပိုင်ဆိုင်မှု “အမျိုးသားပိုင်” ဖြစ်ပါတယ်။

၁၃။ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ ချင်းလူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ရေးရာ ကွဲပြားမှုတွေကို စုစည်းပေးတယ်လို့ဆိုပေမဲ့ ၁၉ရရ ခု၊ ပတ်ဝန်းကျင်မှာ ဆလိုင်းမိုင်ပြဿနာကြောင့် စည်းရုံးမှု တော်တော်ပျက်ပြားခဲ့ရတယ်လို့ သိရပါတယ်။ မှန်ပါသလား။

ဖြေ = ဂ မှားတယ်။
ဂ ဆလိုင်းမိုင်ပြဿနာ လုံးဝမရှိခဲ့ပါဘူး။
တဦးနဲ့တဦး နားလည်မှုကွာခြားတာတော့ ရှိခဲ့ပါတယ်။ အငြင်းပွားမှုကလေးတွေလည်း ရှိခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ ကမ္ဘာ့အတွေးအခေါ် သမိုင်းနဲ့ ကြည့်မယ်ဆိုရင် အသေးအဖွဲ့ ကိစ္စပါပဲ။ အတွေးအခေါ် သစ်တစ်ခု ပေါ်ထွန်းတိုင်း ပေါ်ထွန်းတိုင်း ဒီလိုကိစ္စမျိုး ရှိစမြဲ ဓမ္မတာပါပဲ။
ဒါပေမဲ့ အဲဒီအသစ်တွေဟာ မှန်ကန်တယ်၊ ရိုးသား တယ်၊ တကယ်တမ်း လူသားဝန်းကျင်ကို အကျိုးပြုတယ် လက်တွေ့ ကျတယ်ဆိုရင် တစ်နေ့တစ်ချိန်မှာ အားလုံးက လက်ခံလာကြတာ ချည်းပါပဲ။
ဒီနေ့ “ဆလိုင်း-မိုင်” တိုးတက်မှုကို လိုလားတဲ့ စည်းလုံးမှုကို လိုလားတဲ့၊ ရိုးသားစွာ တွေးခေါ်မြော်မြင် တဲ့ ချင်းလူငယ်တိုင်းက (အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ) နားလည် သဘောပေါက်ကြပါမယ်။
ဒါတင်မကပါဘူးကျွန်တော်တို့ အမိပြည်ထောင်စု အတွင်းနေထိုင်ကြတဲ့ အခြားတိုင်းရင်းသား ညီအစ်ကို တွေကိုယ်တိုင်က “ဆလိုင်း-မိုင်” ဆိုရင် “ချင်း” ဆိုတာကို လက်ခံ နေကြပါပြီ။
အခုကျွန်တော်တို့ရဲ့ဘဝကို စာနာထောက်ထားတဲ့ မြေပြန့် ညီအစ်ကိုတွေကိုယ်တိုင်ရဲ့ အားပေးကူညီမှုကို ခံယူနေပါပြီ။
ဒါကြောင့် “ဆလိုင်း-မိုင်” လှုပ်ရှားမှုဆိုတာ ချင်းလူ့အဖွဲ့အစည်းထဲမှာ “ပြဿနာတစ်ခုအဖြစ် ပေါ်ထွန်းလာတာ မဟုတ်ပဲ” နာတာရှည်ဒေသစွဲ သမိုင်းပြဿနာများပေးတဲ့ “သော့ချက်” သာလျှင် ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ ဒေသစွဲစိတ်ဓာတ်ကိုသာမက၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်တွေကိုပါ အမြစ်ပါ တွန်းလှန်နေတဲ့ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ စည်းလုံးမှု ပျက်ပြားခွင့်ပေးမှာ မဟုတ်ပါဘူး။

၁၄။ “ဆလိုင်း-မိုင် အတွေးအခေါ်” ကို လေ့လာဖို့ လိုပါသလား။
ဖြေ = “ဆလိုင်း-မိုင် အတွေးအခေါ်” ဆိုတာ စာတစ်စောင်တစ်တွဲ ကျမ်းဝန်တခုအဖြစ် ပေထက်အက္ခရာ တင်ရလောက်အောင် မရှိပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေးအခေါ်လဲ မဟုတ်ပါဘူး၊ ဒီအတွေးအခေါ်ကို လေ့လာဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဆလိုင်း-မိုင် ချင်းမျိုးနွယ်ဝင်တွေရဲ့ နှလုံးသားထဲကို နက်နက်ရိုင်းရိုင်း ၀င်ရောက်ဖို့ လိုအပ်ပါတယ်။
“ဆလိုင်း-မိုင် အတွေးအခေါ်”ဆိုတာဦးနှောက်ထဲ ယို်စီးတဲ့ အရာကိစ္စမဟုတ်ပဲ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ် တွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဓာတ်သာလျှင် ဖြစ်ပါတယ်။ ဆလိုင်းမိုင်အတွေးအခေါ်ဟာ ထာဝရရှင်သန်နေမှာ ပါပဲ။

၁၅။ ချင်းတွေရဲ့ နာမည်ရှေ့မှာ ဘုံသင်္ကေတအဖြစ် “ဆလိုင်း၊ မိုင်”လို့ အသုံးပြုခြင်းဟာ အခြားဝေါဟာရတွေဖြစ်တဲ့ (Taang Lia, Pa Nu, Val Leng) တွေကိုသုံးဖို့ မသင့်တော်လို့ လား၊ မကောင်းလို့လား။

ဖြေ = ၁၉၇၃-ခုနှစ် ရန်ကုန်တက္ကသိုလ် ခ.စ.ယ အစည်းအဝေးမှာ ဘုံဝေါဟာရကို စတင်ဆွေးနွေးခဲ့တုန်းက မည်သည့်ချင်းဝေါဟာရကို သတ်မှတ်အသုံးပြုရမယ်ဆိုပြီး၊ မူသေသတ်မှတ်ရန် ရည်ရွယ်မှု မရှိခဲ့ပါဘူး။ မည်သည့်ချင်းဝေါဟာရကိုမဆို တစ်ခုခုကိုသာ သင့်တော်ရင်သင့်တော်သလို ဘုံဝေါဟာရ၊ ဘုံသင်္ကေတအဖြစ် အခြေခံပြီး သတ်မှတ် သုံးစွဲကြဖို့ အခြေခံထား ဆွေးနွေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကြီးမှာအခြေအတင် အပြန်အလှန် တင်ပြ၊ ညှိနှိုင်းဆွေးနွေး၊ ငြင်းခုံကြပြီး ချင်းမျိုးနွယ်စုတွေရဲ့ နာမည် ရှေ့မှာ အသုံးပြုနေကြတဲ့ အမှတ်သင်္ကေတတွေ အသီးသီးအနက် “ဆလိုင်း-မိုင်” ကို ချင်းတစ်မျိုးသားလုံးရဲ့ သင်္ကေတအဖြစ် အသုံးပြုသင့်ကြောင်း အများက သဘောတူလက်ခံ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းမျိုးနွယ်တစ်ခုရဲ့ အမည်သင်္ကေတဟာ သက်ဆိုင်တဲ့မျိုးနွယ်စု တစ်ခုထဲရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အဆင့်ကနေ အမျိုးသားသင်္ကေတ (တစ်မျိုးသားလုံးရဲ့ ပိုင်ဆိုင်မှု) အဖြစ် အဆင်မြင့် ကျယ်ဝန်းလာခဲ့ပြီး၊ ကျန်တဲ့အခြားမျိုးနွယ် ၀င်အသီးသီးရဲ့အမည် သင်္ကေတတွေဟာ မြို့နယ်၊ မျိုးနွယ်၊ ဒေသကို လိုက်ပြီး အသုံးပြုကြတဲ့ သင်္ကေတအဆင့်မှသာ ကျန်ရစ်ခဲ့ကြပါတယ်။
မျိုးဆက်သစ် တော်တော်များများဟာလည်း မျိုးနွယ်စွဲ အသုံးပြုမှုတွေကို ချန်ရစ်ခဲ့ပြီး၊ ဆလိုင်းမိုင်ဆိုတဲ့ ဝေါဟာရနဲ့အတူ အရှေ့ကို တစ်လှမ်းတိုးနိုင်ခဲ့ကြပါတယ်။
ဒီနေရာမှာ “ဆလိုင်းမိုင်” ဆိုတဲ့ ဝေါဟာရသည်သာ “အကောင်း” ဖြစ်မယ်၊ အခြား ဝေါဟာရတွေဟာ မကောင်းဘူးလို့ ဆိုလိုရင်း လုံးဝမရှိပါဘူး၊ ဆလိုင်းမိုင်ဆိုတာ ဝေါဟာရလုပွဲလည်း မဟုတ်ဘူး။ အထက်ကပြောခဲ့တဲ့ အစည်းအဝေးအရ ဘုံအဖြစ် အသုံးပြုမယ့် ဝေါဟာရတစ်ခုကို အများသဘောတူညီမှုနဲ့ မဆုံးဖြတ် နိုင်တဲ့ကာလတခုလုံး (အသီးသီး)ဟာ မျိုးနွယ်အလိုက် အသုံးပြုမှုဆိုတဲ့ အဆင့်တန်းတူအဆင့်တန်းမှာပဲ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ “ဆလိုင်းမိုင်” ဟာ အများသဘောတူ ဘုုံပိုင်ဆိုတဲ့ နေရာကို ရရှိနိုင်ခဲ့တဲ့အတွက် “ချင်းတစ်မျိုးသားလုံးပိုင်” သင်္ကေတအဖြစ် အဆင့်မြင့်ကျယ်ပြန့်လာရပါတယ်။ ဒါကြောင့် ကောင်း/မကောင်းဆိုတာဟာ ဝေါဟာရစကားလုံးအရ၊ ခွဲခြားပြောဆို သတ်မှတ်လို့မရပါဘူး။ ဘုံပိုင်ဖြစ်လား၊ မဖြစ်ဘူးလား၊ အများသုံးလား၊ မျိုးနွယ်သုံးလား၊ ညီညွတ်ရေးလား၊ ကွဲပြားရေးလား ဆိုတာပေါ်မှာသာ ကောင်း/မကောင်းဆုုံးဖြတ်ခွဲခြား ဝေဖန်ရမှာ ဖြစ်ပါတယ်။
ဒီအမြင်ရှုဒေါင့်အရ “ဆလိုင်း-မိုင်” (ဘုံဝေါဟာရ သင်္ကေတ) သာလျှင် ချင်းလူမျိုးအတွက် အကောင်းဆုံး အသင့်တော်ဆုံးသုံး ရမဲ့ ဝေါဟာရဖြစ်ကြောင်း ထင်ရှားပါတယ်။

