PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

ဆလိုင်း တင်မောင်ဦး၏ ၃၆နှစ်မြောက် အထိမ်းအမှတ် ကျင်းပမည်



ဟွဏ်းဘီးလ်။    ။ ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ကျင်းပပြုလုပ်ရန် စီစဉ်နေသည်။

ယင်းအထိမ်းအမှတ် အခန်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် Chin Community Network (CCN), Chin Human Rights Organization (CHRO) နှင့် Chin Student Union (CSU) တာဝန်ရှိသူများ အကြိုတွေ့ ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ချင်းကျောင်းသားများ သမ္မဂ တာဝန်ရှိသူ ဆလိုင်း နီလျန်ဆန်းက” ဒီအခန်းအနားကို ကျင်းပနိုင်ဖို့  အစီအစဉ်တွေ လုပ်နေတုံးပဲရှိသေးတယ်။ အခန်းအနားဖြစ်မြောက်နိုင်ဖို့  သက်ဆိုင်ရာ မျိုးနွယ်စု ကွန်မြူနီတီများထံ အကူအညီတွေတောင်းနေပါတယ်” ဟုဆိုသည်။

ဆလိုင်းနီလျန်ဆန်းက ဤကဲ့သို့ အခန်းအနားကျင်းပရခြင်းအားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် စစ်အစိုးရက ပထမဦးဆုံးကြိုးပေးခံခဲ့သည့် ဆလိုင်း တင်မောင်ဦး အကြောင်းကို ယခုခေတ်သစ် လူငယ်များက ပိုမိုနားလည်သိရှိလာမည်ဖြစ်ကြောင်း ခိုနူမ်းထုန်သတင်းဌာနကို ပြောပြသည်။

အခန်းအနားတွင် ဆလိုင်းတင်မောင်ဦး၏ ကိုယ်ရေး ရာဇ၀င်အကျဉ်းနှင့် မြန်မာနိုင်ငံရေးတွင် လှုပ်ရှားခဲ့သည့် အခြေအနေများကို တက်ရောက်သူပရိတ်သတ်က ဆွေးနွေးခြင်း၊ ဟောပြောခြင်း များပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

“တခြားနေရာတွေမှာတော့ ဒီအခန်းအနား ကျင်းပမည်ဆိုတာ မကြားသေးဘူး။ တကယ်တော့ ဒါ ကျတော်တို့  ချင်းလူမျိုးတွေက လုပ်ရင်အကောင်းဆုံးပေါ့။ အရင်တုံးကလည်း လုပ်ဖူးခဲ့တယ်လေ” ဟုဆလိုင်း နီလျန်ဆန်း ကဆိုသည်။

ဆလိုင်း တင်မောင်ဦးသည် ကြိုးစင်ပေါ် တက်ခါနီး ရန်သူ့  (စစ်အစိုးရ) ရှေ့ မှောက်တွင် “မင်းတို့ စစ် ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟုသတ္တိရှိရှိပြောကြားပြီး အသတ်ခံခဲ့သည့် ပထမဦးဆုံး ကျောင်း သားခေါင်းဆောင်တဦးဖြစ်သည်။

၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့တွင် အင်းစင်ထောင်တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။

သူကွယ်လွန်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ၂၀၁၁ခုနှစ်တွင် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနှင့် ကနေဒါနိုင်ငံတွင်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြ သည်။
Ref: KNG

1 comment:

  1. တင်မောင်ဦးက ပြည်သူလူထုအတွင်းအကြမ်းဖက်ဖောက်ခွဲမှု့ များ
    ပြု လုပ်ရန် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့လှိုင်မြို့နယ် စက်မှု့အိမ်ရာဝင်းအတွင်း ကြံစည်နေစဉ်
    ဖောက်ခွဲရေးပစ္စည်းများနှင့်တကွ လက်နက်များပါဖမ်ဆီးမိတဲ့
    အကြမ်းဖက်သမားပါ။ အကယ်၍ အရှင်မဖမ်းမိပါက..
    အပြစ်မဲ့ မိဘပြည်သူများ..အစုလိုက်အပြုံ လိုက်သေကြေကြရမှာပါ။
    ချင်းနှင့်ကုလားကပေါက်ဖွားလာတဲ့မိစ္ဆာ ကောင်သက်သက်ဖြစ်ပါတယ်။
    သမိုင်းအမှန်ကို ချင်းတွေကဝိုင်းလိမ်ကြတာအထောက်အထားရှိပါတယ်။

    ReplyDelete

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.