ကရင်မြန်မာ၊မွန်မြန်မာတဲ့
လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ
မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုေ
ဒါက သူတို့အ ကြောင်းနဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။
အခုလက်ရှိအခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေ မယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေ
ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲ မှာ သတ်သတ် မှတ် မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသ ခံ မွန်အမျိုးသားတွေက မွန် လူ မျိုးအဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဘူးလို့ ငြင်းတယ် လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေပြန်တော့ ပြင်မပေး နိုင်ဘူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အ တင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေ မှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေ မယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာ သာဖြစ် တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရားတဲ့လုပ် ရပ်လို့ ဝေဖန်ရမှာပဲ။
တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထ
အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်း ပြည်တွေက နိုင်ငံ သားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါ တယ်ဘယ်ဘာသာကိုကိုးကွယ်တယ်ဆိုတာမ
ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြော က်ပိုင်း မှာ ပျံ့နှံ့ နေထိုင် တဲ့ ကူ ကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှို ချင်း အမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ် စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်ကသတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက် က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိ အားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်း လို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရ ပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ် ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူ က တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီး ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။
လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်လာ တဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ ရဲ လူမျိုး အမည် နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ် ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုး သားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ်လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။
နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင် ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်းမပြုဘဲ တိုင်းရင်း သားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက် နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာ ရှင်များက တိဘက်မြန် မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ပါတယ်။ တိဘက်နဲ့ မြန်မာဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဘူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ပြောလာရင် မြန်မာတွေလက်ခံ မှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဘူးဆိုရင် သူများ ကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။
ဇော်မင်း
၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်