၁၆။ အရှိုချင်းနွယ်ဝင်တို့ရဲ့ ပါးစပ်သမိုင်းအရ (Salai Mai) ဆိုတဲ့ ဝေါဟာရဟာ ချင်းအမျိုးသားတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသုံးပြုကြဖို့ (Mother God) က ပေးလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိိုနားလည် လက်ခံထားကြပါသလဲ။

ဖြေ = ဘာသာ ဗေဒပညာရှင်တို့ရဲ့အဆိုအရ စကားလုုံး ဝေါဟာရတွေဟာ ၎င်းင်းတို့ရဲ့ ကိုယ်ပြုရာ အရာဝတ္ထု (သို့မဟုတ်) စိတ်၊နာမ် ခံစားမှုဖြစ်စဉ်တို့နဲ့ သီးခြားကင်းလွတ်ပြီး ပေါ်ပေါက်လာ တယ်လို့ ဆိုကြပါတယ်။ စကားလုံး ဝေါဟာရတွေဟာ အမှတ် အသား၊ သင်္ကေတသက်သက်သာလျှင်ဖြစ်ကြောင်း ဖွင့်ဆိုကြပါ တယ်။ ဒါဟာ ဒီနေ့ခေတ်သစ် ဘာသာဗေဒ ပညာရှင်တို့ရဲ့ အဆိုဖြစ် ပြီး အထက်ပါအဆိုဟာ ဒဏ္ဍရီဆန်တဲ့ အဆိုသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီပုံပြင်တွေဟာလည်း၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဘဏ်တိုက်ထဲက ကျောက်မျက်ရတနာ တပါးပါပဲ။
ဒါပေမဲ့ ဒီနေ့မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်” ဆိုတာကို ဝေါဟာရအရသော်လည်းကောင်း၊ အဓိပ္ပါယ် အရသော်လည်းကောင်း၊ အခြေခံပြီး လက်ခံသုံးစွဲကြတာ မဟုတ်ပဲ “အသုံးပြုမှု” အတိုင်းအတာနဲ့ ဖြစ်တဲ့ “ဘုံသုံး (ညီညွတ်ရေး) ဝေါဟာရဖြစ်ခြင်း” ဆိုတဲ့အပေါ်မှာ မူတည်ပြီး အလေးအနက်ထား သုံးစွဲကြတာ ဖြစ်ပါတယ်။

၁၇။ “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာနဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။

ဖြေ = စာရင်းဇယားအရ အရေအတွက် ကောက်ယူတင်ပြဖို့ မဖြစ်နိုင်ပေမဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာ ဆလိုင်းမိုင်ကို လက်ခံအသုံးပြုသူတွေ ရှိနေကြပါတယ်။ အသုံးပြုမှု အနည်းအများ ကွာခြားမှုရှိတာကလွဲရင်လုံးဝသုံးစွဲ သူမရှိတဲ့ မြို့နယ် မရှိပါဘူး။
ဒါပေမဲ့ ဆလို်င်းမိုင် လှုပ်ရှားမှု စတင်ခဲ့တဲ့ ဒီ(၁၀) စုနှစ်အတွင်း သဘောပေါက် လက်ခံအသုံးပြုမှုဟာ တစ်စတစ်စ ကျယ်ပြန့်နေတာကို လက်တွေ့သိရှိမြင်တွေနေရပါတယ်။
အချိန်ဆိုတာ အယူအဆသစ်ရဲ့ ဘက်တော်သားအဖြစ် သစ္စာရှိရှိ ထာဝစဉ် ရပ်တည်လေ့ရှိပါတယ်။
လောလောဆယ်အားဖြင့် ခေတ်ဟောင်း အမွေဆိုးရဲ့ လောင်းရိပ် အောက်ကနေ မရုန်းထွက်နိုင်ကြသေး တဲ့ မျိုးဆက်ဟောင်း (OLD GENERATION) နဲ့ အဲဒီမျိုးဆက် ဟောင်းရဲ့ တားဆီး ပိတ်ဆို့ဟန့်တားမှုကို ခံနေကြရတဲ့ ရိုးသားတဲ့ မျိုးဆက် သစ်တွေဟာ “ဆလိုင်း-မိုင်” ရဲ့ အနှစ်သာရကို မသိကျိုးကျွန် ပြုလို့မရ၊ တစ်စတစ်စသိရှိလာကြပြီ ဖြစ်တဲ့အတွက် “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာဟာ နောင် အသစ်အသစ်သော ပေါ်ထွန်းဦးမဲ့ မျိုးဆက်သစ်တွေ အထိ ကောင်းမွန်တောက်ပတဲ့ အလားအလာ တွေကို မျှော်လင့်နိုင်ကြပါပြီ။
ဆလိုင်းမိုင်စိတ်ဓာတ်ရဲ့ မွန်မြတ်မြင့်မားတဲ့ အရှိန် အဟုန်တွေဟာ လာလတ္တံ့သော အနာဂတ်ချင်း လူ့အဖွဲ့အစည်း အတွက် သစ်လွင်တဲ့ ဖြစ်ပေါ်တိုးတက်မှုပေါင်း မြောက်မြားစွာကို မုချမလွဲ ဆောင်ကျဉ်းပေးမယ်ဆိုတာကို အခိုင်အမာ ယုံကြည်လို့ရပါ ပြီ။

(အောက်ချင်းငှက် (VAKOK) စာစဉ် အတွဲ (၂) အမှတ် (၃) (၃၄-နှစ်မြောက် ချင်းအမျိုးသားနေ့အထူး ထုတ်) အတွဲ (၃) အမှတ် ၁း၂ တွင် ဖေါ်ပြခဲ့သော ဆလိုင်-မိုင် အမေးအဖြေကို ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂ တွင် ပြန်လည် ဖြည့်စွတ်၍ တင်ပြခြင်း ဖြစ်သည်။)(Voice of Chindwinn) မှ ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။



Salai Zo Sangpy














Zawgyi Version:
၁။ “ဆလုိင္း” ရဲ႕ အဓိပၸါယ္ဟာ ဘာလဲ။

ေျဖ = “ဆလုိင္း” ဆုိတဲ့ ခ်င္းေ၀ါဟာရရဲ႕ အဓိပၸါယ္ကေတာ့ “ရဲစြမ္းသတၱိႏွင့္ ျပည့္စုံေသာ သားေကာင္းေယာက်္ား” ပဲ ျဖစ္ပါတယ္။

၂။ “မုိင္” ရဲ႕ အဓိပၸါယ္ဟာ ဘာလဲ။

ေျဖ = “မုိင္” ဆုိတာကေတာ့ “သားေကာင္း ရတနာမ်ားကုိ ေမြးဖြားေပးမည့္ ေမြးဖြားေပးေသာ မိန္းမျမတ္” လုိ႔ ခ်င္းလုိ အဓိပၸါယ္ ရပါတယ္။

