PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

iPhone 5 နဲ့ Samsung Galaxy S3 ဘယ်ပာာပိုအကြမ်းခံလဲ(သိထားသမျှ)


ကျွန်တော်ဒီပို့စ်ကိုတင်တယ်ဆိုတာကတော့ မည်သူ့ကိုမှလဲထိခိုက်အောင်မရည်ရွယ်ပါဘူးသိချင်တဲ့လူတွေရှိနေလို့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်

အခုဆိုရင် Android လောကမှာနာမည်ကြီးနေတာကတော့ Samsung Galaxy S3 ပါ လူတော်တော်များများကလဲ Samsung Galaxy S3 ကိုကိုင်နေကြပါပြီဒါပေမယ့်လဲမကြာသေးမီက  iOS 6 သုံးတဲ့ iPhone 5 ထွက်လာပါပြီ iPhone 5 ထွက်လာတာကြောင့် Samsung Galaxy S3 ကိုင်ကြတဲ့လူတွေပာာစဉ်းစားကြပါလိမ့်မယ် ကျွန်တော်လဲစဉ်းစားမိပါတယ်
သူများတွေကတော့တစ်ယောက်တစ်မျိုးစီပေါ့ဗျာ Android ကြိုက်တဲ့လူကတော့ Android ကောင်းတယ်လို့ပြောကြမှာပါပဲ ပန်းသီးချစ်သူတွေကတော့ လဲ ပန်းသီးမှပန်းသီးပါပဲ အဲဒါကြောင့်ကျွန်တော်ကလဲ
ဘယ်ပာာပိုကောင်းသလဲဆိုတာလေ့လာကြည့်လိုက်ပါတယ်လက်တွေ့စမ်းသပ်ကြည့်တာမျိုးတော့မပာုတ်ပေမယ့်လဲ ကျွန်တော်သိသလောက်နဲ့လေ့လာပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်

လူတော်တော်များများက ဖုန်းအကြမ်းခံတယ်မခံဘူးဆိုတာအရေးမပါဘူးလို့ယူဆကြပါလိမ့်မယ်အမှန်တစ်ကယ်တော့ အကြမ်းခံတယ်ဆိုတာက အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ် ဘာဖြစ်လို့လဲဆိုတော့ဥပမာ-ကိုယ်က ပစည်းတစ်ခုခုကိုမကျရင်အောင်ပဲကိုင်ထားမယ်ဆိုပါတော့ ဘယ်လိုပဲကိုင်
ထားကိုင်ထားအဲဒီ ပစည်းတစ်ခုခုပာာတစ်ချိန်ချိန်တော့ကျစမြဲပါပဲ ကိုယ်ကိုင်ထားတဲ့အချိန်မျိုးမကျရင်တောင်တခြားအချိန်တွေမှာလဲကျတတ်ပါတယ်

