PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

iOS 6 အတွက်သိသင့်သောအချက်များ

iOS 6 ပာာ Untethered Jailbreak

မထွက်သေးတာကလွဲရင်ကျန်တာတွေအကုန်လုံးကျွန်တော်ကြိုက်ပါတယ် အကုန်လုံးလဲကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်






 ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ Worldwide Developers Conference မှာ ပထမဦးဆုံး မိတ်ဆက်ပြသခဲ့တဲ့ iOS 6 ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ Apple က တရားဝင် ဖြန့်ချိခဲ့ပါတယ်။ Feature သစ်များစွာပါဝင်လာတဲ့ iOS 6 ကို update ပြုလုပ်ပြီး အသုံးပြုကြသူများအနေနဲ့ feature သစ်များအကြောင်းကို ထဲထဲဝင်ဝင် သိထားဖို့ လိုပါတယ်။ ဒါကြောင့် iOS 6 ကို အသုံးပြုတဲ့အခါမှာ သိထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။


ကျွန်တော်သိသလောက်အခြေခံအချက်များ

App Store
App store ပာာ လဲတော်တော်လေးကိုပြောင်းလဲသွားပါတယ်  ကျွန်တော်ကြိုက်တဲ့အချက်လေးကတော့ လိုင်းမကောင်းတဲ့အချိန်မှာတောင် Applications information  တွေကိုမြန်မြန်ပေါ်လာစေပါတယ်

Maps

iOS 6 မှာပါဝင်လာတဲ့ Maps app ဟာ အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်ပါတယ်။ အသံနဲ့ လမ်းညွှန်ပေးတဲ့  turn-by-turn direction, Yelp ပေါင်းစပ်ထည့်သွင်းမှုနဲ့ 3D mode သစ်လိုမျိုး feature သစ်တွေကို တွေ့ရမှာဖြစ်ပါတယ်။

Google Maps


ဒါပေမဲ့ Apple ရဲ့ Maps app သစ်ဟာ တည်နေရာ အချက်အလက် မှန်ကန်မှုမရှိတဲ့အပြင် စိတ်ပျက်ဖွယ် ကောင်းတဲ့ ဂြိုဟ်တုပုံရိပ်များကြောင့် ဝေဖန်မှုများနဲ့ ကြုံတွေ့နေရသလို အသုံးပြုသူများမှလည်း Google Maps ကိုသာ ပြန်လည် အသုံးပြုလိုကြပါတယ်။ ဒါကြောင့် Google Maps ကို ပြန်လည် အသုံးပြုလိုသူများအနေနဲ့ Safari (သို့မဟုတ်) မိုဘိုင်း browser တစ်ခုခုကနေ maps.google.com ကိုဖွင့်ပါ။ Page loading ပြီးဆုံးသွားတဲ့အခါမှာ icon ကို home screen ပေါ်တင်ပါ။ Home screen ပေါ်မှာ Google ကိုယ်ပိုင် icon ကို တွေ့ရပါမယ်။ Google Maps ကို Safari ပေါ်ကသုံးတဲ့အခါမှာ နှေးပေမယ့် မြေပုံတွေကတော့ အသုံးဝင်ပါတယ်။

Siri

iOS 6 မှာ Siri ကို app များ ဖွင့်ခြင်း၊ Facebook နဲ့ Twitter status ကို update လုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

Do Not Disturb

Do Not Disturb ဟာ iOS အသုံးပြုသူတွေအနေနဲ့ ၎င်းတို့ရဲ့ device တွေကို silence ပြုလုပ်ထားနိုင်မယ့် feature တစ်ခုဖြစ်ပါတယ်။ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုများနဲ့ လွဲချော်မှု မရှိအောင် ပြုလုပ်ထားဖို့လိုပြီး အရေးမကြီးတဲ့ ဖုန်းခေါ်ဆိုမှုများကိုလည်း စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။ Do Not Disturb ဟာ device ကို lock ပြုလုပ်ထားတဲ့အချိန်မှသာ အလုပ်လုပ်ပါတယ်။ဒါပေမယ့် Do Not Disturb ကိုသုံးမယ်ဆိုရင်တော့ ပြန်ဖြုတ်ပေးဖို့လိုအပ်ပါတယ် ဘာဖြစ်လို့လဲဆိုတာကတော့ကျွန်တော်အပေါ်ကပြောခဲ့သလိုပါပဲ