၃။ “ဆလုိင္း – မုိင္” ဆုိတာ ဘာလဲ။

ေျဖ = “ဆလုိင္း – မုိင္” ဆုိတာကေတာ့ ဒီေန႔ေခတ္ ခ်င္းလူငယ္ မ်ိဳးဆက္သစ္ေတြရဲ႕ အမည္နာမ အေရွ႕မွာ “အမ်ိဳးသားယဥ္ေက်းမႈ သစ္” တစ္ရပ္အေနနဲ႔ အသုံးျပဳလာၾကတဲ့ “အမ်ိဳးသားသေကၤတ” တစ္ရပ္ပဲ ျဖစ္ပါတယ္။ ခ်င္းလူငယ္ ေယာက်္ားမ်ားရဲ႕ အမည္နာမ ေရွ႕မွာ “ဆလုိင္း”၊ ခ်င္းလူငယ္ အမ်ိဳးသမီးရဲ႕ အမည္နာမအေရွ႕မွာ “မုိင္” ရယ္လုိ႔ “ခ်င္း” အမ်ိဳးသား/အမ်ိဳးသမီး အမွတ္သေကၤတအျဖစ္ သုံးစြဲၾကျခင္း ျဖစ္ပါသည္။


၄။ “ဆလုိင္းနဲ႔ မုိင္” ကုိ ခ်င္းလူငယ္ေတြရဲ႕ အမည္နာမအေရွ႕မွာ အသုံးျပဳလာၾကျခင္းအားျဖင့္ ဘယ္လုိ ထူူးျခားမႈရွိပါသလဲ။

ေျဖ = ယေန႔ခ်င္းလူငယ္မ်ဳိးဆက္သစ္ေတြဟာ “ဆလုိင္းနဲ႔ မုိင္” ကုိ အသုံးျပဳၾကျခင္းအားျဖင့္ က်ယ္၀န္းလွတဲ့ ေဒသအသီးသီးမွာ ျပန္႔ႏွံ႔ေနထုိင္ၾကၿပီး၊ အမည္မွည့္ေခၚပုံနဲ႔ ဘာသာစကား သုံးႏႈန္းမႈျခင္း ေျမာက္ျမားစြာ ကြဲျပားေနခဲ့ၾကတဲ့ ခ်င္းမိသားစု၀င္ တစ္ဦးနဲ႔တစ္ဦး “တစ္မိသားစု၀င္တည္းျဖစ္ေၾကာင္း” အလြယ္တကူ သိရွိႏုိင္ၾကပါတယ္။
ယခင္ကဆုိယင္ ခ်င္းအမ်ဳိးသားရဲ႕ အမည္မွည့္ေခၚပံု ကြဲျပားျခားနားမႈ၊ ဘာသာ စကားကဲြျပားမႈ၊ ေနရာေဒသ ကြဲျပားမႈေတြ ေၾကာင့္၊ မိမိတုိ႔ရဲ႕ အမ်ဳိးသားအခ်င္းခ်င္း မသိရွိခဲ႔ၾကတဲ႔အျဖစ္ေတြ မၾကာခဏႀကဳံေတြ႔ခဲ႔ရပါတယ္။
ဆလုိင္း-မုိင္ဆုိတာ ခ်င္းမ်ဳိးဆက္သစ္ေတြရဲ႕ အမည္ေရွ႕မွာ “ယဥ္ေက်းမႈ” အသစ္အေနနဲ႔ အသံုးျပဳလာတဲ႔ အမ်ဳိးသား သေကၤတတစ္ခု ျဖစ္တယ္။
ခ်င္းလူမ်ဳိးတုိင္း ဆလုိင္း-မုိင္ကုိ ေလးေလးနက္နက္ သံုးစဲြလာၾကတဲ႔အခ်ိန္မွာေတာ႔ အားကစားေလာက၊ ဂီတေလာက၊ အႏုပညာနယ္ပယ္၊ ေက်ာင္းသားေလာက၊ ၀န္ထမ္းေလာက အစရွိတဲ႔ အသုိင္းအ၀ို္င္း အသီးသီးမွာ တစ္ဦးနဲ႔တစ္ဦး အမ်ဳိးသားခ်င္း အလြယ္တကူ သိရွိႏုိင္ၾကၿပီး အားေပးစရာ၊ ဂုုဏ္ယူစရာ၊ ယုိ္င္းပင္းစရာ ရွိရင္လည္း တစ္ဦးနဲ႔တစ္ဦး ပုိမုိလြယ္ကူစြာ သိရွိနီးစပ္ခြင့္ကုိ ရရွိႏုိင္ၾကပါတယ္။

၅။ “ဆလုိင္းနဲ႔ မုိင္” ကုိ သံုးစဲြျခင္းအားျခင့္၊ ခ်င္းလူငယ္ေတြရဲ႕ စည္းလံုးညီၫြတ္မႈကို ေဖာ္က်ဴးတယ္လုိ႔ ဆုိႏုိင္ပါသလား။

ေျဖ = ဟုတ္ပါတယ္၊ ေဒသအသီးသီးမွာ ကြဲကြဲျပားျပား ေနထုိင္ၾက ရတဲ႔ ခ်င္းမိသားစု၀င္ေတြကုိ “ဆလုိင္း-မုိင္” ေ၀ါဟာရ ၂ ခုက စုစည္း ေပးလုိက္ပါတယ္။ ဒါေပမဲ႔ ဒီေ၀ါဟာရ ၂ ခုကုိ သံုးစြဲ႐ုံနဲ႔ ခ်င္းအမ်ဳိးသားစည္းလံုးညီၫြတ္ေရးကုိ မရရွိႏုိင္ေသးပါဘူး။
“ဆလုိင္း-မုိင္” ကုိ ဒီေန႔ခ်င္းလူငယ္ေတြ အသံုးျပဳလာ ျခင္းဟာ ခ်င္းလူငယ္ေတြအတြက္ ဘံုေ၀ါဟာရအသံုးအေဆာင္ တစ္ရပ္ကုိ ပုိင္ဆုိင္လာတဲ႔ “ပထမ” အဆင့္မွာပဲ ရွိပါတယ္။ တနည္း အားျဖင့္ “ဆလုိင္း-မုိင္” ဆုိတာ (UNIFORM) (တသမတ္တည္း ျဖစ္ေပၚမႈ) ဒါမွမဟုတ္ (UNIFORMITY) (တသမတ္တည္းျဖစ္ ျခင္း တဆင္တည္းတူညီျခင္း) ဆုိတဲ႔ တဆင့္မွသာ ရွိပါတယ္။ ဒီပထမအဆင့္မွာ ခ်င္းလူငယ္ေတြ အေနနဲ႔ (UNIFORMITY) အဆင့္ကုိ ရယူပုိင္ဆုိင္ၿပီးတဲ႔အျပင္၊ ဒုတိယအဆင့္ျဖစ္တဲ႔ “ဆလုိင္းမုိင္ စိတ္ဓာတ္” ကုိ ပုိင္ဆုိင္ရယူႏုိင္ၾကမွ သာလွ်င္ တကယ္နက္႐ႈိင္းတ႔ဲ စည္းလံုးညီၫြတ္ေရး (UNITY) ကုိ တည္ေဆာက္ႏုိင္ၾကမွာ ျဖစ္ပါတယ္။

