PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

1917 - 11 November 1918 Burmese who fought in World War One

(Photo shows the men of "A" Company, 2nd Battalion, 70th Burma Rifles somewhere in Mesopotamia).

11 November marks the anniversary of the end of the Great War (World War One). The role of people from Burma in the war is largely forgotten.


Thousands of Burmese volunteered to serve in Mesopotamia as drivers, sappers, and part of the labour corps. Chin volunteers served as part of the labour corps on the Western Front (in France).


The 70th Burma Rifles and the 85th Burman Rifles were raised in 1917-1918 and saw action against the Ottoman Empire in both Mesopotamia and Palestine. These regiments included men from various ethnic backgrounds, including Chins, Kachins, Burmans and Karens.


Turkish prisoners of war were transported to Rangoon, Thayetmyo, Shwebo, Meiktila. Lady Charlotte Isabel Wheeler-Cuffe used Turkish prisoners to build the Maymyo Botanical Garden in 1918. German prisoners of war were used to extend the railway line in the southern Shan states.


Some Kachin soldiers stationed in Palestine, who had never been far from the Kachin hills, had difficultly coping with the new environment. After months in the desert, several committed suicide.


(Photo shows the men of "A" Company, 2nd Battalion, 70th Burma Rifles somewhere in Mesopotamia).



မြန်မာဘာသာဖြင့် ဖတ်ရန်




၁၉၁၇ - ၁၁ နိုဝင်ဘာ ၁၉၁၈
ပထမကမ္ဘာစစ်ကြီးအတွင်း စစ်မှုထမ်းခဲ့သော မြန်မာများ


နိုဝင်ဘာလ ၁၁ ရက်နေ့သည် ပထမ ကမ္ဘာစစ်ကြီး အဆုံးသတ်သည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ပထမကမ္ဘာစစ်အတွင်းက မြန်မာတို့ ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို လူအများ မေ့လျော့နေတတ်ကြပါသည်။

စစ်ကြီးအတွင်း မြန်မာ ထောင်နှင့်ချီကာ မိမိဆန္ဒအလျောက် စစ်ထဲဝင်ပြီး မက်ဆိုပိုတေးမီးယား (ယနေ့ခေတ် အီရတ်) တွင် စစ်မှုထမ်းခဲ့သည်။ မြန်မာပြည်မှ စစ်သားများသည် စစ်ယာဉ်မောင်း၊ စစ်အင်ဂျင်နီယာ၊ အလုပ်ကြမ်းတပ်သားစသဖြင့် တာဝန်ယူခဲ့သည်။ အနောက်စစ်မျက်နှာတန်း (ပြင်သစ်)ရှိ လုပ်သားတပ်ဖွဲ့တွင် ချင်းစစ်သည်များ အမှုထမ်းခဲ့သည်။

၁၉၁၇-၁၉၁၈ ခုနှစ်များအတွင်း ဖွဲ့စည်းတည်ထောင်လိုက်သော အမှတ် ၇၀ နှင့် အမှတ် ၈၅ ဗမာ့ရိုင်ဖယ်တပ်များသည် မက်ဆိုပိုတေးမီးယားတွင် သာမက ပါလက်စတိုင်းတွင် အော်တိုမန်အင်ပါယာနှင့် ဖြစ်ပွားသော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ယင်းတပ်ရင်းကြီးနှစ်ခုထဲတွင် ချင်း၊ ကချင်၊ ဗမာ၊ ကရင်စသော တိုင်းရင်းသားမျိုးစုံ ပါဝင်သည်။

စစ်အတွင်း ဖမ်းဆီးရမိသော တူရကီသုံ့ပန်းများကို ရန်ကုန်၊ သရက်မြို့၊ ရွှေဘို၊ မိတ္ထီလာသို့ခေါ်ဆောင်လာခဲ့သည်။ လေဒီရှားလော့ဒ် အစ္စဘယ်လ် ဝီလာကက်ဖ်က တူရကီအကျဉ်းသားများကို ၁၉၁၈ ခုနှစ် မေမြို့ ရုက္ခဗေဒဥယျာဉ် ဆောက်လုပ်သည့်နေရာတွင် အသုံးပြုခဲ့သည်။ ဂျာမန်စစ်သုံ့ပန်းများကို ရှမ်းတောင်ပိုင်း ရထားလမ်းချဲ့ရာတွင် ခိုင်းစေခဲ့သည်။

ပါလက်စတိုင်းတွင် တာဝန်ကျသော ကချင်တပ်သားအချို့မှာ ကချင်တောင်တန်းများမှ ဝေးဝေးလံလံ အခြားဒေသများသို့ တစ်ခါမှ ရောက်ဖူးခြင်းမရှိချေ။ ထို့ကြောင့် ယင်းတို့ခမျာ ပတ်ဝန်းကျင်အသစ်တွင် နေသားကျရန် အတော်ပင် အခက်အခဲဖြစ်ခဲ့သည်။ သဲကန္တာရထဲတွင် လပေါင်းများစွာ နေထိုင်ရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် တပ်သားများလည်း ရှိခဲ့သည်။

(ဓာတ်ပုံ - မက်ဆိုပိုတေးမီးယား (အာရပ်) တစ်နေရာရောက် “A” ကုမ္ပဏီ၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၇၀ ဗမာ့ရိုင်ဖယ်တပ်ရင်းမှ စစ်သားများကို တွေ့ရစဉ်)


No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.