နာမည်ကျော် ဂျပန်အခြေစိုက် တာယာထုတ်လုပ်သူ Bridgestone Corp မှ
အနာဂတ်ကာလ အတွက် သဘာဝ ပါတ်ဝန်းကျင်းနှင့် ပိုမို သဟဇာတဖြစ်ပြီး လေထိုး
လေဖြည့်ရန် မလိုသော မျိုးဆက်သစ် တာယာတစ်မျိုးကို ယခုနှစ် တိုကျိုကားပြပွဲ
၂၀၁၁ တွင် ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
![http://patheincity.com/news//HLIC/d9b5872a9de7119d54f83c9756d00cb5.jpg](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uxlVsIARva3bJzq8iFbWpeyernPONIa16Gtma9QpqaWf9mb9aXExj9WYO5-FDO8ZOL95UIdZ9Fy6h-6_aYBS6lfxqIKE1NPogQtWPBTwFzwS4TBvvVKMdbj0O5YLZMcD0hCtHhFc_Lqw=s0-d)
Bridgestone မှ ထုတ်လုပ်လိုက်သော အဆိုပါ လေမဲ့ တာယာပုံစံသစ်သည် အတွင်းပိုင်းတိုင် ကော်စေး အချောင်းလေးများကို ပိုက်ကွန်သဖွယ် ရက်လုပ်ထားပြီး အသုံးပြုသော ယဉ်၏ အလေးချိန်ကို ထောက်ခံပေးနိုင်ရန် ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ တာယာတွင် အသုံးပြုထားသော ပစ္စည်းများအားလုံးကို ပြန်လည်အသုံးချ၍ ရမည်ဟု ဆိုသည်။ “ဒီတာယာက ကားဆောင့်တဲ့ဒဏ်ကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိတဲ့ အတွက် စီးနင်းတဲ့အခါ သက်တောင့်သက်သာ ဖြစ်မှာပါ” ဟု ကုမ္ပဏီ ထာဝန်ရှိသူများက ဆိုပါသည်။
![bridgestone airless tyre concept](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_voc0RbOPsyQmUvC5SiFGU6FxzS3WU3hMBtXULptvVyfrzdkgNLHU_3jkYlVs0DeF3T98tccvbmP5nCIshjD33qjZmD7M9-ENUoUZwbIyvEBnMIZUzp3JPm0z_8kKNtBcMxK1j6hbUwOg=s0-d)
ကုမ္ပဏီ အနေဖြင့် လေမဲ့ တာယာသစ်၏ တာရှည်အသုံးခံနိုင်မှုကို ဆက်လက် စမ်းသပ်နေဆဲ ဖြစ်ပြီး စတင်ရောင်းချရန် ရည်ရွယ်ထားသည့် ၂၀၁၃ ခုနှစ် အမှီ စီးပွားဖြစ် အများအပြား ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
PatheinCity News | Source: foxnews.com
Bridgestone မှ ထုတ်လုပ်လိုက်သော အဆိုပါ လေမဲ့ တာယာပုံစံသစ်သည် အတွင်းပိုင်းတိုင် ကော်စေး အချောင်းလေးများကို ပိုက်ကွန်သဖွယ် ရက်လုပ်ထားပြီး အသုံးပြုသော ယဉ်၏ အလေးချိန်ကို ထောက်ခံပေးနိုင်ရန် ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ တာယာတွင် အသုံးပြုထားသော ပစ္စည်းများအားလုံးကို ပြန်လည်အသုံးချ၍ ရမည်ဟု ဆိုသည်။ “ဒီတာယာက ကားဆောင့်တဲ့ဒဏ်ကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိတဲ့ အတွက် စီးနင်းတဲ့အခါ သက်တောင့်သက်သာ ဖြစ်မှာပါ” ဟု ကုမ္ပဏီ ထာဝန်ရှိသူများက ဆိုပါသည်။
ကုမ္ပဏီ အနေဖြင့် လေမဲ့ တာယာသစ်၏ တာရှည်အသုံးခံနိုင်မှုကို ဆက်လက် စမ်းသပ်နေဆဲ ဖြစ်ပြီး စတင်ရောင်းချရန် ရည်ရွယ်ထားသည့် ၂၀၁၃ ခုနှစ် အမှီ စီးပွားဖြစ် အများအပြား ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
PatheinCity News | Source: foxnews.com
ကောင်ပါ့ လေထိုးစီး စရာ မလိုတော့ဘူးပေါ့ သက်တာတာပေါ့နော်
ReplyDeleteဒါပေမယ့် အဲတာယာကိုပဲ သုံးကြတော့မယ် ဆိုရင် လေထိုး ကျွတ်ဖာ သမားတွေတော့ သေပြီပေါ့