၆။ “ဆလုိင္း-မုိင္ စိတ္ဓာတ္” ဆုိတာဘာလဲ။

ေျဖ = ဒီေမးခြန္းကုိ ရွင္းရွင္းလင္းလင္း ေျဖဆုိႏုိင္ဖုိ႔အတြက္ “ေဒသစဲြ မ်ဳိးႏြယ္စဲြ စိတ္ဓာတ္” ဆုိတာေတြ အရင္ရွင္းရပါလိမ္႔မယ္။ ေဒသစဲြ စိတ္ဓာတ္ဆုိတာ မိမိရဲ႕ေနထုိင္ရာ မိမိမ်ဳိးႏြယ္တုိ႔ရဲ႕ က်က္စား ရာေဒသ ေသးေသးႏုပ္ႏုပ္ကုိသာ ျမင္ၿပီး မိမိရဲ႕ေဒသ ေကာင္းစား ေရးတစ္ခုထဲကုိသာ ပဓာနထားအာ႐ုံစူးစုိက္တဲ႔ စိတ္ဓာတ္ျဖစ္ပါ တယ္။ တနည္းဆုိရရင္ တစ္စုတစ္ေ၀းတည္းဆုိတဲ႔ ခ်င္းတစ္မ်ဳိးသားလံုးရဲ႕ မိသားစုအျမင္ေတြကုိ မဆုပ္ကိုင္ပဲ ေမ႔ေလ်ာ႔ဖယ္ရွားထားၿပီး၊ ခ်င္းမိသားစု၀င္ေတြရဲ႕တုိးတက္မႈ၊ စည္းလံုးမႈကုိ မုိက္မုိက္မဲမဲ ဟန္႔တားေနတဲ႔သမုိင္းရဲ႕ ဆုိးေမြအျမင္ေဟာင္းပဲ ျဖစ္ပါတယ္။
ဒီေဒသစဲြ/မ်ဳိးႏြယ္စဲြ စိတ္ဓာတ္ဟာ “ဆလုိင္းမုိင္ စိတ္ဓာတ္” ဆုိတဲ႔ ခ်င္းမိသားစု၀င္ စိတ္ဓာတ္နဲ႔ ျပဒါးတစ္လမ္း သံတစ္လမ္း လံုးလံုးလ်ားလ်ား ကဲြျပားဆန္႔က်င္ေနပါတယ္။ ဒီမတူညီတဲ႔အျမင္ (စိတ္ဓာတ္) ႏွစ္ခုဟာ တစ္ခုက စိတ္ဓာတ္ေရးရာ၊ အေတြးအေခၚေရးရာဆုတ္မႈကို ျပၫႊန္းေနၿပီး၊ တစ္ခုက စိတ္ဓာတ္ ေရးရာ အေတြးအေခၚေရးရာ တုိးတက္မႈကုိ ေဖာ္က်ဴးေနပါတယ္။ ဆလုိင္းမုိင္စိတ္ဓာတ္ဟာ ခ်င္းမိသားစု၀င္အားလံုးရဲ႕ တုိးတက္ဖြံ႔ၿဖဳိးမႈ၊ စည္းလံုးညီၫႊတ္မႈကိုလုိလားတဲ႔ “တိုးတက္တဲ႔” စိတ္ဓာတ္ပဲျဖစ္ ပါသည္။
ဆလုိင္းမုိင္စိတ္ဓာတ္ဟာ ေခတ္ေဟာင္းကုိခ်န္ထားၿပီး ေခတ္သစ္ကုိ ေတာင္းဆုိဦးတည္ျပဳေနတဲ႔ စိတ္ဓာတ္သာ ျဖစ္ပါတယ္။

၇။ ဆလုိင္းမုိင္ စိတ္ဓာတ္ဟာ ခ်င္း သမုိင္းရဲ႕ေတာင္းဆုိမႈေၾကာင့္ ေပၚေပါက္လာတယ္လုိ႔ အခုိင္အမာ ေျပာလုိ႔ရပါသလား။

ေျဖ = ရပါတယ္။ ပေ၀သဏီ ေရွးခ်င္းဘုိးေဘးေတြေခတ္မွာ ပုိင္ဆုိင္လာခဲ႔တဲ႔ “တစ္မိ တစ္၀မ္း စိတ္ဓာတ္ေတြ”၊ ဘာသာစကား တစ္ခုတည္းကိုသာ ေျပာဆုိသံုးႏႈန္းခဲ႔တ႔ဲ လွပမြန္ျမတ္တဲ႔ အတိတ္ေခတ္ေတြဟာ – ေတာေတာင္ေရေျမ ပထ၀ီအေနအထားနဲ႔ ပတ္၀န္းက်င္ ပေရာဂ အသီးသီးေၾကာင့္၊ မိသားစု အစည္းေျပခဲ႔ၿပီး ဘာသာစကားမွအစ စိတ္ဓာတ္၊ အျမင္ေရးရာ ေတြမွာလည္း တစ္မ်ဳိးတစ္ဘာသာ တရြာတပုတ္ဆန္းခဲ႔ၾကပါတယ္။
အရင္ကပုိင္ဆုိင္ခဲ႔တဲ႔ “တစ္မိတစ္၀မ္း စိတ္ဓာတ္” ေတြ ေပ်ာက္သုဥ္းၿပီးတဲ႔ ေခတ္ကာလဟာ အက်ည္းတန္ဆုိး၀ါးၿပီး ရွည္လ်ားတဲ႔ သမုိင္းေၾကာင္းတစ္ရပ္ကုိ ခ်င္းမိသားစု၀င္ေတြ ျဖတ္သန္း ခဲ႔ၾကရတာပါ။
ခ်င္းလူ႔သမုိင္း တစ္ေလွ်ာက္မွာ ျပန္လည္စုစည္းဖုိ႔ အတြက္ သူ႔ေခတ္သူ႔အခါ သူ႔အေျခအေနအရ အမ်ဳိးမ်ဳိးႀကိဳးပမ္းခဲ႔ၾက ပါတယ္။ ပေ၀သဏီက ပုိင္ဆုိင္ခဲ႔တ႔ဲ မိသားစုစိတ္ဓာတ္ေကာင္း ေတြကုိ ျပန္လည္ေဖာ္ထုတ္ဖုိ႔ သမုိင္းတစ္ေလွ်ာက္မွာ “လုိအပ္” ေနခဲ႔ပါ တယ္။
ဒီ “လုိအပ္မႈ” သည္ပင္လွ်င္ သမုိင္းရဲ႕ေတာင္းဆုိမႈ ျဖစ္တယ္လုိ႔ အခုိင္အမာ ဆုိႏုိင္ပါတယ္။ ဒီသမုိင္းရဲ႕ ေတာင္းဆုိမႈကုိ ျဖည့္စည္းႏုိင္ေရးအတြက္ ဒီကေန႔ “ဆလုိင္း-မုိင္” လူငယ္မ်ဳိးဆက္ေတြက “ဆလုိင္းမုိင္စိတ္ဓာတ္” ဆုိတဲ႔ ခ်င္းမိသားစု၀င္ စိတ္ဓာတ္ကုိ ျပန္လည္ျပဳစုပ်ဳိးေထာင္ေနတာျဖစ္ပါတယ္။ “ဆလုိင္း-မုိင္ စာေပ” ေတြဟာ လဲြပ်က္သုဥ္းခဲ႔တ႔ဲ မိသားစုစိတ္ဓာတ္ေတြ ျပန္လည္ရွင္သန္ ႀကီးထြားဖုိ႔အတြက္ သမုိင္းရဲ႕ေတာင္းဆုိမႈအရ ေပၚထြန္းလာရပါတယ္။

၈။ “ဆလုိင္းမုိင္စာေပ” ဆုိတာဘာလဲ။

ေျဖ = “ဆလုိင္း-မုိင္စာေပ” ဆုိတာကေတာ႔ ခ်င္းမိသားစုစိတ္ဓာတ္ ျပန္လည္ရွင္သန္ေရးအတြက္ အေတြးအျမင္သစ္ေတြကုိ ေဖၚထုတ္တဲ႔ စာေပျဖစ္ပါတယ္။ မည္သည့္ ဘာသာစကား (ခ်င္း၊ ဗမာ၊ အဂၤလိပ္…) နဲ႔ပဲ ေရးသည္ျဖစ္ေစ “ခ်င္းမိသားစု၀င္ေတြ ျပန္လည္စုစည္းေရး၊ “ခ်င္းမိသားစုစိတ္ဓာတ္” ရွင္သန္ႀကီးထြားေရး အတြက္ ေရးသား၊ လႈံ႕ေဆာ္၊ တုိက္တြန္းတဲ႔-ေဆာင္ပါး၊ ၀တၳဳ၊ ကဗ်ာ၊ ကာတြန္း၊ စာၫႊန္႔စတဲ႔စာေပအားလံုးကို ၿခံဳငံုၿပီး “ဆလုိင္းမုိင္စာေပ” လုိ႔ တင္စား ေခၚေ၀ၚၾကတာျဖစ္တယ္။

၉။ “ဆလုိင္း” နဲ႔ “မုိင္” ေဝါဟာရဟာ မည္သည့္ ခ်င္းအမ်ဳိး ႏြယ္တုိ႔ရဲ႕ ဘာသာစကားျဖစ္ပါသလဲ။