 ယဉ်ကျေးစွာ ငြင်းဆိုနိုင်မည့် message

iOS 6 မှာ ဖုန်းခေါ်ဆိုသူထံ voice mail ပေးပို့ခြင်းအစား ဖုန်းမကိုင်ရသည့် အကြောင်းအရင်းကို message နဲ့ ပေးပို့နိုင်စေမယ့် feature ပါဝင်ပါတယ်။ ဒါ့အပြင် နာရီအနည်းငယ်အတွင်း ဖုန်းပြန်ခေါ်ရန်အတွက် reminder ကိုလည်း သတ်မှတ်နိုင်ပါတယ်။

3G ဖြင့်FaceTime အသုံးပြုခြင်း

အရင်က FaceTime ကို Wi-Fi ဖြင့်သာ အသုံးပြုနိုင်ပေမယ့် iOS 6 မှာတော့ မည်သည့်နေရာမှမဆို iOS device ကနေ ဆယ်လူလာကွန်ရက်နဲ့ FaceTime အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

Photo Stream ဖြင့် Photo များ Share ခြင်း


iOS 6 မှာ iCloud account ကို အသုံးပြုပြီး ဓာတ်ပုံများကို ဝေမျှနိုင်မယ့် Photo Stream ပါဝင်လာပါတယ်။ ဝေမျှမှုပြုလုပ်တဲ့အခါမှာ iPhone/iPod Touch နဲ့ iPad ပေါ်ကနေတိုက်ရိုက် ဝေမျှနိုင်ပါတယ်။ Photo Stream ကို အသုံးပြုလိုတဲ့အခါမှာတော့အရင်ဆုံး Setting>Photo ထဲကိုသွားပြီးတော့ Photo Stream ကို on လုပ်ထားဖို့တော့လိုပါတယ်ပြီးရင်တော့  iOS device မှ Photos app ကို ဖွင့်ပါ။ Alubum တစ်ခုကိုတည်ဆောက်ပါပြီးရင် Album ထဲကိုဝင်ပြီး Edit ကိုနှိပ်ပါ ကိုယ် Share ချင်တဲ့ Photos တွေကို marks တွေလိုက်လုပ်ပါပြီးရင် Share ကိုနှိပ်လိုက်ပါ အဲဒီအခါကျရင်တော့ Facebook,Twitter,Photo Stream ဆိုပြီးပေးလာမှာဖြစ်ပါတယ် အဲဒီအခါကျရင် Photo Stream ကိုရွေးပြီးတော့ Photos တွေ ကို လက်ခံမယ့်သူရဲ့ iCloud အီးမေးလ်လိပ်စာကို ထည့်ပါ။ Album နာမည်ကို ထည့်ပါ။ အကယ်၍ လက်ခံမယ်သူဟာ iCloud account မရှိပါက iCloud website မှာ album ကို ကြည့်ရှုနိုင်ရန်အ တွက် Public Website ကို On အဖြစ်ပြောင်းပါ။ အားလုံးပြီးဆုံးတဲ့အခါမှာ Done ကို နှိပ်ပါ။

Passbook(only for iPhone)


Passbook ကတော့ iOS 6 မှာပါဝင်လာတဲ့ app သစ်ဖြစ်ပါတယ်။ Membership card များ၊ လက်မှတ်များ၊ ကူပွန်များ၊ ငွေပေးချေမှုအချက်အလက်များကို တစ်နေရာတည်း မှာ သိုလှောင်သိမ်းဆည်းပေးနိုင်ပါတယ်။iPad မှာကတော့မရပါ


Mail

E-mail တစ်ခုတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ထည့်သွင်းခြင်း

iOS 6 ရဲ့ Mail app မှာ အလွန်ကောင်းမွန်တဲ့ feature သစ်အချို့ ပါဝင်လာပါတယ်။ အဲ့ဒီ feature တွေကတော့ VIPs, pull to refresh နဲ့ စာရေးနေချိန်အတွင်း email ထံ ဓာတ်ပုံနဲ့ ဗီဒီယို ထည့်သွင်းနိုင်ခြင်း တို့ဖြစ်ပါတယ်။ Mail app အတွင်း ဓာတ်ပုံနဲ့ ဗီဒီယိုတို့ကို attach လုပ်လိုတဲ့အခါမှာ Select, Select All, Paste option ပေါ်လာအောင် နှိပ်ပြီး ဖိထားပါ။ အဆိုပါ option ပေါ်လာတဲ့အခါမှာ Paste ရဲ့ညာဘက်မှာရှိတဲ့ မြားကို နှိပ်ပါ။ Insert Photo and Video ကိုနှိပ်ပြီး attach လုပ်လိုတဲ့ ဖိုင်များကို ရွေးပါ။



