PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

ဟားခါးတွင် (ချင်း(ဇို)မျိုးနွယ်စုများ) တွေ့ဆုံကြမည်

800px-Hakha,_Myanmar

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် Chinlung Chhuak Zofate ချင်း(ဇို)မျိုးနွယ်စုများ တွေ့ဆုံပွဲတရပ်ကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ I &PR ခန်းမတွင် Mizo Student Union (MSU) အဖွဲ့ကဦးဆောင်ပြီး အစည်းအဝေးတရပ်ကျင်းပကာ အဆိုပါ ပွဲဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေး နွေးခဲ့ကြသည်။



ရှေးယခင်နှစ်ပေါင်းများကတည်းက လူမျိုးစုတစုသာဖြစ်ခဲ့ကြသော Chin – Kuki – Mizo(Lushai) တို့သည် ဗြိတိသျှ အင်ပါယာကြောင့် အိန္ဒိယ-ဘင်္ဂလားဒေရှ့် – မြန်မာနိုင်ငံ စသည့် သုံး နိုင်ငံတွင် တသီးတခြားစီနေထိုင်ခဲ့ကြရသော် လည်း မိမိတို့သည် မျိုးနွယ်စုတခုသာဖြစ်ကြကြောင်း MSU ဥက္ကဌ ဇိုးဒင်ပွီးယာကပြောသည်။

ထို့ကြောင့် နိုင်ငံ သုံး နိုင်ငံတွင် နေထိုင်ကြရသော Chin – KuKi-Mizo(Lushai) မျိုးနွယ်စုများအကြား ပိုမိုကောင်းမွန် သော ဆက်ဆံရေး၊ စည်းလုံးညီညွတ်မှု နှင့် သမိုင်းကြောင်းအရ သွေးခြင်းညီအကိုများဖြစ်ကြောင်းကို ပိုမိုသိရှိနားလည် နိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ကြရခြင်းဖြစ်သည်ဟု ဇိုးဒင်ပွီးယာကပြောသည်။

ဇိုးဒင်ပွီးယာဦးဆောင်သော MSU ကျောင်းသားခေါင်းဆောင် ၃ ဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းက ချင်းပြည် နယ်သို့သွားရောက်ကာ ချင်းကျောင်းသား လူငယ်များ၊ ဒေသခံအာဏာပိုင်များနှင့် ပွဲတော်ဖြစ်မြောက်ရေးကိစ္စကို ဆွေး နွေးခဲ့ကြပါသည်။

ယင်းတွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီများကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်တွင် တစ်ဖွဲ့စီဖွဲ့စည်းကာ မီဇိုရမ် ပြည် နယ်ဘက်က အိန္ဒိယ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ တွင်ရှိနေကြသော ချင်း(ဇို) အနွယ်ဝင်များအားလုံး ပါဝင်လာစေရေး အတွက် တာဝန်ယူမည်ဖြစ်သည်။

စနေနေ့က ပြုလုပ်သော ယင်းအစည်းအဝေးပွဲတွင် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၊ ဂီတ နှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ literature (စာပေ) ကော်မတီ သုံးရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး ဟားခါးတွင် ပြုလုပ်မည့် တွေ့ဆုံပွဲ၏ အမည် နာမကိုလည်း Chinlung Culture Festival (သို့) Zo Culture Festival ဟု ပဏာမရွေးချယ်ထားသည်ဟု သိရသည်။

ယင်းရွေးချယ်ထားသော အမည်များကို ချင်းပြည်နယ်ဘက်မှ ပွဲဖြစ်မြောက်ရေးကော်မတီများနှင့် ပြန်လည်ဆုံတွေ့သည့် အချိန်တွင် တင်ပြကာ သင့်တော်သော အမည်ကို အသုံးပြုသွားကြမည်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် အင်အားကောင်းတဲ့ အဖွဲ့အစည်းတခုဖြစ်သည့် MSU သည် ကွဲပြားနေကြသော မျိုးနွယ်စုများ ပြန် လည်ပေါင်းစည်းရေးလုပ်ငန်းများကို အဓိက လုပ်ဆောင် သည့် အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏ ဆောင်ပုဒ်မှာ “နိုင်ငံတွေက နယ်နိမိတ်ရှိပေမယ့် လူမျိုးမှာ နယ်နိမိတ်မရှိ” ဆိုသည့် ဆောင်ပုဒ်ကို လေးလေးနက်နက်ကိုင်ဆောင်ထားကြသည်

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.