ေျဖ = ေျမျပန္႔ေဒသေန အ႐ႈိခ်င္း ညီအစ္ကိုတို႔ရဲ႕ ေဝါဟာရပဲ ျဖစ္ပါတယ္။ ဒါေပမဲ႔ အခုေခတ္ (ဆလုိင္းမုိင္ေခတ္) အေနနဲ႔ေျပာမယ္ ဆုိရင္ “ဆလုိင္းမုိင္” ဆုိတဲ႔ေဝါဟာရဟာ ခ်င္းမိသားစုဝင္အားလံုး ပုိင္ဆုိင္တဲ႔ ေဝါဟာရပဲျဖစ္ပါတယ္။
ဒီေဝါဟာရကုိ ေတာင္ေပၚ – ေျမျပန္႔ – ေတာင္ပုိင္း ေျမာက္ပုိင္း ေနရာအႏွံ႕ အသံုးျပဳလာၾကတဲ႔ အခ်ိန္ကစၿပီး၊ ဒီေဝါဟာရ ကုိ ခ်င္းမိသားစုဝင္အားလံုးရဲ႕ ဘုံပုိင္ေဝါဟာရအျဖစ္ သိမ္းၾကံဳးလုိက္ တယ္လုိ႔ ဆုိရပါလိမ္႔မယ္။
ဒီေန႔ဆလုိင္းမုိင္ လူငယ္ေတြဟာ “ဆလုိင္းမုိင္” အေတြးအေခၚကုိ စြဲကုိင္ၾကၿပီး ေျမျပန္႔ရယ္၊ ေတာင္ေပၚရယ္၊ ေတာင္ပုိင္းရယ္၊ ေျမာက္ပုိင္းရယ္-ဟုိဖက္ဒီဖက္ကစ ခဲြျခားတဲ႔ စိတ္ဓာတ္ (ေဒသစိတ္ဓာတ္)ကို တစ္စတစ္စ ဖယ္ရွားလာ ၾကၿပီး ျဖစ္တဲ႔အျပင္၊ သမုိင္းက ေတာင္းဆုိေနတဲ႔ ဘံုဘာသာစကား (ဘံုစကား)ကုိလည္း အျမင္သစ္ေတြနဲ႔ ခ်ဥ္းကပ္ ရွာေဖြေနၾကပါၿပီ။

၁၀။ “ဆလုိင္းမုိင္စိတ္ဓာတ္” ရဲ႕အရင္းအျမစ္ဟာဘာလဲ။

ေျဖ = ခ်င္းလူ႕အဖြဲ႔အစည္းမွာ ဘာသာ မ်ဳိးကဲြေပါင္းေျမာက္ျမားစြာ ရွိတဲ႔အေလွ်ာက္ ၁၉၆၅ ခုႏွစ္ပတ္၀န္းက်င္မွာ ေတာင္ေပၚခ်င္းေဒသ ေတြ အလုိက္မိမိတုိ႔ရဲ႕ ဘာသာစကားအရ က်ား/မ အမည္ေရွ႕မွာ သေကၤတမ်ဳိးကြဲေတြ အမ်ဳိးမ်ဳိးေပၚေပါက္ခဲ႔ပါတယ္။
(Taang-Lia, Pa-Nu, Val-Leng) … စသည္ျဖင့္ ေဒသအလုိက္ အကဲြကဲြအျပားျပား စတင္အသံုးျပဳလာ ၾကသည္။ ၁၀ ႏွစ္ခန္႔ျဖတ္သန္းခဲ႔ၿပီး ၁၉၇၃ ခု ႏွစ္ ရန္ကုန္တကၠသုိလ္ ခ-စ-ယ အစည္းအေ၀းတစ္ခုမွာ ဒီလုိမ်ဳိးကဲြ သေကၤတေတြကို အသံုးျပဳမဲ႔အစား အားလံုးဘံုအျဖစ္အသံုးျပဳႏုိင္မဲ႔၊ “အသံုးျပဳသင့္တဲ႔” က်ား/မ သေကၤတတစ္ခုခုကုိ သတ္မွတ္ဖုိ႔ ေဆြးေႏြးခဲ႔ၾကတယ္…။
အဲ႔ဒီအစည္းအေ၀းမွာ (Salai-Mai) သာလွ်င္ ခ်င္းလူငယ္ေတြရဲ႕ “ဘံု” ပုိင္ဆုိင္မႈ ေ၀ါဟာရ သေကၤတျဖစ္သင့္တယ္ ဆုိတာကုိ အမ်ားစုက လက္ခံခဲ႔ၾကပါတယ္။ ၁၉၇၄-ခုႏွစ္ ေမာင္မယ္ သစ္လြင္ႀကိဳဆုိပြဲမွာ စတင္အသံုးျပဳခဲ႔ၾကပါတယ္။ ဒါေပမယ္႔ တရား၀င္မေၾကျငာႏုိင္ခဲ႔ပါဘူး။ ၁၉၇၇ -ခုႏွစ္ ခစယ အစည္းအေ၀း ဆံုးျဖတ္ခ်က္မွာမွ ပီပီျပင္ျပင္ ျဖစ္လာၿပီး ေၾကးမံုသတင္းစာမွာ သတင္းတစ္ခုအျဖစ္ တိတိက်က် ပီပီျပင္ျပင္ ျဖစ္လာခဲ႔ပါတယ္။
အရင္က (Taang-Lia, Pa-Nu, Val-Leng) … စသည္ျဖင့္ ေဒသအလုိက္ သံုးစြဲၾကတဲ႔ “ေဒသသံုး” သေကၤတ ေ၀ါဟာရေတြကို “စြန္႔လႊတ္ၿပီး (Salai-Mai) ကုိ တခဲနက္ ေထာက္ခံအသံုးျပဳလာၾကပါတယ္။
မိမိတုိ႔ရဲ႕ ေဒသသံုး သေကၤတေတြ၊ မိမိတုိ႔အသီးသီးရဲ႕ ေဒသစြဲႏွစ္သက္မႈေတြကို စြန္႔လႊတ္ၿပီး “ဘံုစိတ္ဓာတ္” စခန္းကို ေရာက္လာႏုိင္ၾကတာမုိ႔ ေဒသစဲြသမုိင္းအေမြေဟာင္းေတြကုိ ျပတ္ျပတ္သားသား တြန္းလွန္စြန္႔လွဴႏုိင္တဲ႔ “ဆလုိင္း မိုင္စိတ္ဓာတ္” ကို ပုိင္ဆုိင္စဲြကုိင္ႏုိင္လာၾကတာျဖစ္တယ္။
ဒီလုိ ေဒသစဲြႀကိဳက္ႏွစ္သက္မႈ၊ ေရြးခ်ယ္မႈေတြကို စြန္႔လႊတ္ႏုိင္တ႔ဲ “စိတ္ဓာတ္သစ္”ကို အစဲြျပဳၿပီး၊ ဒီလုိစိတ္ဓာတ္မ်ဳိးကုိ ဒီေန႔ခ်င္း လူငယ္မ်ဳိးဆက္သစ္ေတြက “ဆလုိင္းမုိင္စိတ္ဓာတ္” လုိ႔ တင္စားေခၚေ၀ၚသမုတ္ လုိက္တာပါပဲ။
တနည္းအားျဖင့္ ခ်င္းလူငယ္မ်ဳိးဆက္သစ္ေတြဟာ ခ်င္းလူ႔သမုိင္းမွာ က႑သစ္တရပ္ကုိ စတင္ဖြင့္လွစ္ႏုိင္ခဲ႔ၿပီး ခ်င္းလူ႔ အဖဲြ႔အစည္းရဲ႕ (Renaissance) “ဥာဏ္သစ္ေလာင္း” ေခတ္တစ္ခု အစခ်ီခဲ႔တာပါပဲ။

၁၁။ “ဆလုိင္းမုိင္စိတ္ဓာတ္” ေပၚထြန္းလာတာကုိ ခ်င္းလူ႔အဖြဲ႔အစည္းရဲ႕ (Renaissance) လုိ႔ အမွန္တကယ္ ခုိင္ခုိင္မာမာ သတ္မွတ္လုိ႔ရသလား။

