" ထလော့လင်းလော့ "
CHO: ထလော့သင်လင်းလော့ သင်၏အလင်းရောက်လာပြီ
ထာဝရဘုရား၏ဘုန်းတော်သည် သင့်ပေါ်မှာပေါ်ထွန်းလျှက်နေသည်
ထူထပ်သောမှောင်မိုက်သည် မြေကြီးဖုံးလွှမ်းသော်လည်း
သင့်ပေါ်မှာဘုန်းတော်ထင်ရှားလိမ့်မည်
V:1 စိတ်ပျက်အားငယ်နေ လောကကြီးကို လက်မြောက်နေချိန်
ချိုသာလှသော အားပေးစကားကြားနေတယ်
လောကကြီးကိုမေ့ပါ ခေါင်းမော့ကြည့်ပါအထက်ဆီ
မမှီနိုင်သောအရာများကိုဖော်ပြလိမ့်မည်
V:2 ဘဝပေးတဲ့လှေငယ် ကမ်းစပ်ရောက်အောင်အားထုတ်နေချိန်
ပင်လယ်လှိုင်းထဲကူးဖြတ်သွားတဲ့အချိန်ဝယ် လှိုင်းတံပိုးများရဲ့ကြားမှာ
အားကိုးမယ့်သူမရှိရင် ကယ်တင်ရှင်ယေရှုကိုသာ စိတ်ချစရာ
{ CHO , SOLO }
V:3 မာန်နတ်ချိန်းခြောက်လွန်ကဲ့ ကြောက်မက်ဘေးရန်ဆီးတားနေချိန်
ပူပင်သောက ဒုက္ခများတဲ့အချိန်ဝယ် လောကအိပ်ယာထဲမှာ
သောကအိပ်မက်ဆိုးတွေ အာရုံဦးနိုးထချိန်မှာပျောက်သွားရှာ
{ CHO , CHO }
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်