ကျွန်တော်ရှာကြည့်သလောက်ကတော့ယှဉ်ကြည့်တဲ့အခါ Samsung Galaxy S3 က တော်တော်များများမှာရှုံးပါတယ်
iPhone 5 နှင့် Samsung Galaxy S3 တွင်အသုံးပြုသည့် သတ္တုအမျိုးအစား
iPhone 5 ကတော့ အလူမီနီယံ သတ္တုကို သုံးလိုက်ပါတယ်။ ယခင်က Stainless steel ပဲ သုံးခဲ့ရာမှာ ပြောင်းသုံးလိုက်တာ ဖြစ်ပါတယ်။ အဓိက ကတော့ အကြမ်းခံဖို့ ဖြစ်ပါတယ်။ Samsung Galaxy S3 ကတော့ ပလပ်စတစ် တစ်မျိုးဖြစ်တဲ့ ပိုလီကာဘွန်နိတ်ကို သုံးလိုက်ပါတယ်။ အဆင့် ဘယ်လောက်မြင့်တယ်ပြောပြော ပလပ်စတစ် ကာဗာကတော့ အလူမီနီ ယမ်ကြောင့်မို့ အကြမ်းမခံတာ သေချာနေပါပြီ။ သူသုံးတဲ့ ရည်ရွယ်ချက်က အကြမ်းခံ ဖို့တစ်ခုအတွက်မဟုတ်ပဲ၊ အလေးချိန်လျော့ချရန်၊ အပူချိန် လျော့ချရန် ဖြစ်ပါတယ်။
Samsung Galaxy S3 နောက်ဖုံးကာဗာမှာပူတာအရမ်းလွန်သွားရင် အမည်းကွက်ကြီးတွေဖြစ်သွားတတ်ပါတယ် အဲဒါကြောင့်ဖုန်းကိုသိပ်အကြာကြီးအားမသွင်းထားဖို့နဲ့အရမ်းမပူစေနဲ့လို့ကျွန်တော်စေတနာနဲ့အသိပေးချင်ပါတယ်
iPhone 5 နှင့် Samsung Galaxy S3 ၏အရွယ်အစား
iPhone 5 က ၄ လက်မဖုန်းဖြစ်ပါတယ်။ 123.8 x 58.6 x 7.6mm  ကိုယ်စီ အတိုင်းရှိပါတယ်။ ဒီတော့ အရွယ်အစားက ကျစ်လစ်ပြီး အောက်ကျ တဲ့အခါ ဝိတ်မျှဝေမှုက တူညီနေပါတယ်။ ပြီတော့ ကျရင်လည်း အပြားလိုက်ကျတာ ထက် ဒေါင်လိုက်ကျနိုင်ချေပိုများပါတယ်။ ဒီတော့ ထိ ရင်တောင် ဘေးထောင့်စွန်းတွေပဲ ပိုထိနိုင်မျာ ဖြစ်ပါတယ်။ ဒါကြောင့် Apple က iPhone 5 ကိုထောင့်စွန်းအနား သေသေသပ်သပ်လုပ်နေပုံကို မိတ်ဆက် ပွဲမှာ တစ်ခါတည်းပြသသွားပါတယ်။ ဒါကြောင့်တော်ရုံတန်ရုံနဲ့မှန်မကွဲနိုင်သလိုနောက်ကာဗာလဲမအက်နိုင်ပါဘူး
Samsung Galaxy S3 ကျတော့ အဲ့လိုမဟုတ်တော့ပါဘူး။ ၄.၈ လက်မ မျက်နှာပြင်၊ အတိုင်းအတာကျတော့ 136.6 mmx 70.7 mm x8.6 mm ဖြစ်ပါတယ်။ လက်တစ်ဝါးစာ ပြည့်နေမယ့် ဖုန်းဖြစ်ပါတယ်။ ဒီတော့အခန့်မသင့်ရင်အောက်ကိုလွန်ကျနိုင်ချေလဲတော်တော်လေးကိုများပါတယ်။ အောက်ကျရင် သူကျနိုင်ချေရှိတဲ့ ပုံစံက အပြားလိုက်ဖြစ် ပါတယ်။ ဒေါင်လိုက်ကျနိုင်ချေနည်းပါတယ်။ ဒီတော့ အဓိက ထိမယ့်နေရာ က ရှေ့ နဲ့ နောက်ကျောဖြစ်ပါတယ်။ ဖန်သားပြင်ကျရင်တော့ ကွဲပါမယ်။ နောက်ကျော်ဘက်ကျရင်တော့ ပလပ်စတစ်ခွံ ကွာသွားမှာ ဖြစ်ပါ တယ်။
iPhone 5 နှင့် Samsung Galaxy S3 ၏အလေးချိန်
တကယ်အကြမ်းခံမခံက အလေးချိန်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်လောက် ခံတယ်ပြောပြော အလေးချိန်များတဲ့ ပစ္စည်းက ပိုပြီးအထိနာပါတယ်။
ရူပပေဒသဘောတရားအရဆိုရင် အလေးချိန် (mass) နဲ့ ကမ္ဘာမြေဆွဲအား (g) ၊ အမြင့် (height) သုံးခုမြောက်ရင် ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။ iPhone 5 က ၁၁၂ ဂရမ်လေးပါတယ်။ ဒါတောင်မှအလူမီနီယမ် ကိုယ်ထည်ဖြစ် ပါတယ်။ ဒီတော့အတွင်းပစ္စည်းတွေ ပေါ့တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
Samsung Galaxy S3 ကတော့ ၁၃၃ ဂရမ် လေးပါတယ်။ ဒါတောင် အပြင်က ပလပ်စတစ်ကာဗာဖြစ်ပြီး အတွင်းပစ္စည်းလေးပုံရပါတယ်။ ဒီတော့ ပိုလေးတဲ့ S3 က ပိုအထိနာရခြင်း ဖြစ်ပါတယ်။