ေျဖ = ဒီလုိပဲ အခုိင္အမာ သတ္မွတ္ႏုိင္ပါတယ္ (Renaissance) ဆုိတဲ႔ ေ၀ါဟာရရဲ႕ အဓိပၸါယ္ကုိက (Rebirth) ျပန္လည္ေမြးဖြားျခင္း ျဖစ္ပါတယ္။
ဆလုိင္းမုိင္စိတ္ဓာတ္ဆုိတာ ေရွးခ်င္းဘုိးေဘးေခတ္ မိသားစုစိတ္ဓာတ္၊ တခုတည္းေသာစိတ္ဓာတ္၊ တစ္မ်ဳိးတည္းေသာ ဘာသာစကား ထြန္းကားခဲ႔တဲ႔ သမုိင္းေခတ္ဦးကာလ၊ ကြၽန္ေတာ္တုိ႔ရဲ႕ ဘုိးေဘးေခတ္မွာရွိခဲ႔ၿပီးသား ပုိင္ခဲ႔ျပီးသား “ဘံုစိတ္ဓာတ္၊ ဘံုဘာသာစကား” ဆုိတာေတြ ျပန္လည္ေမြးဖြား ရွင္သန္လာတာပဲ ျဖစ္ပါတယ္။
ဒီစိတ္ဓာတ္ဟာ အသစ္ေတြ႔ရွိခ်က္၊ အသစ္တီထြင္မႈ မဟုတ္ဘူး၊ မေတာ္တဆ ေပၚေပါက္လာတဲ႔ ကိစၥလဲ မဟုတ္ပါဘူး။
အိပ္မက္ေယာင္ၿပီး ထေအာ္တာလဲ မဟုတ္ပါဘူး။ ေရွးခ်င္းဘုိးေဘးေတြရဲ႕ တစ္မိတစ္၀မ္းတည္း “မိသားစုစိတ္ဓာတ္” ျပန္လည္ေမြဖြားျခင္း (Rebirth, Renaissance) ဥာဏ္သစ္ ေလာင္းျခင္းပဲ ျဖစ္ပါတယ္။
ေရွးခ်င္းဘုိးေဘးေတြ ပုိင္ဆုိင္ခဲ႔တဲ႔ စိတ္ဓာတ္နဲ႔ အေျခခံအားျဖင့္ ဘာမွကြာျခားမႈမရွိပါဘူး၊ တစ္ခုပဲျခားနား၊ ထူးျခားတာ ရွိပါတယ္။ ဒီစိတ္ဓာတ္ကုိ “ဆလုိင္းမိုင္ စိတ္ဓာတ္” ရယ္လုိ႔ တင္စားၿပီး ေ၀ါဟာရတခုအားျဖင့္ သတ္မွတ္ သမုတ္ေခၚေ၀ၚခဲ႔ၾကတဲ႔ အခ်က္တစ္ခု၊
ဘံုစိတ္ဆုိတာ လူမ်ဳိးတုိင္းမွာ ကုိယ္စီရွိတဲ႔သဘာ၀ ပုိင္ဆုိင္မႈျဖစ္တဲ႔အေလွ်ာက္
“အသင္းအဖဲြ႔ကမဟုတ္။
ဦးေဆာင္သူရယ္လုိ႔လဲမလုိမရွိ။
ဖဲြ႔စည္းျခင္းလဲမမည္” တဲ႔ ေခတ္သမုိင္းရဲ႕ ေမြးထုတ္ေပးတဲ႔ အရာကိစၥ(႐ုိး႐ုိးစင္းစင္း) တစ္ခုပဲ ျဖစ္ပါတယ္။

၁၂။ “ဆလုိင္းမုိင္” ဆုိတာ အစအဦးက ေျမျပင္ေန “အ႐ႈိခ်င္းအႏြယ္၀င္” တုိ႔ရဲ႕ ေ၀ါဟာရျဖစ္ၿပီး၊ အခုေခတ္မွာေတာ႔ ခ်င္းအမ်ဳိးသားအားလံုးပုိင္ ျဖစ္တယ္လို႔ဆုိခဲ႔ပါတယ္။ ဒါကုိ ပီပီျပင္ျပင္ သိလုိပါတယ္။

ေျဖ = ၁၉၃၅ ခုႏွစ္တုန္းက သရက္ၿမဳိ႕မွာ ေျမျပန႔္ခ်င္း ညီအစ္ကုိတုိ႔ရဲ႕ “နယ္ေပါင္းစံုအစည္းအေ၀းတစ္ခု” ေခၚယူက်င္းပၿပီး၊ ခ်င္းေတြရဲ႕ အမည္နာမေရွ႕မွာ ခ်င္းမွန္းသိေအာင္ (တစ္မိသားစု၀င္ျဖစ္ေၾကာင္း အမွတ္သေကၤတ တစ္ခုသတ္မွတ္ဖုိ႔ ေဆြးေႏြးခဲ႔ၾကပါတယ္။)
“ဆလုိင္းမုိင္”ဆုိတဲ႔ သေကၤတေ၀ါဟာရကုိ ခ်င္းတုိ႔ရဲ႕ က်ား/မ သေကၤတအျဖစ္ နာမည္ေရွ႕မွာ အသံုးျပဳမႈဟာ၊ ဒီအစည္းအေ၀းႀကီးကေန ေပၚေပါက္ခဲ႔တာျဖစ္ပါတယ္။ ဒီေ၀ါဟာရဟာ၊ အ႐ႈိခ်င္းေတြရဲ႕ ဘာသာစကားမွာ အရင့္အရင္ (ေရွး) ကတည္းက ရွိၿပီးသားျဖစ္ေပမဲ႔၊ နာမည္ေရွ႕မွာ အသံုးျပဳခဲ႔ျခင္း မရွိခဲ႕ၾကပါဘူး။ ေတာင္ေပၚေဒသမွာ ဒီလုိသေကၤတ အသီးသီးစတင္တဲ႕ ၁၉၆၅-ခုႏွစ္ထက္ အႏွစ္ ၃၀ ေစာပါတယ္။ ခ်င္းလူငယ္မ်ားရဲ႕ “ဘံု” သံုးေ၀ါဟာရ တစ္ခုရွာေဖြၾကတဲ႔ ၁၉၇၃ ခုႏွစ္နဲ႔ စာရင္ အႏွစ္ ၄၀ ေစာပါတယ္။
အဲဒီအႏွစ္ ၄၀ ကာလမွာ ကြၽန္ေတာ္တုိ႕ရဲ႕ ျပည္ေထာင္စုအ၀ွမ္းမွာ “ဆလုိင္းမုိင္” ဆုိရင္ ခ်င္း (ေျမျပန္႔ခ်င္းမွန္း) လူတုိင္းသိေနၾကပါၿပီ။ အႏွစ္ ၄၀ ဆုိတာ ရာစုႏွစ္တခုရဲ႕ “ထက္၀က္” နီးနီးရွိပါတယ္။
အမ်ားသိၿပီး နားလည္ၿပီးျဖစ္တဲ႔ “ဆလုိင္း-မုိင္” ကို အားလံုး “ဘံု” သံုးအျဖစ္ သတ္မွတ္ႏုိင္မွ သဘာ၀က် မယ္ဆုိတာကုိ နားလည္သေဘာေပါက္ၾကတဲ႔အေလ်ာက္ “ဆလုိင္းမုိင္” ဆုိတဲ႔ သေကၤတကုိ “ဘံု” ပုိင္အျဖစ္ သိမ္းပုိက္လုိက္ၾကတာပါပဲ။ ဒါေၾကာင့္ ဒီေ၀ါဟာရဟာ ခ်င္းအမ်ဳိးသားအားလံုးတုိ႔ရဲ႕ ပုိင္ဆုိင္မႈ “အမ်ဳိးသားပုိင္” ျဖစ္ပါတယ္။

၁၃။ “ဆလုိင္းမုိင္လႈပ္ရွားမႈ” ဟာ ခ်င္းလူ႔အဖြဲ႔အစည္းရဲ႕ စိတ္ဓာတ္ေရးရာ ကဲြျပားမႈေတြကုိ စုစည္းေပးတယ္လုိ႔ဆိုေပမဲ႔ ၁၉၇၇ ခု၊ ပတ္၀န္းက်င္မွာ ဆလုိင္းမုိင္ျပႆနာေၾကာင့္ စည္း႐ုံးမႈ ေတာ္ေတာ္ပ်က္ျပားခဲ႔ရတယ္လုိ႔ သိရပါတယ္။ မွန္ပါသလား။

ေျဖ = ဂ မွားတယ္။
ဂ ဆလုိင္းမုိင္ျပႆနာ လံုး၀မရွိခဲ႔ပါဘူး။
တဦးနဲ႔တဦး နားလည္မႈကြာျခားတာေတာ႔ ရွိခဲ႔ပါတယ္။ အျငင္းပြားမႈကေလးေတြလည္း ရွိခဲ႔ပါတယ္။
ဒီလုိ အျဖစ္အပ်က္ေတြဟာ ကမၻာ႔အေတြးအေခၚ သမုိင္းနဲ႔ ၾကည့္မယ္ဆုိရင္ အေသးအဖဲြ႔ ကိစၥပါပဲ။ အေတြးအေခၚ သစ္တစ္ခု ေပၚထြန္းတုိင္း ေပၚထြန္းတုိင္း ဒီလုိကိစၥမ်ဳိး ရွိစၿမဲ ဓမၼတာပါပဲ။
ဒါေပမဲ႔ အဲဒီအသစ္ေတြဟာ မွန္ကန္တယ္၊ ႐ုိးသား တယ္၊ တကယ္တမ္း လူသား၀န္းက်င္ကုိ အက်ိဳးျပဳတယ္ လက္ေတြ႕ က်တယ္ဆုိရင္ တစ္ေန႔တစ္ခ်ိန္မွာ အားလံုးက လက္ခံလာၾကတာ ခ်ည္းပါပဲ။
ဒီေန႔ “ဆလုိင္း-မုိင္” တုိးတက္မႈကုိ လုိလားတဲ႔ စည္းလံုးမႈကုိ လုိလားတဲ႕၊ ႐ုိးသားစြာ ေတြးေခၚေျမာ္ျမင္ တဲ႔ ခ်င္းလူငယ္တုိင္းက (အသံုးျပဳသည္ျဖစ္ေစ၊ အသံုးမျပဳသည္ျဖစ္ေစ) နားလည္ သေဘာေပါက္ၾကပါမယ္။
ဒါတင္မကပါဘူးကြၽန္ေတာ္တုိ႔ အမိျပည္ေထာင္စု အတြင္းေနထိုင္ၾကတ႔ဲ အျခားတုိင္းရင္းသား ညီအစ္ကုိ ေတြကိုယ္တုိင္က “ဆလုိင္း-မုိင္” ဆုိရင္ “ခ်င္း” ဆုိတာကုိ လက္ခံ ေနၾကပါၿပီ။
အခုကြၽန္ေတာ္တုိ႔ရဲ႕ဘ၀ကုိ စာနာေထာက္ထားတဲ႔ ေျမျပန္႔ ညီအစ္ကုိေတြကုိယ္တုိင္ရဲ႕ အားေပးကူညီမႈကုိ ခံယူေနပါၿပီ။
ဒါေၾကာင့္ “ဆလုိင္း-မုိင္” လႈပ္ရွားမႈဆိုတာ ခ်င္းလူ႕အဖဲြ႔အစည္းထဲမွာ “ျပႆနာတစ္ခုအျဖစ္ ေပၚထြန္းလာတာ မဟုတ္ပဲ” နာတာရွည္ေဒသစြဲ သမုိင္းျပႆနာမ်ားေပးတဲ႔ “ေသာ႔ခ်က္” သာလွ်င္ ျဖစ္ပါတယ္။
က်ဥ္းေျမာင္းတဲ႔ ေဒသစဲြစိတ္ဓာတ္ကုိသာမက၊ က်ဥ္းေျမာင္းတဲ႔ အမ်ဳိးသားေရး အျမင္ေတြကိုပါ အျမစ္ပါ တြန္းလွန္ေနတဲ႔ “ဆလုိင္းမုိင္လႈပ္ရွားမႈ” ဟာ စည္းလံုးမႈ ပ်က္ျပားခြင့္ေပးမွာ မဟုတ္ပါဘူး။

