PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®
Showing posts with label download. Show all posts
Showing posts with label download. Show all posts

Facebook Messenger 4.5

Facebook Messenger
•••• 4.5


Whatever your take on the social network of record, its messaging app is without equal.
You don't need a phone number to use 
Facebook Messenger, and you can use it on any
device without the need for your phone to be present as it must with WhatsApp.
It works on every platform, unlike iMessage.
It also has many cool features, like audio calling and video chatting
with AR masks, stickers, and mobile payments.
You can even play games through it with your contacts.

Oh, and all of that's free.




Facebook Messenger
•••• 4.5
MSRP Free
$0.00


Microsoft Office Professional Plus 2010 x64 Bit Download


Download Microsoft Office description:
Microsoft Office 2010 gives you powerful new tools to express your ideas, solve problems, and connect with people. Office 2010 lets you work how, when, and where you want, letting you get things from a PC, the Web, and even a smartphone.

ဒီနေ့ Desktop ပေါ် မှာ နင်းလေးတွေ.. ဒါမှ မဟုတ် ပန်းလေးတွေ ကျတဲ့ ဆော့ဝဲလ် တင်ပေးပါ့မယ်


ဒီနေ့ Desktop ပေါ် မှာ နင်းလေးတွေ.. ဒါမှ မဟုတ် ပန်းလေးတွေ ကျတဲ့ ဆော့ဝဲလ် တင်ပေးပါ့မယ်.. )

အရမ်းမိုက်တယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ.. ဟဲဟဲ ဒါပေမယ့် လှလှလေး လုပ်ချင်တဲ့လူတွေ အတွက်တော့

မိုက်တာပေ့ါ.. :D

ဘာပဲ ဖြစ်ဖြစ်ပါ.. အပိုတွေ ပြောမနေတော့ပါဘူး သိချင်တဲ့လူတွေ အောက်မှာ ဒေါင်း နိုင်ပါတယ်..
DesktopSnowOK.exe DesktopSnowOK.exe,


Blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်း

Blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်း

1) blogger.com တွင် Login ဝင်ပါ။

2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။

3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\


4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)

5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။

6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် "SAVE CHANGES" ကို နှိပ်ပါ။

နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။

အသေးစိပ်လေ့လာလိုပါက ကိုဝဏ္ဏကို ရေးသားထားတဲ့ Blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်းကို လေ့လာကြည့်ပါ။

http://kowunnako.blogspot.com/


How to Add Google Webmaster Tools to Your Blogger Blog

သင့် sites ဆီကိုလာရောက်လည်ပတ်ကြည့်ရှု့ကြသူများအပေါ်မှာ သင့်လုပ်ဆောင်မှု project ကို အသိအမှတ် ပြုနိုင်ရေးသည်သာ အဓိကလိုရင်းပန်းတိုင် တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် စျေးကွက်ကို ပြောင်းလဲဖို့ရန်အတွက် ကျွနု်ပ်တို့ websites များရဲ့ တိုးတက်ဖြစ်ထွန်းမှု လမ်းကြောင်းကိုလိုက်ဖို့ လိုအပ်လာပါတယ်။ Site အားလုံးအတွက် အကြိုက်နှစ်သက်ဆုံး Tools တစ်ခုမှာ Google Webmaster Tools တစ်ခုဖြစ်ပါတယ်။ ပြုလုပ်ပုံမှာ လွယ်ကူပြီး Blogger အတွက်သာမက Website များအတွက်ပါ အသုံးချနိုင်ပါသေးတယ်။ Tracking လုပ်ရန်လိုအပ်ချက်အရ သင့် site အတွင်းသို့ Google Tools လေးကို ပေါင်းထည့်ပေးရပါမယ်။ ဒါမှလည်း Google မှာ ရှာဖွေတဲ့အခါမှာ ကျွနု်ပ်တို့ ရေးတင်ထားသော အချို့သော သတင်းအချက်အလက်များကို တိုက်ရိုက်အသေးစိပ် မြင်နိုင်မှာ ဖြစ်ပါတယ်။


ပထမဦးစွာ မစတင်မှီ သင့် Blogger Template (သို့) Website ကို Backup လုပ်ထားပါ။ ထို့နောက်

Code:
http://www.google.com/webmasters/tools/


ဟူ၍ သွားပါ။ အကယ်၍ Google account အတွင်း သင် sign in လုပ်ထားပါက ပုံတွင် ပြထားတဲ့အတိုင်း Continue ကိုသာ click နှိပ်လိုက်ပါ။


ယခုဆိုရင် သင့် site အကြောင်းကို Google သို့ ပြောရန်အတွက် လိုအပ်ပါတယ်။ ပထမဦးစွာ သင့် blog ရဲ့ URL ကို အောက်တွင်ရှိသော ပုံစံအတွင်း ရိုက်ထည့်လိုက်ပါ။ ထို့နောက် Next ကို Click သာ နှိပ်လိုက်ပါ။


ထပ်မံပြီး ကျွနု်ပ်တို့ site ကို Verify လုပ်ရန်အတွက် "Verify Your Site" အပေါ်မှာ Click တစ်ချက်နှိပ်ပါ။




"Choose Verification Method" ကို ပြောင်းလဲရန်အတွက် "Add a Meta tag." ပေါ်မှာ click နှိပ်ပါ။
ထိုအခါ သင့် blog အတွင်းသို့ ပြောင်းလဲထည့်သွင်းရန်လိုအပ်တဲ့ Meta tag ကို မြင်တွေ့ရမှာပါ။ အောက်ဘက် နမူနာတွင် ကြည့်ပါ။