E-mail signature များ

iOS device ပေါ်မှာ account ဘယ်လောက်ပဲရှိရှိ e-mail signature တစ်ခုပဲ အသုံးပြုနိုင်တဲ့ ကန့်သတ်မှုကို iOS 6 မှာ ပယ်ဖျက်ထားပါတယ်။ Account တစ်ခုချင်းစီအတွက် e-mail signature တစ်ခုစီ သတ်မှတ်ထား နိုင်တဲ့အတွက် အသုံးပြုတဲ့အခါမှာ manage လုပ်ဖို့ မလိုတော့ပါဘူး။

Safari

Safari ကို full screen ဖြင့် အသုံးပြုခြင်း(Only for iPhone/iPod Touch)


မိုဘိုင်း Safari ကို landscape အနေအထားနဲ့အသုံးပြုတဲ့အခါမှာ full-screen mode နဲ့ အသုံးပြုနိုင်အောင် iOS 6 မှာ အထောက်အပံ့ပေးထားပါတယ်။ ၎င်း feature ကို iPhone နဲ့ iPod Touch ပေါ်မှာ အသုံးပြု နိုင်ပါတယ်။ဒါပေမယ့်လဲ iPad မှာကတော့မလိုလို့မထည့်ထားပါဘူး




Safari ပေါ်တွင် ဓာတ်ပုံများ upload ပြုလုပ်ခြင်း

အင်တာနက်အသုံးပြုနေစဉ်အတွင်း ဓာတ်ပုံ upload ပြုလုပ်နိုင်ခြင်းမရှိတဲ့အချက်ကို iOS 6 မှာ ပယ်ဖျက်ထားပါ တယ်။ Camera Roll နဲ့ Photo Stream မှ ဓာတ်ပုံများကို tap အနည်းငယ်လုပ်ရုံနဲ့ Website များထံ upload လုပ်နိုင်ပါပြီ။

iOS 6 နှင့် Privacy Settings

ဘယ် app တွေက အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုနေသလဲဆိုတာနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ပါတယ်။ အသုံးပြုသူရဲ့ calendar နဲ့ contact တွေကို အသုံးပြုခွင့်ရရန် developer များက တောင်းဆိုခြင်းကို iOS 6 မှာ Settings > Privacy ကနေ ကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။

Extras

Panorama(only for iPhone/ iPod Touch)


Apple ကုမ္ပဏီဟာ iPhone 5 ကို စတင်မိတ်ဆက်စဉ်က Panorama feature သစ်ကို ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone 4S နဲ့ iPhone 5 အသုံးပြုသူများအနေနဲ့ native camera app ကနေ Panorama ဓာတ်ပုံများကို တိုက်ရိုက် ရိုက်ကူးနိုင်ပါတယ်။ ရိုက်ကူးတဲ့အခါမှာ ရိုးရိုးရှင်းရှင်းနဲ့ ရိုက်နိုင်ပါတယ်။ Camera app ကိုဖွင့်ပြီး Options ခလုတ်ကို နှိပ်ပါ။ Panorama ခလုတ်ကိုနှိပ်ပါ။ ဖုန်းကို ဘယ်ဘက်ကနေ ညာဘက်သို့ ဖြည်းဖြည်းချင်းရွှေ့ရုံနဲ့ ရိုက်နိုင်ပါတယ်။
iPad အတွက်ကတော့မရပါဘူး


Facebook

iOS မှာ Twitter ကို ပေါင်းစပ်ထားသလိုမျိုး Facebook ပေါင်းစပ်ထည့်သွင်းမှုကိုလည်း iOS 6 မှာ တွေ့မြင်ရမှာပါ။ Notification Tray ကို ဆွဲချပြီး Facebook widget ကို tap လုပ်ကာ status update တွေကို တင်နိုင်ပါတယ်။ ဒါပေမယ့်လဲ Setting>facebook ထဲမှာ မိမိအကောင့်ကို log in လုပ်ထားဖို့လိုပါတယ်

From:  http://myanmarplay.com/

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.