၁၄။ “ဆလုိင္း-မုိင္ အေတြးအေခၚ” ကုိ ေလ႔လာဖုိ႔ လုိပါသလား။
ေျဖ = “ဆလုိင္း-မုိင္ အေတြးအေခၚ” ဆုိတာ စာတစ္ေစာင္တစ္တြဲ က်မ္း၀န္တခုအျဖစ္ ေပထက္အကၡရာ တင္ရေလာက္ေအာင္ မရွိပါဘူး။ လူပုဂၢိဳလ္တစ္ဦးရဲ႕ အေတြးအေခၚလဲ မဟုတ္ပါဘူး၊ ဒီအေတြးအေခၚကုိ ေလ႔လာဖုိ႔ အလြယ္ဆံုးနည္းလမ္းကေတာ႕ ဆလုိင္း-မုိင္ ခ်င္းမ်ဳိးႏြယ္၀င္ေတြရဲ႕ ႏွလံုးသားထဲကုိ နက္နက္႐ုိင္း႐ုိင္း ၀င္ေရာက္ဖုိ႔ လုိအပ္ပါတယ္။
“ဆလုိင္း-မုိင္ အေတြးအေခၚ”ဆုိတာဦးေႏွာက္ထဲ ယို္စီးတဲ႔ အရာကိစၥမဟုတ္ပဲ ဒီေန႔ေခတ္ ခ်င္းလူငယ္ မ်ဳိးဆက္သစ္ ေတြရဲ႕ ႏွလံုးသားထဲမွာ ကိန္းေအာင္းေနတဲ႔ စိတ္ဓာတ္သာလွ်င္ ျဖစ္ပါတယ္။ ဆလုိင္းမုိင္အေတြးအေခၚဟာ ထာ၀ရရွင္သန္ေနမွာ ပါပဲ။

၁၅။ ခ်င္းေတြရဲ႕ နာမည္ေရွ႕မွာ ဘံုသေကၤတအျဖစ္ “ဆလုိင္း၊ မုိင္”လုိ႔ အသံုးျပဳျခင္းဟာ အျခားေ၀ါဟာရေတြျဖစ္တဲ႔ (Taang Lia, Pa Nu, Val Leng) ေတြကိုသံုးဖုိ႔ မသင့္ေတာ္လုိ႔ လား၊ မေကာင္းလုိ႔လား။

ေျဖ = ၁၉၇၃-ခုႏွစ္ ရန္ကုန္တကၠသုိလ္ ခ.စ.ယ အစည္းအေ၀းမွာ ဘံုေ၀ါဟာရကို စတင္ေဆြးေႏြးခဲ႔တုန္းက မည္သည့္ခ်င္းေ၀ါဟာရကုိ သတ္မွတ္အသံုးျပဳရမယ္ဆုိၿပီး၊ မူေသသတ္မွတ္ရန္ ရည္ရြယ္မႈ မရွိခဲ႔ပါဘူး။ မည္သည့္ခ်င္းေ၀ါဟာရကုိမဆုိ တစ္ခုခုကုိသာ သင့္ေတာ္ရင္သင့္ေတာ္သလုိ ဘံုေ၀ါဟာရ၊ ဘံုသေကၤတအျဖစ္ အေျခခံၿပီး သတ္မွတ္ သံုးစြဲၾကဖို႔ အေျခခံထား ေဆြးေႏြးခဲ႔တာသာ ျဖစ္ပါတယ္။
ဒီအစည္းအေ၀းႀကီးမွာအေျခအတင္ အျပန္အလွန္ တင္ျပ၊ ညိႇႏႈိင္းေဆြးေႏြး၊ ျငင္းခံုၾကၿပီး ခ်င္းမ်ဳိးႏြယ္စုေတြရဲ႕ နာမည္ ေရွ႕မွာ အသံုးျပဳေနၾကတဲ႔ အမွတ္သေကၤတေတြ အသီးသီးအနက္ “ဆလုိင္း-မုိင္” ကို ခ်င္းတစ္မ်ဳိးသားလံုးရဲ႕ သေကၤတအျဖစ္ အသံုးျပဳသင့္ေၾကာင္း အမ်ားက သေဘာတူလက္ခံ ဆံုးျဖတ္ႏုိင္ခဲ႔တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ခ်င္းမ်ဳိးႏြယ္တစ္ခုရဲ႕ အမည္သေကၤတဟာ သက္ဆုိင္တဲ႔မ်ဳိးႏြယ္စု တစ္ခုထဲရဲ႕ ပုိင္ဆုိင္မႈဆုိတဲ႔ အဆင့္ကေန အမ်ဳိးသားသေကၤတ (တစ္မ်ဳိးသားလံုးရဲ႕ ပုိင္ဆုိင္မႈ) အျဖစ္ အဆင္ျမင့္ က်ယ္၀န္းလာခဲ႔ၿပီး၊ က်န္တဲ႔အျခားမ်ဳိးႏြယ္ ၀င္အသီးသီးရဲ႕အမည္ သေကၤတေတြဟာ ၿမဳိ႕နယ္၊ မ်ဳိးႏြယ္၊ ေဒသကုိ လုိက္ၿပီး အသံုးျပဳၾကတဲ႔ သေကၤတအဆင့္မွသာ က်န္ရစ္ခဲ႔ၾကပါတယ္။
မ်ဳိးဆက္သစ္ ေတာ္ေတာ္မ်ားမ်ားဟာလည္း မ်ဳိးႏြယ္စဲြ အသံုးျပဳမႈေတြကို ခ်န္ရစ္ခဲ႔ၿပီး၊ ဆလုိင္းမုိင္ဆုိတဲ႔ ေ၀ါဟာရနဲ႔အတူ အေရွ႕ကို တစ္လွမ္းတုိးႏုိင္ခဲ႔ၾကပါတယ္။
ဒီေနရာမွာ “ဆလုိင္းမုိင္” ဆိုတဲ႔ ေ၀ါဟာရသည္သာ “အေကာင္း” ျဖစ္မယ္၊ အျခား ေ၀ါဟာရေတြဟာ မေကာင္းဘူးလုိ႔ ဆုိလုိရင္း လံုး၀မရွိပါဘူး၊ ဆလုိင္းမုိင္ဆုိတာ ေ၀ါဟာရလုပြဲလည္း မဟုတ္ဘူး။ အထက္ကေျပာခဲ႔တဲ႔ အစည္းအေ၀းအရ ဘံုအျဖစ္ အသံုးျပဳမယ့္ ေ၀ါဟာရတစ္ခုကုိ အမ်ားသေဘာတူညီမႈနဲ႔ မဆံုးျဖတ္ ႏုိင္တဲ႔ကာလတခုလံုး (အသီးသီး)ဟာ မ်ဳိးႏြယ္အလုိက္ အသံုးျပဳမႈဆုိတဲ႔ အဆင့္တန္းတူအဆင့္တန္းမွာပဲ ရွိေနခဲ႔ပါတယ္။
ဒါေပမဲ႔ “ဆလိုင္းမိုင္” ဟာ အမ်ားသေဘာတူ ဘံုုပုိင္ဆုိတဲ႔ ေနရာကုိ ရရွိႏုိင္ခဲ႔တဲ႔အတြက္ “ခ်င္းတစ္မ်ဳိးသားလံုးပုိင္” သေကၤတအျဖစ္ အဆင့္ျမင့္က်ယ္ျပန္႔လာရပါတယ္။ ဒါေၾကာင့္ ေကာင္း/မေကာင္းဆုိတာဟာ ေ၀ါဟာရစကားလံုးအရ၊ ခြဲျခားေျပာဆုိ သတ္မွတ္လုိ႔မရပါဘူး။ ဘံုပုိင္ျဖစ္လား၊ မျဖစ္ဘူးလား၊ အမ်ားသံုးလား၊ မ်ဳိးႏြယ္သံုးလား၊ ညီၫြတ္ေရးလား၊ ကြဲျပားေရးလား ဆုိတာေပၚမွာသာ ေကာင္း/မေကာင္းဆုံုးျဖတ္ခဲြျခား ေ၀ဖန္ရမွာ ျဖစ္ပါတယ္။
ဒီအျမင္႐ႈေဒါင့္အရ “ဆလုိင္း-မုိင္” (ဘံုေ၀ါဟာရ သေကၤတ) သာလွ်င္ ခ်င္းလူမ်ိဳးအတြက္ အေကာင္းဆံုး အသင့္ေတာ္ဆံုးသံုး ရမဲ႔ ေ၀ါဟာရျဖစ္ေၾကာင္း ထင္ရွားပါတယ္။