(1) ထို့နောက် blogger.com ကို ဖွင့်လိုက်ပါ။



Code:
http://www.blogger.com/
(2) Sign-in ပြုလုပ်ပြီး blogs Control panel သို့ သွားပါ။
(3) ထို့နောက် Template ပေါ်တွင် Click တစ်ချက်နှိပ်ပါ။
(4) ထပ်မံပြီး "Edit HTML" ပေါ်တွင် ပုံတွင်ပြထားသကဲ့သို့ Click နှိပ်လိုက်ပါ။


Verification code ကို Blogger အတွင်းရှိ "Edit HTML" အပိုင်းတွင် ထားရမည်ဖြစ်ပါသည်။ ထို့ကြောင့်-
(1) သင့် Template အတွင်း head ဟူသော tag ကို ပုံတွင်ပြထားသကဲ့သို့ ရှာဖွေလိုက်ပါ။
(2) ထို့နောက် သင် Webmaster Tools အတွင်းမှ ကူးယူလာသော code ကို head tag ရဲ့ အောက်မှာ ထည့်ပါ။
(3) စာမျက်နှာအောက်ဆုံးသို့ Buttom ကို Scroll လုပ်ပြီးနောက် "Save Template" ပေါ်တွင် Click နှိပ်ပါ။


Verification code ကို သေချာစွာထည့်ထားပြီးနောက် Save လုပ်ပြီးသော် Verification Process ပြည့်စုံ သွားပါပြီ။ ပြီးသော် Webmaster Tools window ဆီသို့ ပြန်သွားပြီး Verify ပေါ်တွင် Click တစ်ချက်နှိပ်ပါ။


Congratulations!
ယခုဆိုရင် သင့် site မှာ Google Webmaster Tools ကို အသုံးပြုထားနိုင်ပြီ ဖြစ်သည်။

Ref: post of xnyash

How to add a falling Snow Effect to blogspot

Blog စာမျက်နှာပေါ်တွင် နှင်းပွင့်ကလေးများ ကျဆင်းနေသည့် Effect လေးတစ်ခုကို ပြုလုပ်လိုပါသလား။ လူတိုင်း ပြုလုပ်နိုင်ပြီး လွယ်ကူမှုလည်း ရှိပါတယ်။ ပြုလုပ်ရန်မှာ-

(၁) အောက်ဖော်ပြပါ java code များအား Copy ကူးယူလိုက်ပါ။


<script src="http://snow-effect.googlecode.com/files/snow.js" type="text/javascript">

/***********************************************
* Snow Effect without images-by Kurt Grigg at
http://www.btinternet.com/~kurt.grigg/javascript
* Script featured & available at Dynamic Drive at
http://www.dynamicdrive.com/
* Please keep this notice intact
***********************************************/

</script>


(၂) ထို့နောက် Layout သို့သွားပါ။(၃) Add Gadget ကို Click နှိပ်ပြီး ရွေးချယ်လိုက်ပါ။
(၄) ပြီးတော့ HTML(or)JavaScript ကို ရွေးချယ်ပြီး Paste လုပ်ပေးပြီး Save လုပ်ပေးလိုက်ခြင်းအားဖြင့် သင်လိုချင်သော ဆောင်းရာသီကို ပြန်ရောက်ပါပြီ။
Ref: http://interestingwebs.blogspot.com

Zawgyi Keyboard Installer for Windows 7 (64-bit)


Active Password Changer Pro 3.5


ဒီ Program လေးကတော့ အကြောင်းအရာ တစ်ခုခုကြောင့် မိမိစက်တွင် ပေးထားသော Log on Password များ မေ့လျော့သွားခြင်း၊ အခြားသူ တစ်ရှိဦးတစ်ယောက်က လိုက်လံ၍ Password များ ပေးထားခြင်းများ ဖြစ်တတ် ပါသည်။
 

Data Storage သမိုင်းကြောင်း

Data Storage သမိုင်းကြောင်း
1. Data Storage ၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။
အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။ 

၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ ့ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။ ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ စျေးလည်း သက်သာလာတယ်။ IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ဝင်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။ ၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။ IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ 

Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ စျေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။ ၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ စျေးသက်သက်သာသာ၊ disk-drive တွေကလည်း စျေးကွက်မှာ ဝယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။ ၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ 

နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။ ၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။ နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ ့သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။ ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုစျေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ 

လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ ့နေကြတာ မဟုတ်လား။ အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ ့ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။ လူ့ဦးနှောက်မှာ မှတ်ဉာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ 

နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ ့ရတယ်။ ၂၀၁၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ ့pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။ ၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ ၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဉာဏ်မျိုးကို ရလာလိမ့်မယ်။ ၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။ ၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ ့ သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေ က သိမ်းဆည်းနိုင်လိမ့်မယ်။ 

အင်တာနက် သုံးစွဲသူပေါင်း ၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။ ဖွံ ့ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် စျေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ဝယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ 

Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ ့ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်း ဖွံ ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်မိပါတယ်။ 

Ref: http://www.sizes.com/people/brain.htm http://www.physorg.com/news143893844.html http://www.zdnet.co.uk/news/desktop-hareware/ http://www.guardian.co.uk/business/2009/may/ http://www.networkworld.com/news/ Computer Magazine (No.48, April 2011 ) မှ ရေးသားချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

Ecodsoft Keylogger 2.1သင့်ကွန်ပျူတာကို တစ်စုံတစ်ဦးက အသုံးပြုထားသည့် မှတ်တမ်း များအားလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ပေသည်။


Ecodsoft Keylogger ဟာ သင့်မရှိသည့်အခိုက် သင့်ကွန်ပျူတာကို တစ်စုံတစ်ဦးက အသုံးပြုထားသည့် မှတ်တမ်း များအားလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ပေသည်။

 
♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.