ဒီတော့ အားလုံးခြုံငုံပြီး ကိုယ့်ပါကိုယ် စိတ်ထဲကနေ ပဲဖြစ်ဖြစ်တစ်ကယ်ပဲဖြစ်ဖြစ်ပစ်ချကြည့်လို့ရပါတယ်။ iPhone 5 ကို ကိုယ့်နားကနေ ကျတယ်လို့ယူ ဆပြီး အောက်ကို ဒေါင့်စွန်းနဲ့ ထိပါမယ်၊ ဒီတော့ ဖြစ်နိုင်ချေက ဒေါင့်မှာပွန်းပဲ့သွားပါမယ်။ ကံမကောင်းရင် ဖန်သားမျက်နှာပြင်မှာ အက်ကြောင်းထင်ပါမယ်။
Samsung Galaxy S3 ချကြည့်ပါ။ အပြားလိုက်ကျပြီး ကာဗာကဖြစ်ရင် ကာဗာပြုတ်ပြီး ဖန်သားပြင်ဖြစ်ရင် အက်ကွဲရာရာပိုများပါမယ်။
ဒီတော့ သတ္တုအမျိုးအစား၊ အရွယ်အစား၊ အလေးချိန် စတဲ့ အချက်အလက် များဟာ အချိုးကျကျပေါင်းစပ်ရခြင်း ဖြစ်ပါတယ်။ အရွယ်ကြီးချင်ရင်တော့ အပျက်ခံနိုင်ဖို့ ပိုကြိုးစားရပါမယ်။ အရွယ်ငယ်ရင်တော့ အကြမ်းခံပေမယ့် Screen ကြီးကြီးလောက် အားမရပြန်ပါဘူး။ ဒါ့အပြင် အခြား နည်းပညာနှိုင်း ယှဉ်ချက်များလည်း ရှိနေပါသေး တယ်။ သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိနေပါတယ်။
Specification တစ်စုစီ နှိုင်းယှဉ်ကြည့်ရင်တော့ Samsung Galaxy S3 က သာသလို ရှိနေပါတယ်။ သို့ပေမယ့် နှစ်ခုလုံး တကယ်အသုံးပြုကြည့် ဖူးပြီးမှသာ ဘယ်ဟာကောင်းတယ်ဆိုတာ ဆုံးဖြတ်ရစမြဲဖြစ်ပါတယ်။ ဘယ်သူမှတော့ ဖုန်းတစ်လုံးကို နမော်နမဲ့နိုင်လောက်အောင် လွတ်ချမယ် လို့လည်း မထင်ပါတယ်။ဒါပေမယ့်လဲမတော်တဆလဲကျတတ်စမြဲပါပဲ
ဒီအကြမ်းခံ စမ်းသပ်ချက်ကြောင့် Samsung ပရိတ်သတ်များ စိတ်အားငယ်သွားကြမယ်ထင်ပါတယ်။ Drop Test တွေက သက်သက်ကို လွတ်ချပြီး နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါတယ်။ ဘယ်သူ မှတော့ ဖုန်းတစ်လုံကို အလကားနေရင်း မလွတ်ချတတ်ပါဘူး။ ဖော်ပြပါ အချိုးအစားမှာ စတေးလိုက်ရမှုကြောင့် Samsung Galaxy S3 က သာသွားတဲ့အချက်လေးတွေ ရှိနေပါတယ်။ ဥပမာ- ရုတ်တရက်ကြည့်လိုက်ရင်တောင် မျက်နှာပြင် ပိုကျယ်ပါတယ်။ ဒီတစ်ခုပါပဲ
သို့ပေမယ့် ဖုန်းတစ်လုံးကို နမော်နမဲ့ နိုင်စွာ ပြုတ်ကျတတ် သူမျိုးဆိုရင် iPhone 5 နဲ့ ပိုမိုသင့်တော်တယ်လို့ ယူဆရပါတယ်။ Apple နဲ့ Samsung တို့တိုက်ပွဲကြား မှာ ကျွန်တော်ကပရိတ်သတ်များသိစေရန်  သတင်းပေးရုံမျှသာ ဖြစ်ပါတယ်။ ဘယ်ဟာကောင်း တယ်ဆိုတာကတော့ ကျွန်တော်ပြောထားသလောက်ပါပဲဒါပေမယ့်လဲတစ်ကယ်ဝယ်တော့မယ်ဆိုရင်သေသေချာချာ အသုံးပြုသူတွေကိုမေးကြည့်ပြီးမှဝယ်သင့်ပါတယ် မေးကြည့်မယ်ဆိုရင်လဲ တစ်ယောက်ထဲမမေးသင့်ပါဘူး Samsung Galaxy S3 ကြိုက်တဲ့လူကတော့ Samsung Galaxy S3 မှ Samsung Galaxy S3 ပါပဲ Apple ကြိုက်သူကလဲ Apple မှ Apple ပါပဲအဲဒါကြောင့်တစ်ယောက်ထဲကိုပဲမေးပြီးမဆုံးဖြတ်သင့်ကြောင်းကျွန်တော်ပြောပြ ချင်ပါတယ်
Drop Test စမ်းထားတဲ့ video လေးကိုတော့ဒီလင့်ခ်လေးကနေသွားကြည့်လို့ရပါတယ်

ဒီမှာကြည့်ပါiPhone 5 နဲ့ Samsung Galaxy S3 တို့၏ Drop Test စမ်းသပ်ချက်
From: http://myanmarplay.com/

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.