၁၆။ အ႐ႈိခ်င္းႏြယ္၀င္တုိ႔ရဲ႕ ပါးစပ္သမုိင္းအရ (Salai Mai) ဆုိတဲ႔ ေ၀ါဟာရဟာ ခ်င္းအမ်ဳိးသားတုိ႔ရဲ႕ တုိးတက္ရာ တုိးတက္ေၾကာင္းအတြက္ အသံုးျပဳၾကဖုိ႔ (Mother God) က ေပးလာျခင္း ျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဘယ္လုိိနားလည္ လက္ခံထားၾကပါသလဲ။

ေျဖ = ဘာသာ ေဗဒပညာရွင္တုိ႔ရဲ႕အဆိုအရ စကားလံုုး ေ၀ါဟာရေတြဟာ ၎င္းတုိ႔ရဲ႕ ကုိယ္ျပဳရာ အရာ၀တၳဳ (သုိ႔မဟုတ္) စိတ္၊နာမ္ ခံစားမႈျဖစ္စဥ္တုိ႔နဲ႔ သီးျခားကင္းလြတ္ၿပီး ေပၚေပါက္လာ တယ္လုိ႔ ဆုိၾကပါတယ္။ စကားလံုး ေ၀ါဟာရေတြဟာ အမွတ္ အသား၊ သေကၤတသက္သက္သာလွ်င္ျဖစ္ေၾကာင္း ဖြင့္ဆုိၾကပါ တယ္။ ဒါဟာ ဒီေန႔ေခတ္သစ္ ဘာသာေဗဒ ပညာရွင္တုိ႔ရဲ႕ အဆုိျဖစ္ ၿပီး အထက္ပါအဆုိဟာ ဒ႑ရီဆန္တဲ႔ အဆိုသာ ျဖစ္ပါတယ္။
ဒ႑ာရီပံုျပင္ေတြဟာလည္း၊ လူမ်ဳိးတစ္မ်ဳိးရဲ႕ ယဥ္ေက်းမႈ ဘဏ္တုိက္ထဲက ေက်ာက္မ်က္ရတနာ တပါးပါပဲ။
ဒါေပမဲ႔ ဒီေန႔မ်ဳိးဆက္သစ္ေတြက “ဆလုိင္းမုိင္” ဆုိတာကုိ ေ၀ါဟာရအရေသာ္လည္းေကာင္း၊ အဓိပၸါယ္ အရေသာ္လည္းေကာင္း၊ အေျခခံၿပီး လက္ခံသံုးစဲြၾကတာ မဟုတ္ပဲ “အသံုးျပဳမႈ” အတုိင္းအတာနဲ႔ ျဖစ္တ႔ဲ “ဘံုသံုး (ညီၫြတ္ေရး) ေ၀ါဟာရျဖစ္ျခင္း” ဆုိတဲ႔အေပၚမွာ မူတည္ၿပီး အေလးအနက္ထား သံုးစြဲၾကတာ ျဖစ္ပါတယ္။

၁၇။ “ဆလုိင္းမုိင္” အသံုးျပဳမႈ အတုိင္းအတာနဲ႔ အလားအလာ ဘယ္လုိရွိပါသလဲ။

ေျဖ = စာရင္းဇယားအရ အေရအတြက္ ေကာက္ယူတင္ျပဖုိ႔ မျဖစ္ႏုိင္ေပမဲ႔ ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕နယ္တုိင္းမွာ ဆလုိင္းမုိင္ကုိ လက္ခံအသံုးျပဳသူေတြ ရွိေနၾကပါတယ္။ အသံုးျပဳမႈ အနည္းအမ်ား ကြာျခားမႈရွိတာကလဲြရင္လံုး၀သံုးစြဲ သူမ႐ွိတဲ့ ၿမဳိ႕နယ္ မရွိပါဘူး။
ဒါေပမဲ႔ ဆလုိ္င္းမုိင္ လႈပ္ရွားမႈ စတင္ခဲ႔တဲ႔ ဒီ(၁၀) စုႏွစ္အတြင္း သေဘာေပါက္ လက္ခံအသံုးျပဳမႈဟာ တစ္စတစ္စ က်ယ္ျပန္႕ေနတာကို လက္ေတြ႔သိရွိျမင္ေတြေနရပါတယ္။
အခ်ိန္ဆုိတာ အယူအဆသစ္ရဲ႕ ဘက္ေတာ္သားအျဖစ္ သစၥာရွိရွိ ထာ၀စဥ္ ရပ္တည္ေလ႔ရွိပါတယ္။
ေလာေလာဆယ္အားျဖင့္ ေခတ္ေဟာင္း အေမြဆုိးရဲ႕ ေလာင္းရိပ္ ေအာက္ကေန မ႐ုန္းထြက္ႏုိင္ၾကေသး တဲ႔ မ်ဳိးဆက္ေဟာင္း (OLD GENERATION) နဲ႔ အဲဒီမ်ဳိးဆက္ ေဟာင္းရဲ႕ တားဆီး ပိတ္ဆုိ႔ဟန္႔တားမႈကုိ ခံေနၾကရတဲ႔ ႐ုိးသားတဲ႔ မ်ဳိးဆက္ သစ္ေတြဟာ “ဆလုိင္း-မုိင္” ရဲ႕ အႏွစ္သာရကုိ မသိက်ဳိးကြၽန္ ျပဳလုိ႔မရ၊ တစ္စတစ္စသိရွိလာၾကၿပီ ျဖစ္တဲ႔အတြက္ “ဆလုိင္းမုိင္” အသံုးျပဳမႈ အတုိင္းအတာဟာ ေနာင္ အသစ္အသစ္ေသာ ေပၚထြန္းဦးမဲ႔ မ်ဳိးဆက္သစ္ေတြ အထိ ေကာင္းမြန္ေတာက္ပတဲ႔ အလားအလာ ေတြကို ေမွ်ာ္လင့္ႏုိင္ၾကပါၿပီ။
ဆလုိင္းမုိင္စိတ္ဓာတ္ရဲ႕ မြန္ျမတ္ျမင့္မားတဲ႔ အရွိန္ အဟုန္ေတြဟာ လာလတၲံ႕ေသာ အနာဂတ္ခ်င္း လူ႔အဖြဲ႔အစည္း အတြက္ သစ္လြင္တဲ႔ ျဖစ္ေပၚတုိးတက္မႈေပါင္း ေျမာက္ျမားစြာကုိ မုခ်မလြဲ ေဆာင္က်ဥ္းေပးမယ္ဆိုတာကို အခုိင္အမာ ယံုၾကည္လုိ႔ရပါ ၿပီ။

(ေအာက္ခ်င္းငွက္ (VAKOK) စာစဥ္ အတြဲ (၂) အမွတ္ (၃) (၃၄-ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔အထူး ထုတ္) အတြဲ (၃) အမွတ္ ၁း၂ တြင္ ေဖၚျပခဲ႔ေသာ ဆလုိင္-မုိင္ အေမးအေျဖကို ခ်င္းမဂၢဇင္း ၁၉၈၁-၈၂ တြင္ ျပန္လည္ ျဖည့္စြတ္၍ တင္ျပျခင္း ျဖစ္သည္။)
(Voice of Chindwinn) မွ ထပ္ဆင့္ေဖၚျပလိုက္ပါသည္။
PUZONET

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.