PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

သက်ရှိ သတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး ကမ္ဘာဂြိုဟ်သစ်ကို ရှာဖွေတွေ့ရှိ

သက်ရှိ သတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး ကမ္ဘာဂြိုဟ်သစ်ကို ရှာဖွေတွေ့ရှိ
စကြဝဠာနယ်နိမိတ်အတွင်း သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ ရှိပြီလို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကက်ပလာ (Kepler) လို့ခေါ်တဲ့ အာကာသယာဉ်က အတည်ပြုလိုက်ပါတယ်။ ရေနဲ့ ဇီဝပစ္စည်း သစ်ပေါင်း ၁ဝဝဝ ကျော်တွေ့ရှိတယ်လို့ သုတေသန ပညာရှင်တွေက ဒီဇင်ဘာလ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ပထမ အစီစဉ်အဖြစ် ၁၆ လကြာတဲ့ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းရဲ့ သုတေသနပြုမှုအတွင်း ကမ္ဘာမြေ ဖြစ်လာနိုင်မယ့် ဂြိုဟ်ပေါင်း ၂၃၂၆ ကို လေ့လာနိုင်ခြင်း ဖြစ်ပါတယ်။  ဒီစူးစမ်းရှာဖွေ တွေ့ရှိမှုတွေကို တကယ်တမ်း သေချာတယ်လို့ အတည်ပြုနိုင်မယ်ဆိုရင် ယခုတွေ့ရှိရတဲ့ ကမ္ဘာဂြိဟ်အသစ်ဟာ လက်ရှိ နေကိုအမှီပြု လည်ပတ်နေတဲ့ နေအဖွဲ့အစည်းမှာ ရှိနေတဲ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေ အရွယ်အစားထက် ၄ ဆ ပိုကြီးလိမ့်မယ် လို့ သိရပါတယ်။
http://patheincity.com/news/wp-content/uploads/2011/12/95b05e0a4b19721b000f6a7067001350.jpg
ကက်ပလာအဖို့ သက်ရှိသတ္တဝါတွေနေလို့ ရမယ့် ပထမဆုံးတွေ့ရှိမှု ဖြစ်တဲ့ ကမ္ဘာဂြိုဟ်အသစ်ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲအစည်းမှာလိုပဲ နေနဲ့ ဆင်တူတဲ့ ကြယ်တလုံးကို လှည့်ပတ်နေပါတယ်။  ဒီစူးစမ်းရှာဖွေတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေအတွက်  ကျွန်တော်တို့ရဲ့  နေအဖွဲ့အစည်းနဲ့တူတဲ့ သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် သက်ရှိ ကမ္ဘာဂြိုဟ်တခုကို တွေ့ဖို့ အဆင့်တဆင့် နီးလာခြင်းပါပဲလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
“ရွှေဝါရောင်ဆံပင်များနဲ့ အာကာသ ကမ္ဘာ (Goldilocks planet) လို့ခေါ်ရမယ့် သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ရှိဘို့ ကျနော်တို့ တဖြည်းဖြည်းနီးလာပါပြီ” လို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကယ်လီဖိုးနီးယားပြည်နယ် မော့ဖက် အီးမ်စ် သုတေသနဌာန ဒါရိုက်တာ ပီတာ ဝါ့ဒ်ဒင်းက ပြောခဲ့ပါတယ်။
http://patheincity.com/news/wp-content/uploads/2011/12/nasa-announces-discovery-planet-kepler-20111205-111247-311_1528211.jpg
အခု အသစ်တွေ့ရှိတဲ့ နေအဖွဲ့အစည်းအတွင်း သက်ရှိ သတ္တဝါတွေနေလို့ ရမယ့် သက်ရှိကမ္ဘာဂြိုဟ်သစ် ကို ကက်ပလာ ၂၂(ခ) (Kepler-22b) လို့ အမည်ပေးထားပါတယ်။ ကမ္ဘာမြေနဲ့ အလင်းနှစ် ၆ဝဝ လောက် အကွာအဝေးမှာရှိပြီး နေနဲ့တူတဲ့ ကြယ်ဂြိုဟ်တခုကို သူ့က လှည့်ပတ်နေပါတယ်။ ကက်ပလာ ၂၂(ခ) ရဲ့  အချင်းဝက်ဟာ ကမ္ဘာကြီးရဲ့ ၂.၄ ဆရှိပါတယ်။
http://patheincity.com/news//HLIC/55c0c95039da52e0782f739052b5cafe.jpg
ဒီဂြိုဟ်၂ခုဟာ အပူချိန် အတူတူနီးပါး ရှိကြပါတယ်။  တကယ်လို့ ဖန်လုံအိမ် အာနိသင် သက်ရောက်မှုဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမှာလိုပဲဆိုရင် ကက်ပလာ ၂၂(ခ) ရဲ့ ပျမ်းမျှအပူချိန်ဟာ ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဒီဂရီ စင်တီဂရိတ်) ရှိနေပါမယ်။

Source :
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.